ကိုယ်ဝန်ပျက်ကျခြင်းနဲ့ အန္တရာယ်မကင်းတဲ့ ကိုယ်ဝန်ဖျက်ချခြင်းများ
chitmaymay.com
|
2020-02-28



ကိုယ်ဝန်ဖျက်ချတယ်ဆိုတာက သားလောင်း သို့မဟုတ် သန္ဓေသားအား သားအိမ်ပြင်ပမှာ မရှင်သန်မီ ဖယ်ရှားပစ်ခြင်းကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ ဘာ ပရောဂမှမပါတဲ့ကိုယ်ဝန်ပျက်ကြခြင်းကိုတော့ သားပျက်သားလျောခြင်းလို့အသိများကြပါတယ်။

တမင်ရည်ရွယ်ဖျက်ချခြင်းကို ဆေးပေးဖျက်ချခြင်း သို့တည်းမဟုတ် တမင်ပျက်ကျစေခြင်းလို့ဆိုပါတယ်။ သန္ဓေသားက သား အိမ်ပြင်ပမှာ ရှင်သန်နိုင်တဲ့ အလားအလာရှိပြီးမှ ဖျက်ချတဲ့ အလားတူလုပ်ရပ်ကို ကိုယ်ဝန်နောက်ဆုံးပတ်မှ ဖျက်ချခြင်း သို့ မ ဟုတ် “ကိုယ်ဝန်ရင့်မှ ဖျက်ချခြင်း”လို့ခေါ်ပါတယ်။

ဒီကနေ့ခတ်မှာမြန်မာနိုင်ငံလိုဖွံဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှာ ဒီပြဿနာက ခေါင်းစားစရာဖြစ်လာပါတယ်။ တစ်နေ့တစ်ခြားများများလာတဲ့ သက်ငယ်မုဒိမ်းမှုတွေ သွေးသားရင်းပြန်ကျင့်တဲ့ အဓမ္မမှုတွေရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် ဒီကလေးတွေကို မွေးသင့် မမွေးသင့် ဖျက်ချသင့် မသင့် ပြဿနာမျိုးတွေပါ။ Chit May May ပရိတ်သတ်ကြီးလည်း ဝင်ဆွေးနွေးပေးသွားကြပါဦးနော်…….


ဒီနေ့ခတ်အခြေအနေ



တချို့နိုင်ငံတွေက တရားဝင်ဖျက်ချခွင့်ရတဲ့အတွက် လုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့်ဖွံဖြိုးဆဲနိုင်ငံတွေအတွက်တော့ အန္တရာယ်မကင်းတဲ့ ကိုယ်ဝန်ဖျက်ချခြင်းတွေကြောင့် မိခင်သေဆုံးမှုတွေမြင့်တက်လာစေပါတယ်။


မြန်မာနိုင်ငံမှာဆိုရင်လည်း တရားဝင်ဆောင်ရွက်ခွင့်မရပဲ လက်သိပ်ထိုးဖြေရှင်းရတဲ့အတွက် မိခင်သေဆုံးမှုတွေမြင့်တက်နေတယ်လို့လေ့လာမှုတွေအရသိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အသက်အန္တရာယ် အလားအလာ ၁၄ ဆ ပိုမြင့်သော မီးဖွားခြင်းထက် အန္တရာယ်ကင်းတယ်လို့ဆိုပါတယ်။ ခေတ်ပေါ်နည်းလမ်းများက ဆေးပေးခြင်း သို့မဟုတ် ခွဲစိတ်ခြင်းဖြင့် ကိုယ်ဝန်ဖျက်ပေတာမျိုးပါ။

ကိုယ်ဝန် ပထမ နှင့် ဒုတိယပတ်အတွက် မစ်ဖ်ပရစ်စတုန်း နှင့် ပရိုစတက်ဂလန်ဒင်း ဆေးအတွဲက ခွဲစိတ်မှုကဲ့သို့ ထိရောက်ပြီး အန္တရာယ်ကင်းပါတယ်။ အသုံးများတဲ့ ခွဲစိတ်မှုနည်းပညာအရဆို သားအိမ်အဝကိုချဲ့ပြီး စုပ်ထုတ်စက်ကို အသုံးပြုပါတယ်။ တားဆေး သို့မဟုတ် သားအိမ်တွင်းထည့် ပစ္စည်းကဲ့သို့ ကိုယ်ဝန်တားနည်းတွေကို ဖျက်ချပြီးတာနဲ့ ချက်ချင်းအသုံးပြုနိုင်ပါတယ်။


ဆန္ဒရှိသော အမျိုးသမီးများ အတွက် တရားဝင် အန္တရာယ်ကင်းသော ဆေးပေးဖျက်ချပါက ကာလကြာရှည် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ဘေးဖြစ်စေမှုကို မတိုးစေပါဘူး။


ဆန့်ကျင်ဘက်အားဖြင့် အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချခြင်း (မတတ်ကျွမ်းသူများ ၊ ဘေးဖြစ်စေမည့် အသုံးအဆောင်များ သို့မဟုတ် မသန့်ရှင်းသော နေရာများ) ကြောင့် နှစ်စဉ်သေဆုံးမှု ၄၇၀၀၀ နှင့် ဆေးရုံတက် ကုသရမှုပေါင်း ၅ သန်း ခန့်ရှိပါတယ်။ အန္တရာယ်ကင်းပြီး တရားဥပဒေနဲ့ညီတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို အမျိုးသမီးတိုင်း လက်လှမ်းမီစေဖို့ကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။


ကမ္ဘာတစ်ဝန်းအခြေအနေ




ကမ္ဘာတဝှမ်းမှာ တစ်နှစ်ကို ကိုယ်ဝန်ဖျက်ချမှု ၅၆ သန်းခန့်ရှိပြီး ၄၅ ရာခိုင်နှုန်းမှာ အန္တရာယ်မကင်းဘူးလို့ဆိုပါတယ်။ ၂၀၀၃ နှင့် ၂၀၀၈ ခုနှစ်အကြား ကိုယ်ဝန်ဖျက်ချမှုနှုန်း အပြောင်းအလဲ မဖြစ်စလောက်သာရှိပေမယ့် ယင်းမတိုင်ခင် ဆယ်စုနှစ် ၂ ခုအတွင်းက မိသားစုစီမံကိန်း နှင့် သားဆက်ခြားနည်း လက်လှမ်းမီမှု မြင့်တက်ခြင်းကြောင့် လျော့ကျခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့အမျိုးသမီးဦးရေ ရဲ့ ၄၀ ရာခိုင်နှုန်းဟာ အကြောင်းပြချက်ပေးရခြင်းကဲ့သို့ ကန့်သတ်ချက်မှ မရှိဘဲ တ ရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရခဲ့ကြပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့်ပြုသော နိုင်ငံတွေမှာ ကိုယ်ဝန်သက်ကန့်သတ်ချက်တွေတော့ရှိပါတယ်။ အရမ်းအန္တရယ်များနေရင်တော့ ဖျက်ချခွင့်ပေးမှာမဟုတ်ပါဘူး။


သမိုင်းတလျောက်အခြေအနေ



သမိုင်းတလျောက် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယဆေးပင်များ၊ ချွန်ထက်သောကိရိယာများ၊ အားသုံးနှိပ်နယ်ခြင်း နှင့် အခြားရိုးရာနည်းများဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။





ကိုယ်ဝန်ဖျက်ခွင့်ဥပဒေများ နဲ့ ကိုယ်ဝန်ဖျက်ခြင်းအပေါ် ရိုးရာ သို့မဟုတ် ဘာသာရေးအမြင်တွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ ကွဲပြားမှုတွေရှိတတ်ကြပါတယ်။ အချို့နေရာတွေမှာ အဓမ္မပြုကျင့် ခံရခြင်း၊ သန္ဓေသားပြဿနာ၊ ဆင်းရဲမွဲတေမှု၊ အ မျိုးသမီးကျန်းမာရေးအန္တရာယ် သို့မဟုတ် သွေးသားရင်း လိင်ဆက်ဆံခြင်း ကဲ့သို့သော ကိစ္စရပ်များတွင်သာ ကိုယ်ဝန်ဖျက်ချခြင်းမှာ ဥပဒေနှင့် လွတ်ကင်းပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းနဲ့စပ်လျဉ်းပြီး စိတ်ဓာတ်၊ ကိုယ်ကျင့်တရား နှင့် ဥပဒေဆိုင်ရာ ပြဿနာများအပေါ် ဆွေးနွေးငြင်းခုံမှုတွေလည်းရှိနေကြပါတယ်။ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်သူတွေက သန္ဓေသားလောင်းသည် အသက်ရှင်သန်ပိုင်ခွင့် ရှိတဲ့လူသားဖြစ်သည်ဟု ငြင်းခုံပြီး ကိုယ်ဝန်ဖျက်ချခြင်းကို လူသတ်ခြင်းနှင့် နှိုင်းယှဉ်ပြောဆိုကြပါတယ်။

ထောက်ခံသူတွေက ကိုယ်ပိုင်ခန္ဓာနှင့်ပတ်သက်၍ အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့် တစိတ်တပိုင်းအဖြစ် ရှုမြင်ကြပါတယ်။ တရားဥပဒေနဲ့ညီပြီး လက်လှမ်းမီနိုင်သော ကိုယ်ဝန်ဖျက်ချခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖြစ် လိုလားကြပေမယ့် ဒီကနေ့ထိတော့မြန်မာနိုင်ငံမှာဖြစ်မလာသေးပါဘူး။

မြန်မာနိုင်ငံလိုဗုဒ္ဓဘာသာနိုင်ငံအနေနဲ့တော့ ဒီလိုကိုယ်ဝန်ဖျက်ချတာကို လက်သင့်မခံကြပေမယ့် အခြားရှုထောင့်တွေက လေ့ လာသုံးသပ်ကြည့်ရင် ဒီဝန်ဆောင်မှုဟာ လိုအပ်နေပြီလား မလိုအပ်ဘူးလား ရှိသင့်လား မရှိသင့်ဘူးဆိုတာ ပရိတ်သတ်တွေဝင်ဆွေးနွေးပေးသွားကြပါဦး..သင့်ရဲ့ ကွန်မန်းတွေပေးသွားလို့ရပါတယ်နော်..

#Chit_May_May

#Mg_Htet

REF_wikipidia


#ကိုယ်ဝန်
#May
#သားအိမ်
#အန္တရာယ်ကင်း
#သန္ဓေသား

Some text some message..