ကားဒူးဆစ်အကြောင်း Constant-velocity joint
automobiledirectory.com.mm
|
2020-03-01

ရှေ့ယက်ကားတွေမှာ ဘီးနားကြည့်ရင် ဘီးကိုလှည့်ပေးနေတဲ့ အရာ တစ်ခု ရှိပါတယ်။

သူကို ဒူးဆစ်လို့ စက်ဆရာတွေက ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ Constant-Velocity Joint လိုခေါ်ပါတယ်။ ဂီယာ အုံကထွက်လာတဲ့ ရှပ်က ပေးနေတဲ့ လှည်ပတ်မှုကို ဒူးဆစ်က ကြားခံအဖြစ် လက်ဆင့်ကမ်းပြီး ဘီးကိုပေးပါတယ်။ ဘီးက ဘယ်လိုကွေ့နေနေ ဟတ်မပျက် ဆက်လည်နေနိုင်အောင် သူက လုပ်ပေးနေတာပါ။

ရှေကဘီးယက်ကားတွေမှာသာမက ဘီး၄လုံးစလုံးမောင်းတဲ့ ကားတွေထဲမှာ ဘီး၄ဘီးကို တစ်သီးတစ်ခြားစီထားပြီး လှည့်ပေးတဲ့စနစ်ဖြင့် သွားစေတဲ့ ကားတွေရ့ နောက်ဘီးတွေမှာလည်း ရှေ့ဘီးလိုပဲ ဒူးဆစ်ပါကြပါတယ်။ ဒူးဆစ်မပေါ်ခင်ခေတ်က ရှေ့ဘီးကို ယက်ခိုင်းဖို့အတွက် ယူနီဗာဆယ်ဂျိုင့်ကို သုံးခဲ့ကြပါတယ်။ ဂီယာဘောက်စ်ကပေးနေတဲ့ ထောင့်အပြောင်းအလျင်အတိုင်း ဘီးဆီကို ပို့မပေးနိုင်ပါဘူး။ ဒူးဆစ်ကိုသုံးလြာကတော့မှ အလျင်ကို တစ်သတ်မတ်တည်း ပို့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒူးဆစ်ကို စတင်သုံးစွဲခဲ့တဲ့ ကားက မီနီမိုင်နာ ဖြစ်ပါတယ်။ သူက အင်ဂျင်ကန့်လန့်၊ ရှေ့ယက်ကား အဖြစ် ဆန်းဆန်းပြားပြား ဖြစ်ခဲ့ရုံမျှမက ဒူးဆစ်ကလည်း အတန်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒူးဆစ်မှာ ဂရုစိုက်ရတာက သဲကာဖြစ်ပါတယ်။ သဲကာကို ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်။ ပေါက်တာနဲ့ အမြန်ဆုံးလဲပေးရပါမယ်။ ကားအောက်ပိုင်းပြင်တဲ့အခါ သဲကာကို ထိခိုက်တတ်ပါတယ်.။ ထိခိုက်မိရင် တစ်ခါတည်း အသစ်လဲလှယ် သင့်ပါတယ်။

သဲကာထဲမှာ ခဲဆီတွေထည့်တာမှာ ပေါက်သွားရင် အပြင်မှ သဲနဲ့ ဖုံမှုန်တွေခဲအစ အနတွေအထိ ဆီခဲထဲကို ဝင်ကုန်တတ်ပါတယ်။ထိုအခါမှာ ဒူးဆစ်မှာပါတဲ့ ဘော့စေ့လုံးတွေကြားမှာ ပွတ်တိုက်ပြီး ပျက်စီးခြင်းကို ဖြစ်ပွားစေပါတယ်။ ဒီအခါမှာ ကားဘီးကို ကွေ့လိုက်တိုင်း ဖျစ်ဖျစ်တစ်တစ်မြည်ပြီး ဆေးကုပေးပါဦးလို့ ဒူးဆစ်က လှမ်းအော်ပါတော့တယ်။

ကြုံရာနေရာမှာ မပြဘဲ ဒူးဆစ်သီးသန့်ပြုပြင်တဲ့ဆိုင်မှာ ပြင်သင့်ပါတယ်။ ဖြုတ်ဖို့ တပ်ဖို့ ကိရိယာစုံတဲ့အပြင် အမဲဆီနဲ့ ခဲဆီရောပြီးသား အဆင်သင့် ရှိနေတတ်လို့ ဖြစ်ပါတယ်။ ဒူးဆစ်ရဲ့ သဲကာတွေက ကြာလာရင် အသားမာတ်လာပြီး ကွဲတတ်ပါ တယ်။ ဒီတော့ ဘီးဘက်မှာ ရှိတဲ့သဲကာက ဘီးကွေ့တိုင်း လိုက်လိုက်ကွေ့ရာက ကွဲတတ်ပါတယ်။

ဂီယာဘောက်စ်ဘက်မှာ ရှိတဲ့ သဲကာကအကောင်းတိုင်းရှိနေဆဲ ဖြစ်ပေမဲ့ သဲကာလဲရင် နှစ်ခုစလုံးလဲပေးလိုက်တာ ကောင်းပါတယ်။ အပြင်ဘက်သဲကာကိုလဲပြီးကာမှ အတွင်းဘက်သဲကာပေါက်ရင် တစ်ခါ ဖြုတ်ရ၊ ခဲဆီ ပြန်ထည့်ရ စသဖြင့် လုပ်ရပြန်တာမို့ တစ်ခါတည်း အတူတူလဲလှယ်သင့်ပါတယ်။

အထဲမှာ ခဲဆီဟောင်းရှိနေသေးတာမို့ ခဲဆီဟောင်းပြန်သိပ်ထည့်ပြီး လိုတာ နည်းနည်းပါးပါး ဖြည့်ထည့်ပြီး သဲကာလှည့်တတ်ကြပါတယ်။ ခဲဆီချည်း သက်သက်ဆိုရင် အကုန်အကျများတာကြောင့် ခဲဆီထက် ဈေးသက်သာတဲ့ အမဲဆီကိုရောနှော သုံးကြရပါတယ်။ လူရဲ့ခန္ဓာကိုယ်မှာ ဒူးခေါင်းနေရာ အရိုးနှစ်ခု ဆက်ပေးထားပုံနဲ့ အခြေခံသဘောသဘာဝချင်းတူနေတာကြောင့် "ဒူးဆစ်" လို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။ ရှေ့ယက်ကားတွေ ရောက်လာခါစက ဒူးဆစ်ကို မပြင်ပေးနိုင်တာကြောင့် အသစ်ကို တစ်စုံလုံး မှာယူလဲလှယ်ခဲ့ကြရပါတယ်။

ရှေ့ယက်ကားတွေခများ မျက်နှာငယ်ခဲ့ကြရပါတယ်။ သိပ်မကြာခင်မှာပဲ ဒူးဆစ်ဆိုတဲ့ နာမည်တွင်သွားပြီး ဒူးဆစ်ကို ဝပ်ရှော့ဆရာတွေ ပြင်တတ်သွားကြပါတော့တယ်။ ဒီတော့မှ ရှေ့ယက်ကားတွေ အတွက် အဆင်ပြေသွားပါတော့တယ်။ အခုတော့ ရှေ့ယက်လား၊ နောက်ယက်လားလို့ မမေးတော့ပါဘူး။ ဒူးဆစ်အလုပ်လုပ်ပုံကတော့ ဒူးဆစ်ကို လက်ထဲကိုင်ကြည့်ပြီး လှည့်ကြည့် ချိုးကြည့်လိုက်ရင် ချက်ချင်း သဘောပေါက်နိုင်ပါတယ်။ ဘောစိလုံးတွေက လိုသလို ဝင်ထောက်ပေးပြီး အဆက်နေရာကနေ ကျွတ်မထွက်အောင် ဘယ်လို ခံပေးထားတယ်ဆိုတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

CG GPS Myanmar

(Zawgyi)

=======

ကားဒူးဆစ်အကြောင်း

ရှေ့ယက်ကားတွေမှာ ဘီးနားကြည့်ရင် ဘီးကိုလှည့်ပေးနေတဲ့ အရာ တစ်ခု ရှိပါတယ်။ သူကို ဒူးဆစ်လို့ စက်ဆရာတွေက ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ Constant-Velocity Joint လိုခေါ်ပါတယ်။ ဂီယာ အုံကထွက်လာတဲ့ ရှပ်က ပေးနေတဲ့ လှည်ပတ်မှုကို ဒူးဆစ်က ကြားခံအဖြစ် လက်ဆင့်ကမ်းပြီး ဘီးကိုပေးပါတယ်။ ဘီးက ဘယ်လိုကွေ့နေနေ ဟတ်မပျက် ဆက်လည်နေနိုင်အောင် သူက လုပ်ပေးနေတာပါ။

ရှေကဘီးယက်ကားတွေမှာသာမက ဘီး၄လုံးစလုံးမောင်းတဲ့ ကားတွေထဲမှာ ဘီး၄ဘီးကို တစ်သီးတစ်ခြားစီထားပြီး လှည့်ပေးတဲ့စနစ်ဖြင့် သွားစေတဲ့ ကားတွေရ့ နောက်ဘီးတွေမှာလည်း ရှေ့ဘီးလိုပဲ ဒူးဆစ်ပါကြပါတယ်။ ဒူးဆစ်မပေါ်ခင်ခေတ်က ရှေ့ဘီးကို ယက်ခိုင်းဖို့အတွက် ယူနီဗာဆယ်ဂျိုင့်ကို သုံးခဲ့ကြပါတယ်။ ဂီယာဘောက်စ်ကပေးနေတဲ့ ထောင့်အပြောင်းအလျင်အတိုင်း ဘီးဆီကို ပို့မပေးနိုင်ပါဘူး။ ဒူးဆစ်ကိုသုံးလာကြတော့မှ အလျင်ကို တစ်သတ်မတ်တည်း ပို့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒူးဆစ်ကို စတင်သုံးစွဲခဲ့တဲ့ ကားက မီနီမိုင်နာ ဖြစ်ပါတယ်။ သူက အင်ဂျင်ကန့်လန့်၊ ရှေ့ယက်ကား အဖြစ် ဆန်းဆန်းပြားပြား ဖြစ်ခဲ့ရုံမျှမက ဒူးဆစ်ကလည်း အတန်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒူးဆစ်မှာ ဂရုစိုက်ရတာက သဲကာဖြစ်ပါတယ်။ သဲကာကို ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်။ ပေါက်တာနဲ့ အမြန်ဆုံးလဲပေးရပါမယ်။ ကားအောက်ပိုင်းပြင်တဲ့အခါ သဲကာကို ထိခိုက်တတ်ပါတယ်.။ ထိခိုက်မိရင် တစ်ခါတည်း အသစ်လဲလှယ် သင့်ပါတယ်။

သဲကာထဲမှာ ခဲဆီတွေထည့်တာမှာ ပေါက်သွားရင် အပြင်မှ သဲနဲ့ ဖုံမှုန်တွေခဲအစ အနတွေအထိ ဆီခဲထဲကို ဝင်ကုန်တတ်ပါတယ်။ထိုအခါမှာ ဒူးဆစ်မှာပါတဲ့ ဘော့စေ့လုံးတွေကြားမှာ ပွတ်တိုက်ပြီး ပျက်စီးခြင်းကို ဖြစ်ပွားစေပါတယ်။ ဒီအခါမှာ ကားဘီးကို ကွေ့လိုက်တိုင်း ဖျစ်ဖျစ်တစ်တစ်မြည်ပြီး ဆေးကုပေးပါဦးလို့ ဒူးဆစ်က လှမ်းအော်ပါတော့တယ်။

ကြုံရာနေရာမှာ မပြဘဲ ဒူးဆစ်သီးသန့်ပြုပြင်တဲ့ဆိုင်မှာ ပြင်သင့်ပါတယ်။ ဖြုတ်ဖို့ တပ်ဖို့ ကိရိယာစုံတဲ့အပြင် အမဲဆီနဲ့ ခဲဆီရောပြီးသား အဆင်သင့် ရှိနေတတ်လို့ ဖြစ်ပါတယ်။ ဒူးဆစ်ရဲ့ သဲကာတွေက ကြာလာရင် အသားမာတ်လာပြီး ကွဲတတ်ပါ တယ်။ ဒီတော့ ဘီးဘက်မှာ ရှိတဲ့သဲကာက ဘီးကွေ့တိုင်း လိုက်လိုက်ကွေ့ရာက ကွဲတတ်ပါတယ်။

ဂီယာဘောက်စ်ဘက်မှာ ရှိတဲ့ သဲကာကအကောင်းတိုင်းရှိနေဆဲ ဖြစ်ပေမဲ့ သဲကာလဲရင် နှစ်ခုစလုံးလဲပေးလိုက်တာ ကောင်းပါတယ်။ အပြင်ဘက်သဲကာကိုလဲပြီးကာမှ အတွင်းဘက်သဲကာပေါက်ရင် တစ်ခါ ဖြုတ်ရ၊ ခဲဆီ ပြန်ထည့်ရ စသဖြင့် လုပ်ရပြန်တာမို့ တစ်ခါတည်း အတူတူလဲလှယ်သင့်ပါတယ်။

အထဲမှာ ခဲဆီဟောင်းရှိနေသေးတာမို့ ခဲဆီဟောင်းပြန်သိပ်ထည့်ပြီး လိုတာ နည်းနည်းပါးပါး ဖြည့်ထည့်ပြီး သဲကာလှည့်တတ်ကြပါတယ်။ ခဲဆီချည်း သက်သက်ဆိုရင် အကုန်အကျများတာကြောင့် ခဲဆီထက် ဈေးသက်သာတဲ့ အမဲဆီကိုရောနှော သုံးကြရပါတယ်။

လူရဲ့ခန္ဓာကိုယ်မှာ ဒူးခေါင်းနေရာ အရိုးနှစ်ခု ဆက်ပေးထားပုံနဲ့ အခြေခံသဘောသဘာဝချင်းတူနေတာကြောင့် "ဒူးဆစ်" လို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။ ရှေ့ယက်ကားတွေ ရောက်လာခါစက ဒူးဆစ်ကို မပြင်ပေးနိုင်တာကြောင့် အသစ်ကို တစ်စုံလုံး မှာယူလဲလှယ်ခဲ့ကြရပါတယ်။ ရှေ့ယက်ကားတွေခများ မျက်နှာငယ်ခဲ့ကြရပါတယ်။ သိပ်မကြာခင်မှာပဲ ဒူးဆစ်ဆိုတဲ့ နာမည်တွင်သွားပြီး ဒူးဆစ်ကို ဝပ်ရှော့ဆရာတွေ ပြင်တတ်သွားကြပါတော့တယ်။ ဒီတော့မှ ရှေ့ယက်ကားတွေ အတွက် အဆင်ပြေသွားပါတော့တယ်။ အခုတော့ ရှေ့ယက်လား၊ နောက်ယက်လားလို့ မမေးတော့ပါဘူး။

ဒူးဆစ်အလုပ်လုပ်ပုံကတော့ ဒူးဆစ်ကို လက်ထဲကိုင်ကြည့်ပြီး လှည့်ကြည့် ချိုးကြည့်လိုက်ရင် ချက်ချင်း သဘောပေါက်နိုင်ပါတယ်။ ဘောစိလုံးတွေက လိုသလို ဝင်ထောက်ပေးပြီး အဆက်နေရာကနေ ကျွတ်မထွက်အောင် ဘယ်လို ခံပေးထားတယ်ဆိုတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

CG GPS Myanmar

အိတ်ဇောနှင့်ပတ်သက်၍လုပ်ငန်းပေါင်း ၁၂၄ ခုကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။ Myanmar Automobile Equipment Directory

#ဒူးဆစ်
#ဘီး
#ဒူး
#ခဲ
#အမဲဆီ

Some text some message..