အသုဘ မီးသင်္ဂြိုဟ်သည့် ကျောင်း၌ ဝတ်ပြုဆုတောင်းနေစဉ်အတွင်း ကျွန်မ၏သမီးမှာ မူးမေ့လဲကျသွား၏။သူမ သတိပြန်ရလာသောအခါ အသုဘအိမ်မှခေါင်းထမ်းသူနှစ်ယောက်က သူမကို ကျောင်းအပြင်သို့ သယ်ဆောင်လာသည်ကို သိလိုက်ရလေသည်။
သူမက စိတ်အနှောက်အယှက်ဖြစ်စရာ ကိစ္စအတွက် အနူးအညွတ်တောင်းပန်လိုက်သော်လည်း သူတို့ထဲမှ တစ်ယောက်က ချက်ချင်းပင် စိတ်မပူရန် ပြောလိုက်သည်။
“ မစိုးရိမ်ပါနဲ့ ကလေးရယ် ။ဒီတံခါးပေါက်တွေကိုဖြတ်ပြီး ငါတို့ သယ်လာပေးခဲ့တဲ့သူတွေထဲမှာ မတ်တတ်ရပ်ပြီး လမ်းပြန်လျှောက်နိုင်တာဆိုလို့ သမီးတစ်ယောက်တည်းပဲ ရှိတာပါ “ ဟု ပြောလိုက်လေတော့သည်။