ဆယ်လီဖြစ်ဖို့
lotaya.mpt.com.mm
|
2020-05-09

တစ်ခါတုန်းက ရွာတစ်ရွာမှာ နန့်သီရိ ဆိုတဲ့ ခလေးမလေးတစ်ယောက်ရှိလေ၏။ တစ်ရွာလုံးကတော့ သူ့ကို ချစ်စနိုးလေးနဲ့ နန့်စိန်မ လို့ ခေါ်ကြသည်။ အဲဒီကောင်မလေးက ခုဆိုရင် အပျိုကြီးဖားဖားဖြစ်လို့အလှကြီးလှနေတယ် ဆိုပါတော့။ သူ့မှာ ဘာအလုပ်အကိုင်မှမရှိဘူး အားနေရင် ရွာပေါက်စေ့ အတင်းလိုက်တုပ်သန်းရှာ ကြိုးခုန် ဖုန်ထ မိဘဒုက္ခပေး အပေါင်းအသင်းတွေနဲ့ ဝေးလေးဝါးလား အရေမရအဖတ်အရ ပေါက်ကရအကုန်လုပ် မိန်းကလေးတစ်ယောက်လို့ဆိုရမည်။ ဒီလိုနဲ့ တစ်ရက်မှာ သူတို့ရွာ မှာ တစ်နှစ်တစ်ခါကျင်းပနေကြဖြစ်တဲ့ ဘုရားပွဲအချိန်ရောက်ရှိလာခဲ့လေသည်။ ဘုရားပွဲမှာ စတိတ်ရှိုးထည့်ပီးကျင်းပဖို့ ရွာလူကြီးတွေက စီစဉ်လိုက်ပြီး မြို့ပေါ်တက် အဆိုတော်တွေငှားကြ ရမ်းကြနဲ့ အလုပ်တွေရှုပ်နေတာပေါ့။ အဲဒီအချိန် နန့်စိန်မ တစ်ယောက် အကြံထုတ်နေကာ တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းတွေဆီ ထွက်လာခဲ့လေတော့သည်။



“ဟဲ့ . .မိစိန်တို့ . .ဂွပြဲမတို့ . .လာကြ လာကြ”



“ဟဲ့ နန့်သီရိ ဘာအရေးကြီးလို့လဲ ဒီမှာ ထမင်းအိုး တစ်ဖက်နဲ့အေ့”



ထိုသို့ ပြန်ပြောလိုက်သူက မိစိန်။ ထိုအချိန် ဂွပြဲမကလည်းရောက်လာသည်။



“ ငါတို့ ဆယ်လီ ဖြစ်ခွင့်ရဖို့ တိုင်ပင်မလို့ “

“ဟင် . .ဆယ်လီဗျစ်တီဆိုတာဘာလဲ”



ထိုသို့မေးလိုက်သူက ဂွပြဲမ . . မိစိန် ကတော့ သူသိတယ်ဆိုတဲ့ အထာနဲ့ နန့်သီရိကို ပခုံးတွန့်ပြသည်။ နန့်သီရိကလည်း ဂွပြဲမအား အ ရန်ကော ဟူသော အကြည့်ဖြင့်



“ဆယ်လီ ဆို တာ ဘီကနီ ဝတ်စုံနဲ့လေဟာ”



ဂွပြဲမ က အူတူတူအတတမျက်နှာပေးဖြင့်



“ဘီကနီ ဆိုတာ ဘာလဲဟင်”



ကြားထဲက မိစိန် က စိတ်မရှည်တော့

“သိရင်မှတ်ထား ဘီကနီဆိုတာ ဒီမိုကေရစီကို ပြောတာဟဲ့”



မိစိန်ပြောမှ ပိုဆိုးသွားသည်။ ဂွပြဲမကား ပြူးလက်စမျက်လုံးထက်သုံးဆလောက် ပိုပြူးထွက်သွားသည်။ အမှန်တော့ နန့်သီရိရော မိစိန်ရော ရေရေရာရာဘာမှမသိ သူတို့လဲ ရမ်းတုတ်နေခြင်းဖြစ်သည်။ထိုအချိန် သူတို့၏ ဂိုဏ်းချုပ်ရောက်လာသည်။ သူက မိဂျမ်း။ သူတို့လေးယောက်သည် တစ်ရွာလုံး၏ အော်ကြောလန်ဖြစ်ပေသည်။ မိဂျမ်းသည် စကပ်အတိုဝတ်၍ ခုံဖိနပ်ကို ဟန်ပါပါစီး ကာ ဆရာကြီးလေသံဖြင့်



“ဟဲ့ . .ဘာဖြစ်နေကြတာလဲ”



“ ဒီမှာလေ . .ဂွပြဲမပေါ့ ဆယ်လီ ဆိုတာကို မသိဘူးတဲ့”



“အော် . .ဆယ်လီ ဆိုတာ ပွင့်လင်းမြင်သာမှု ရှိတဲ့ လူအချို့ကိုပြောတာအေ့”



ထိုအချိန် ဂွပြဲမ က အားရဝမ်းသာဖြင့်



“သိပြီ သိပြီ အဲဒါ သင်ဇာဝင့်ကျော်ကို ပြောတာမလား”


“အေးပေါ့”
“အော်”

“ဒီအကြောင်းတွေက ဒီမှာ ဆွေးနွေးလို့မကောင်းဘူး လာကြ ထန်းတောထဲ ဒိုးမယ်”



ထန်းရည်ဆိုင်ပိုင်ရှင်သည် ဒီနေ့ ဘုရားမရှိခိုးထားမိလားမသိ ။ အော့ကြောလန်လေးယောက်ကို မြင်လိုက်တော့



“မိန်းမရေ . . သမ္ဗုဒေသာ သက်စေ့ရွတ်ထားပေတော့”
ဤသို့ဤနှယ် နန့်သီရိ တို့အား ကြောက်ကြလေသည်။



“ထန်းရည် သုံးအိုး ကြွက်ကြော် နှစ်ပွဲနဲ့. ဆေးပေါ့လိပ်တစ်ပွဲချပေး”



သို့နှင့် လေးယောက်သား ခွက်ချင်းတိုက်ကာ



“ကဲ . .ဆွေးနွေးပွဲ စတင်ဖွင့်လှစ်လိုက်ပါပီ ချီးယား”



ပြောပြောဆိုဆို နန့်သီရိသည် ခွက်ကိုမြောက်ကာ သောက်အံ့ဆဲဆဲ



“ဖလူးစ် ဖလူး . .ထွီ . . “



ထန်းရည်တွေက ဂွပြဲမ မျကိနှာပေါ် တက်စင်သွားသည်။



“ဟင် . .ဘာဖြစ်တာလဲ မိဂျမ်း”



“ဟွန့် . .နင် ဓာတ်ပုံရိုက်တယ်”



“ငင် တစ်ရွာလုံးပေါင်းလို့တောင် ကင်မရာ တစ်လုံးမရှိတာ ဘယ်က ဓာတ်ပုံရိုက်ရမှာလဲအေ့”
မိဂျမ်းသည် စကပ်အတိုဝတ်လာပီး တပလ္လင်ချိတ်ထိုင်နေခြင်းဖြစ်သည်။ ထိုအချိန် မိစိန်က



“အေးဟယ် . .နင့် ကင်မရာက မီး လဲမပါဘူး”



ထိုတော့မှ မိဂျမ်းလည်း ကိုယ့်အောက်ကိုယ်ငုံ့ကြည့်ကာ



“အွန်း သေနာမတွေ ဒါလှောင်စရာလား”



မိဂျမ်းလည်း ရှက်ကိုးရှက်ကန်းဖြင့် တင်ပလွှဲလေး ပြင်ထိုင်လိုက်သည်။ နန့်သီရိက ဦးဆောင်ပီး စ ပြောသည်။



“ဒီစတိတ်ရှိုးမှာ မော်ဒယ် ရှိုးပါ ထည့်မယ်ပြောသံကြားတယ်”

“ဒါဆို ငါတို့က မော်ဒယ်ရှိုးဝင်လျှောက်ရမှာလား”



“ဟဲ့ . .မဖြစ်ဘူးထင်တယ်နော် . .တစ်ရွာလုံးက ငါတို့ကို ကြည့်ရတာမဟုတ်ဘူး”



မိဂျမ်း က ကြွက်ရိုးလေးကိုက်ရင်း



“ဒါဟာ . .အခွင့်အရေးအကောင်းတစ်ခုပဲ ငါတိုရဲ့ အလှအပတွေကို ကမ္ဘာကို ချပြခွင့်ရဖို့ ဒါဟာ ပထဆုံးခြေလှမ်းပဲ”



ဂှပွဲမ က



“ဟိုလေ . .ငါမပါပါရစေနဲ့လား . .ကိုသာအေးက ကြိုက်မှာ မဟုတ်ဘူး”



“ အဲဒါဆိုလဲ နင်ဒီရွာမှာပဲ ကောက်ရိုးထမ်း နွားချီးကြုံးပီး နေခဲ့လေ”



ဂွပြဲမ က  မျက်နှာငယ်လေးဖြင့် နန့်သီရိအား လှမ်းကြည့်လိုက်သည်။ ထိုအချိန် မိစိန် သည် သူတို့စကားဝိုင်းအား စိတ်မဝင်စား ထန်းရေလဲ မသောက် တစ်ယောက်ထဲ တွန့်လိမ်နေသည်။



“ဟဲ့ . .ဘာဖြစ်နေတာလဲ”



“ဟို . .ဟို . .လေ”



“ဘာဖြစ်တာလဲ . .ဆို . .”



“မျှော့ …မျှော့ .”



ကျန်တဲ့သုံးယောက် ထခုန်သွားသည်။ မိဂျမ်း က ခြေထောက်လေးနှစ်ဖက်စိကာ



“နင် . .နင် . .မနောက်နဲ့နော် . .ဘယ်မှာလဲမျှော့ . .”



သူကပိုကြောက်မှာပေါ့ ဝတ်လာတာ စကပ်အတိုဆိုတော့လေ။ မိစိန် က ငိုမဲ့မဲ့မျက်နှာဖြင့်



“ဟင့် . . .မျှော့ . .က . .စည်းကျော်နေပီ .”



“ဟင် . .ဟို . .ဟို . .နေရာလား .”



“အေး . .အဲနားရောက်တော့မယ် .ငါ .ငါ့ကို မြန်မြန်ကူကြပါဦး”



“တံထွေးစွတ်ပီး လက်နဲ့ ဆွဲထုတ်လိုက်လေ”



` မရဘူး . .ဟ . . ဟီး . .ဟီး . .ငါ ကြောက်တယ်”



ထိုအချိန် နန့်သီရိ မှ လှစ်ခနဲပြေးထွက်သွားသည်။ ပြန်လာတော့ လက်ထဲမှာ ကောက်ရိုးတွေ တပွေ့တပိုက်ဖြင့်



“ကဲ . .မိစိန် လာ . .ဒီကောက်ရိုးပုံပေါ်မှာ ကားယားခွလိုက်”



“ငင် ဘာ . .ဘာ .လုပ်မို့လဲဟင်”



“ မီးမြိုက်မယ်လေ”



“ငင် . .ဘာကို မြိုက်မှာလဲ”



“မျှော့ .ကိုလေ . .ဘာမှမပူနဲ့ .ငါ့ဘကြီးတုန်းကလဲ အဲလိုပဲ မီးမြိုက်လိုက်လို့ အဆင်ပြေသွားတာ”



မိစိန်လည်း မထူးတော့ပါဘူးဟုတွေးကာ ကောက်ရိုးပုံပေါ်ကားယားခွလိုက်လေသည်။ ကောက်ရိုးမီးကလဲ ဟုန်းကနဲ . . .မိစိန် ခမျာလဲ လူစင်စစ်က မီးပုံပျံသဖွယ်ဖြစ်နေလေသည်။ ထိုအချိန် ဂွပြဲမ က



“ဟင် . .ညော်နံ့ရဒယ်”

“အေး ဟ မျှော့ကိုလောင်ပြီထင်တယ်”



“ဆံပင်ညော်နံ့လို ပုံစံမျိုးဟ . “



“ဟဲ့ .မိစိန် နင့်ဆံပင်လောင်နေတာ . .လား .”



မိစိန် မျက်စိမျက်နှာပျက်ကာ



“မီးမြန်မြန်ငြိမ်းပါတော့ . .ဒီမှာ .လောင်ကုန်ပီ “



“ငင် . .ဘာဒေလောင်ကုန်တာလား”



“ . .ထမိန် . .ထမိန် . .ထမိန်ကို မီးစွဲပီ”



“လုပ်ကြပါအုံး . .လုပ်ကြပါအုံး . .ရေ . .ရေ . .မြန်မြန်ရှာပါဟ”



မိဂျမ်းလည်း မနေသာတော့ ။ တွေ့ရာရေပုံးဆွဲကာ ကန်ထဲရေသွားခပ်လေသည်။ နန့်သီရိကလည်း နောက်ထပ်ရေပုံးတစ်ပုံးဆွဲကာ မိဂျမ်းနောက် လိုက်ခဲ့လေသည်။ ကန်ရေက နွေဦးပေါက်ကာနီးမို့ အနည်းငယ်ကျနေသည်။ မိဂျမ်း က ရေကို လှမ်းအခပ်မှာ ခါးကအနည်းငယ်ကိုင်းသွားသည်။



“ဟင် . .မိဂျမ်း . .နင်ဓာတ်ပုံရိုက်ပြန်ပီ ဒီတစ်ခါ နောက်ပြန်ကြီး . .ဟွန့် .”



“ဟွန် မသာမရယ် . .ဒါပဲ လိုက်ကြည့်နေတယ် . .ဒီမှာ အသက်က ပိုအရေးကြီးတယ် “



ခုံဖိနပ်ကြောင့် တစ်လမ်းလုံး တဂွပ်ဂွပ်နှင့် မိဂျမ်း မှာ ရေပုံးလေး မ ကာ ကားတားကားတားဖြင့် ပြေးထွက်သွားသည်။ ထိုအချိန် ကျန်ခဲ့သော မိစိန်မှာ သွေးရူးသွေးတန်းဖြင့် ပတ်ပြေးနေလေသည်။ ဂွပြဲမမှာလည်း ဘာမှမလုပ်တတ်မကိုင်တတ် ပြောမိပြောရာလျှောက်ပြောနေလေ၏။



“ထမိန်ချွတ်ချလိုက်ပါလား”



“ ဒါမှမဟုတ် ရေကန်ထဲ သွားခုန်ချလိုက်ပါလား”



ထိုအချိန်မိဂျမ်းမှာ အရေးထဲအရာပေါ်နေလေသည်။ လမ်း၌ ခလုတ်တိုက်ကာ ဟတ်ထိုးလဲပီး တိုနှံ့နှံ့စကပ်သည် ထက်ခြမ်းပြဲသွားလေသည်။ နောက်ဆုံး မိဂျမ်းခမျာ ကြံရာမရတဲ့ အဆုံး ရေပုံးလေးကာ ကာ ခုန်ဆွခုန်ဆွနှင့် ဆက်ပြေးလေသည်။ နန့်သီရိ လည်း ဒားနဲ့ပါးနဲ့ ရေဆွဲလာခဲ့သော်လည်း ရေပုံးမှာ အပေါက်ကြီး ဖြစ်နေတော့ ရေကပါမလာပေ။



“ဒား. .ပူနေပြီ . .ရေမလာသေးဘူးလား”



သူတို့လေးယောက်၌ အူတူတူအတတ ဂွပြဲမကား  ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည် ။ မီးလောင်နေသော မိစိန်အား လက်ကို အတင်းဆွဲကာ မလှမ်းမကမ်းမှာရှိတဲ့ နွားချီးပုံကန်ထဲသို့ တစ်ရှိန်ထိုးပြေးထွက်ခဲ့ကာ .



“ဟိုင်းယား . . .”



“ ဗွက် . . .ဘိုင်း . .”



မီးကငြိမ်းသွားသည် ။ သို့သော် နွားချီးပုံကန်ထဲ၌ ဂွပြဲမသည် ခေါင်းစိုက်နေကာ မိစိန် ခမျာမလဲ မတ်တတ်မရပ်ရဲ ။ ထမိန်တစ်ကွင်းလုံး နွားချီးပုံကန်ထဲ၌ ပျောက်ဆုံးသွားပီလေ။ ထိုအချိန် ခုန်ဆွခုန်ဆွနှင့် ပြေးလာသော မိဂျမ်းအား တဲဘေးမှာအိပ်နေသော ခွေးသည်မျက်စိနောက်သွား၍ထင်သည်။ လိုက်ဆွဲလေသည် ။ မိဂျမ်းလည်း ခုံဖိနပ်ကို ချွတ်ကာ ရေပုံးလေးတစ်ဖက်က ကာလို့ ပတ်ပြေးနေချိန်
“ ဟဲ့ . မိဂျမ်း .ဒီထဲကို ခုန်ချလိုက် “



မိဂျမ်းလည်း ဘာမှစဉ်းစားမနေတော့



“ဟိုင်းယား . . .”
ဗွက် . .
သုံးယောက်စလုံးနွားချေးပုံကန်ထဲရောက်နေချိန် နန့်သီရိ တစ်ယောက်ထဲ ရေပုံးတစ်ပုံးနှင့် တိုင်ပတ်နေဆဲ။ နောက်ဆုံး စိတ်ပျက်လက်ပျက်နှင့် ပြန်လာခဲ့ချိန်မှာ



“ဟင် . . .တစ်ယောက်မှမရှိတော့ပါလား”



ဟိုဟိုဒီဒီ လိုက်ရှာမိတော့ နွားချီးပုံထဲ၌ မျက်နှာငယ်လေးတွေနှင့် သုံးယောက်သား နွားချီးတွေပေကျံလို့ နန့်သီရိ ရယ်ချင်သွားသည်။



“ဟား . .ဟား . . .ဘယ်လိုဖြစ်တာတုန်းဟ”



သို့သော် နန့်သီရိ အပျော်ကြာကြာမခံလိုက်။



“ဟဲ့ နန့်သီရိ နောက်မှာ နင့်အမေ တုတ်ကြီးနဲ့ နင့်ကိုရိုက်ဖို့လာနေပြီ”



“ ဟင် . . .”



“ဟိုင်းယား . .”



ဗွက် . . .

.သို့နှင့် လေးယောက်သား နွားချီးပုံထဲ၌ စကားလက်ဆုံကြနေလေတော့သည်။



“ဟဲ့ . .မီးလောင်တုန်းက ညော်နံ့က ဘာလောင်သွားတာလဲဟင်”



“ငမ့် . .မျှော့ပါ”



“ခိခိ ဆံပင်ညော်နံ့ကြီးပါအေ”



“ဓာတ်ပုံတွေရပီလား ခိခိ”



“အေး အဖြူအမည်းပဲရမယ်”



“ဟဲ့ . .နွားချီးပုံလေးက အေးအေးလေးနော်”



“အို . . .ပျော့စိစိနဲ့ မျှော့ကြီးလား မသိဘူး”

ဒီလိုနှင့် ဆယ်လီဖြစ်ချင်ရှာသော ရွာကျော်မမလေးယောက်ခမျာ နွားချေးပုံကန်ထဲမှာပဲ ဆယ်လီဖြစ်ဖို့အရေး ဆက်လက်တိုင်ပင်နေရလေတော့သည်။ ။

ခြူသစ်မောင်

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#funny

Some text some message..