ကလေးဝကစ် တကယ်ချစ်ဖို့ကောင်းသလား။
hellosayarwon.com
|
2020-02-23


“အမလေး ကလေးလေးကချစ်ဖို့ကောင်းလိုက်တာ။ တုတ်ခဲနေတာပဲ”တဲ့။ အနှီးထုပ်ထဲက ကလေးလေးမှာလဲ သူ့အလေးချိန်နဲ့သူပါပဲ။ ကလေးဝကစ် ကချစ်ဖို့ကောင်းတာ မှန်ပေမယ့် တကယ်တမ်းကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား။ လမစေ့ပေါင်မပြည့်တဲ့ကလေးက အသက်အန္တရာယ်ရှိသလိုပဲ

ပေါင်ချိန်ကျော်တဲ့ကလေး ကလည်း အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဘယ်နှပတ်နဲ့ပဲမွေးမွေး ပေါင်ချိန်၈ပေါင်နဲ့ ၁၃အောင်စကျော်နေရင် ကလေးက ပေါင်ချိန်ကျော်နေတယ်လို့ပြောလို့ရပါတယ်။ ၉ပေါင် ၁၅အောင်စကျော်နေရင်တော့ ဒီကလေးဟာ နောက်ဆက်တွဲရောဂါတွေဖြစ်ဖို့အလားအလာများနေပါပြီ။ ကလေးပေါင်ချိန်များခြင်းက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိလို့ သတိထားသင့်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။
ကလေးတွေရဲ့ ၉ရာခိုင်နှုန်းက ပေါင်ချိန်ကျော်ပြီးမွေးလာကြတာပါ။ ဖြစ်ရတဲ့အကြောင်းကတော့ ကလေးမှာ ဗီဇချို့ယွင်းချက်ရှိလို့ ဒါမှမဟုတ် အမေမှာ ရောဂါတစ်ခုခုရှိနေလို့ပါ။ တချို့ကျတော့လည်း ဘာအကြောင်းမှမရှိဘဲ ဖြစ်တတ်ပါသေးတယ်။ အောက်ကအချက်တွေရှိနေရင်တော့ ပိုဖြစ်နိုင်ပါတယ်။ အမေမှာ

ဆီးချို ရှိတာ အမေက ကိုယ်ဝန်မဆောင်ခင်တည်းက ဆီးချိုရှိတာပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်တာပဲဖြစ်ဖြစ် ပေါင်ချိန်ကျော်တဲ့ ကလေးလေး မွေးလာတတ်ပါတယ်။ အမေဆီးချိုမထိန်းနိုင်လေလေ ကလေးပိုဝလေပါပဲ။
အရင်က ပေါင်ချိန်ကျော်ကလေးမွေးဖူးတာ အရင်ကလေးမွေးတုန်းက ပေါင်ချိန် ၈ပေါင်နဲ့ ၁၃အောင်စကျော်တယ်ဆိုရင် ဒီကလေးကလည်းပေါင်ချိန်ကျော်ဖို့ များပါတယ်။ အမေ

အဝလွန် တာ အမေက အရင်ကတည်းကဝတာဖြစ်ဖြစ်၊ ကိုယ်ဝန်ရှိမှဝတာဖြစ်ဖြစ် နှစ်ခုလုံးက ကလေးပေါင်ချိန်များစေပါတယ်။
ကလေးအမွေးများတာ ကိုယ်ဝန်၅ခါလောက်ဆောင်ဖူးတဲ့သူတွေမှာ တစ်ခါထက်တစ်ခါ ကလေးက ၄အောင်စလောက်ပိုဝလာပါတယ်တဲ့။
ကိုယ်ဝန်ရက်ကျော်တာ ကိုယ်ဝန်က due dateထက် ၂ပတ်လောက်နောက်ကျရင်လည်း ကလေးပေါင်ချိန်များတတ်ပါတယ်ပါတယ်။

အမအေသကျ ၃၅နှစ်ကျော်မှမွေးတာ

ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုး တာ စတာတွေကြောင့်လည်း ကလေးကြီးတတ်ပါတယ်။ ဒီထဲမှာအဖြစ်အများဆုံးက အမေဆီးချိုရှိတာနဲ့ အဝလွန်တာပါ။ ဒါတွေကြောင့် မဟုတ်ဘူးဆိုရင်တော့ ကလေးမှာ မွေးရာပါရောဂါတစ်ခုခုပါနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုသိနိုင်မလဲ။
ကိုယ်ဝန်ကိုဒီတိုင်းကြည့်ရုံနဲ့တော့ မသိနိုင်ပါဘူး။ ဒါပေမယ့်
ဗိုက်က ကိုယ်ဝန်အပတ်ထက် ပိုကြီးနေတာ

ရေမြွှာရည်များ နေတာ စတာတွေရှိရင်တော့ သံသယဖြစ်စရာပါ။ ပိုသေချာချင်ရင်တော့ အယ်ထွာဆောင်းရိုက်ကြည့်ရမှာပါ။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။
ကလေးပေါင်ချိန်များတာက ကလေးရာ အမေအတွက်ရော အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ရော မွေးပြီးရင်ရော သေချာဂရုစိုက်ရမှာပါ။ အမေအတွက်ဆိုရင်တော့
မွေးရခက်တာ ကလေးက မွေးလမ်းကြောင်းမှာ တစ်နေတဲ့အတွက်ကြောင့် မွေးရခက်တာ၊ ညှပ်ဆွဲ၊ လေစုပ်ပြီးမွေးရတာ၊ ဗိုက်ခွဲမွေးရတာမျိုးတွေရှိတတ်ပါတယ်။
မွေးလမ်းကြောင်းဒဏ်ရာရတာ ကလေးကြီးလွန်းတာကြောင့် မွေးလမ်းကြောင်း စုတ်တာ၊ ဒဏ်ရာရတာတွေ ရှိတတ်ပါတယ်။

သွေးထွက်လွန် တာ ပုံမှန်ဆိုရင် ကလေးမွေးပြီးတာနဲ့ သားအိမ်ကြွက်သားတွေက အလိုလိုပြန်ကျုံ့တာကြောင့် သွေးမသွန်ပါဘူး။ ကလေးကြီးနေရင်တော့သားအိမ်ကလည်း ပိုကျယ်နေတာကြောင့် မွေးပြီးရင် ပြန်ကျုံ့ဖို့ခက်ပါတယ်။ ဒါကြောင့် သွေးသွန်တာပါ။

သားအိမ်ကွဲထွက် ခြင်း ရှားပါးပေမယ့် အရင်က ဗိုက်ခွဲပြီးကလေးမွေးဖူးတယ်။ ဒါမှမဟုတ် သားအိမ်ခွဲစိတ်ဖူးတယ်ဆိုရင် ဒီတစ်ခါ ပေါင်ချိန်ကျော်ကလေးကို ကိုယ်ဝန်ဆောင်ထားရင် ခွဲကြောင်းက ကွဲထွက်တတ်ပါတယ်။ ကလေးအတွက်ဆိုရင်တော့
မွေးလမ်းကြောင်းမှာညပ်ပြီး ညှပ်ရိုးကျိုးတာ၊ ပုခုံးရိုးကျိုးတာ
မွေးစမှာသွေးတွင်းသကြားဓာတ်နည်းတာ
အဝလွန်တာ
Metabolic syndromeဖြစ်တာ ဒီကလေးတွေက ကြီးလာရင် metabolic syndromeလို့ခေါ်တဲ့ သွေးတိုးတာ၊ သွေးတွင်းသကြားဓာတ်များတာ၊ အဝလွန်တာ၊ သွေးတွင်းအဆီဓာတ်များတာ စတာတွေဖြစ်တတ်ပါတယ်။ ဒါတွေကြောင့် အရွယ်မတိုင်ခင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်တတ်ပါတယ်။

ဘယ်လိုကာကွယ်လို့ရမလဲ။
ဖြစ်ရတဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် တချို့ဟာတွေက ကာကွယ်လို့ရတကို တွေ့ရမှာပါ။ ဥပမာပြောရရင်
ကိုယ်ကအဝလွန်နေတယ်ဆိုရင် ကိုယ်ဝန်မယူခင်ကတတည်းက ဝိတ်လျှော့ဖို့ကြိုးစားပါ။
ကိုယ်ဝန်သေချာအပ်ပါ။
ကိုယ်ဝန်တစ်လျှောက်လုံးလည်း အလွန်အကျွံဝိတ်မတက်အောင်ထိန်းပါ။ ပိန်လွန်းရင်လည်း ကလေးကြီးထွားမှာမဟုတ်လို့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိအောင်ထိန်းပါ။
အရင်ကတည်းက ဆီးချိုရှိတယ်ဆိုရင် ကလေးမယူခင် သေချာထိန်းထားပါ။ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်လာရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာထိန်းပါ။
နေ့တိုင်း ကိုယ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပါ။

ဘယ်လိုမွေးမှာလဲ။
ကလေးပေါင်ချိန်ကျော်နေလို့

ရိုးရိုးမမွေးရ ဘူးဆိုတာ မရှိပါဘူး။ ရိုးရိုးပဲဖြစ်ဖြစ် ခွဲပြီးပဲဖြစ်ဖြစ် မွေးလို့ရပါတယ်။ အရေးကြီးတာက ဆေးရုံမှာ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ မွေးဖို့ပါပဲ။ မိခင်အခြေအနေ၊ ကလေးအခြေအနေပေါ်မူတည်ပြီး မွေးချင်တဲ့ နည်းလမ်း၊ မွေးသင့်တဲ့ နည်းလမ်းကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ နောက်ဆုံးမှာ အမေရော ကလေးရော ကျန်းမာဖို့က အဓိကပါပဲ။ မွေးပြီးသွားရင်လည်း ကလေးကို နောက်ဆက်တွဲရောဂါတွေမဖြစ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။  


#ပေါင်ချိန်
#ကိုယ်ဝန်
#ကလေး
#အမေ
#ကိုယ်ဝန်ဆောင်

Some text some message..