ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင်
hellosayarwon.com
|
2020-02-24


ရုပ်ရှင်ထဲမှာ မင်းသမီးအန်နေပြီဆိုရင် ကိုယ်ဝန်ရှိဖို့ ၉၉ရာခိုင်နှုန်းသေချာပါတယ်။ အပြင်မှာလည်း နေလို့မကောင်းဘူး။ အန်တယ်။ ပျို့တယ်ဆိုရင် ကိုယ်ဝန်ရှိနေလားဆိုပြီး အရင်စဉ်းစားကြပါ တယ်။

ကိုယ်ဝန်ဆောင် တွေ မှာ ပျို့တာ၊ အန်တာကပုံမှန်ပါပဲ။ ဒါကို

Morning sickness လို့ခေါ်ပါတယ်။ Morning  ဆိုပေမယ့် တစ်နေကုန်အန်ချင်လည်း အန်နိုင်ပါတယ်။ ၁ရာခိုင်နှုန်းလောက်ကတော့ အပြင်းအထန်အန်တာ၊ ပျို့တာ ဖြစ်နိုင်ပါတယ်။ ဒါကို

hyperemesis gravidarum (HG)လို့ခေါ်ပါတယ်။ ပြင်းထန်လွန်းလို့အစားမဝင်တာ၊ ရေမဝင်တာအထိဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင် ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။
ဘာကြောင့်လဲဆိုတာ အတိအကျမပြောနိုင်သေးပေမယ့်

ဟော်မုန်းအပြောင်းအလဲ လို့ကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့် အချင်းကထုတ်တဲ့

hCG ဟော်မုန်းပါ။ သာမန်ကိုယ်ဝန်ဆောင်တွေပျို့အန်တာက ကိုယ်ဝန်၃ ၄လလောက်ဆိုရင် သက်သာသွားတတ်ပေမယ့် HGကတော့ ဒီ့ထက်ပိုကြာတတ်ပါတယ်။ အဖြစ်များတဲ့သူတွေကတော့
အရင်ကမိသားစုထဲမှာ HGဖြစ်ဖူးတဲ့သူတွေ

အမြွှာကိုယ်ဝန် ရှိသူတွေ

အဝလွန် သူတွေ
သားဦးကိုယ်ဝန်တွေ

စပျစ်သီးကိုယ်ဝန် ရှိသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။

ဘာလက္ခဏာတွေခံစားရမှာလဲ။
HGက သာမန်morning sicknesseနဲ့ မတူတာက morning sicknessက ၃ ၄လလောက်ဆိုသက်သာပေမယ့် HGက ကလေးမမွေးခင်အထိ တောက်လျှောက်ခံစားရတတ်ပါတယ်။ တချို့တွေကတော့ ကိုယ်ဝန်ပတ် ၂၀လောက်ဆို သက်သာသွားတတ်ကြပါတယ်။ လက္ခဏာတွေကတော့
တစ်နေကုန်ပျို့နေတာ
အစားအသောက်ပျက်တာ
တစ်နေ့ကို ၃ ၄ခါလောက်အန်တာ
ရေဓာတ်ဆုံးရှုံးတာ
ခေါင်းမူးတာ

သွေးပေါင်ကျ တာ
အနံ့မခံနိုင်တာ
တံတွေးအထွက်များတာ
အအန်များ၊ အစားအသောက်ပျက်လို့ ပိန်သွားတာ စတာတွေပဲဖြစ်ပါတယ်။

ကလေးအတွက်အန္တရာယ်ရှိလား
အမေကသာ မအီမသာဖြစ်တာ ကလေးအတွက်တာတော့အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အမေအစားမဝင်လို့ အားနည်းနေရင် ပေါင်မပြည့်တဲ့ ကလေးမွေးနိုင်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်ကိုယ်ဝန်တွေမှာလည်း ဖြစ်တတ်တဲ့အတွက် နောက်ထပ်ကိုယ်ဝန်ယူမယ်ဆိုရင်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

ဘယျလိုကုသကွမလဲ။
အရင်ဆုံး အိမ်မှာနေရင်း လုပ်နိုင်တာတွေကတော့
အစားနည်းနည်းနဲ့ ခဏခဏစားပါ။
ကိုယ်နဲ့တည့်တာဘာပဲဖြစ်ဖြစ်ဝင်အောင်စားပါ။
ရေများများသောက်ပါ။ အသီးဖျော်ရည်တွေလည်း သောက်နိုင်ပါတယ်။ ဒါနဲ့မှမရဘူး။ ပိုဆိုးလာတယ်ဆိုရင် ဆေးရုံဆေးခန်းသွားပါ။ လိုအပ်ရင် အအန်ပျောက်ဆေးတွေ၊ အစားမဝင်လို့ ပုလင်းကြီးချိတ်တာတွေ လုပ်ရပါမယ်။

နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ သားသားမီးမီးလေးတွေကို မျှော်လင့်နေတဲ့ မေမေဟာ ဒီလိုပျို့အန်တာတွေကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းတတ်ကြပါတယ်။ HGကလည်း မကုဘဲထားမယ်ဆိုရင် ကြာရင်

စိတ်ကျ တာ၊ ခဏခဏအန်ရလို့ အစာရေမျိုပြွန်ပြဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လည်း အလုပ်မလုပ်နိုင်တာ၊ အိပ်ရာက မထနိုင်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း
ခဏခဏအန်နေတာကြောင့် အပြင်ထွက်ရမှာ၊ ဟိုနားဒီနားသွားရမှာကိုတောင် ကြောက်လာပါတယ်။
သူကို ဘယ်သူမှနားလည်မပေးနိုင်ဘူးဆိုပြီး စိတ်ဓာတ်ကျလာပါတယ်။ (ကိုယ်ဝန်ဆောင်တွေက နဂိုတည်းကမှ ဟော်မုန်းအပြာင်းအလဲကြောင့် ဝမ်းနည်းပြီး စိတ်ကျလွယ်ပါတယ်။)
ဘာလို့ သူ့ကျမှ ဖြစ်ရတာလဲဆိုပြီး အားငယ်တတ်ပါတယ်။
ခံစားရတာမသက်သာလို့ ဒီကိုယ်ဝန်တစ်လျှောက်အဆင်ပြေပါ့မလားလို့ စိုးရိမ်တတ်ကြပါတယ်။ ဒီလိုခံစားရရင် တစ်ယောက်တည်း မမျိုသိပ်ထားပါနဲ့။ ကိုယ့်ရဲ့ ခင်ပွန်း၊ မိသားစုကို ရင်ဖွင့်ပါ။ ဒီလိုဖြစ်ရတာ သင်နဲ့ ဘာမှမဆိုင်ပါဘူး။ သင်တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ ဒါဟာ သဘာဝတရားတစ်ခုပါ။ ကလေးမွေးပြီးရင် သက်သာသွားမှာမို့လို့ သိပ်လည်းမစိုးရိမ်ပါနဲ့။ လိုအပ်ရင် တတ်ကျွမ်းသူနဲ့ ပြသပြီး ကုသမှုခံယူပါ။

Take home massage
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တတ်တာ သဘာဝတစ်ခုပါ။ ဒီထက်ပိုဆိုးလာတယ်၊ အချိန်ကြာတာတောင်မသက်သာဘူးဆိုရင် HGဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင်လည်း မကြောက်ပါနဲ့။ တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ ကိုယ်ခံစားရတာကိုရင်ဖွင့်ပါ။ အိမ်မှာလုပ်နိုင်တဲ့နည်းလမ်းတွေကို လိုက်လုပ်ပါ။ လိုအပ်ရင် ကုသမှုခံယူပါ။ နောက်ဆုံးမှာ ကလေးလေးကို ရှောရှောရှူရှူမွေးပြီး အမေရော ကလေးရော ကျန်းမာဖို့က အဓိကပါ။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ကိုယ်ဝန်
#ကိုယ်ဝန်ဆောင်
#ရင်
#ကုသမှု
#အစား

Some text some message..