သီချင်းဆိုရတာကို ကြိုက်တဲ့သူတွေ ဘာ့ကြောင့် ပိုကျန်းမာ ပျော်ရွှင်ရသလဲဆိုတဲ့ အကြောင်းရင်း (၈)ခု
lifestylemyanmar.com
|
2020-03-03



သီချင်းဆိုရတာကို ကြိုက်ပါသလား? သီချင်းဆိုရတာကို မနှစ်သက်တဲ့သူဆိုတာ ရှားပါတယ်။ လူရှေ့မှာ မဆိုရဲရင်တောင် တစ်ယောက်တည်းရှိတဲ့အချိန်(သို့) ရေချိုးခန်းထဲမှာ ရေချိုးတဲ့အချိန် ဆိုလေ့ရှိကြပါတယ်နော်။ သီချင်းဆိုခြင်းဟာ သင့်ကို ပျော်ရွှင်မှု ရရှိစေပြီး ကျန်းမာရေးကို တိုးတတ်စေတယ်လို့ သိပ္ပံဆိုင်ရာ အထောက်အထားများအရ သိရပါတယ်။ ဒါ့ကြောင့် သီချင်းဆိုခြင်းက သင့်စိတ်ကို ဘယ်လိုသက်ရောက်မှုရှိသလဲ?နှင့် သင့်ခံစားမှုကို ဘာ့ကြောင့် ပိုမိုကောင်းမွန်စေသလဲ?ဆိုတဲ့ အကြောင်းရင်းတွေကို ရှာဖွေပေးထားပါတယ်။

၁။ ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်ပါတယ်

သုတေသနအရ သီချင်းဆိုခြင်းက Immunoglobulin A ရဲ့ထုတ်လုပ်မှုကို တိုးမြှင့်စေခြင်းဖြင့် သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ထို့အပြင် အေရိုးဗစ်လှုပ်ရှားမှုတစ်ခုအနေဖြင့် သီချင်းဆိုခြင်းက သင့်ရဲ့ အထက်အသက်ရှူလမ်းကြောင်းမှ လေစီးဆင်းမှုကို တိုးစေတာကြောင့် ဘက်တီးရီးယားတွေ အဲ့ဒီမှာ ရင်သန်ဖွံ့ဖြိုးပြီး အအေးမိခြင်း (သို့) တုပ်ကွေးဖြစ်ခြင်း အခွင့်အလမ်းကို လျော့နည်းစေပါတယ်။




၂။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတစ်ခုအဖြစ် အစားထိုးနိုင်ပါတယ်

အားကစားခန်းမကို သွားဖို့ အရမ်းပျင်းနေရင် အဲဒီအစား သီချင်းဆိုနိုင်ပါတယ်။ သီချင်းဆိုတာက အကောင်းဆုံး ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို မပေးနိုင်ပေမယ့် သွေးလည်ပတ်မှုကို တိုးတတ်စေပြီး သီချင်းဆိုနေချိန်မှာတောင် ဝမ်းဗိုက်နှင့် နံရိုးကြား နံကြားကြွက်သားကို သန်စွမ်းစေပါတယ်။ ဒါ့အပြင် အဆုတ်နှင့်နှလုံးကိုလည်း လေ့ကျင့်ခန်း နည်းနည်း ဖြစ်စေပါတယ်။




၃။ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းစေပါတယ်

ကာရာအိုကေဆိုင်မှာ သူငယ်ချင်းတွေနဲ့ သီချင်းသွားဆိုတာပဲဖြစ်ဖြစ်၊ အုပ်စုလိုက်သီဆိုတာပဲဖြစ်ဖြစ် ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုက သင့်ဆိုရှယ်ဘဝကို တိုးတတ်စေနိုင်ပါတယ်။ သီချင်းဆိုခြင်းနှင့် လူမှုရေးဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းတို့က သင့်အားသုခချမ်းသာ ခံစားမှုအပြင် လူမှုရေးစွမ်းရည်နှင့် ယုံကြည်မှုကို တိုးတတ်လာစေနိုင်ပါတယ်။




၄။ အိပ်လို့ပိုကောင်းစေပါလိမ့်မယ်

ကျန်းမာရေးကျွမ်းကျင်သူများက သီချင်းဆိုခြင်းဟာ ဟောက်ခြင်းရဲ့ ကြိမ်နှုန်းနှင့် ပြင်းထန်မှုကို လျှော့ချပေးနိုင်ပြီး အိပ်စက်မှုကို တိုးတတ်ကောင်းမွန်စေပါတယ်။ သီချင်းဆိုခြင်းက နှာပိတ်ခြင်းကို ရှင်းလင်းစေသလို ဟောက်ခြင်းနှင့် အိပ်ပျော်စဉ် အသက်ရှုကျပ်ခြင်းကို အဓိက ဖြစ်စေတဲ့ အားနည်းနေသော လည်ချောင်းနဲ့ အာခေါင်ကြွက်သားတွေကို အားကောင်းစေပါတယ်။




၅။ ပိုပြီး အသက်ရှည်စေနိုင်ပါတယ်

ဟားဗတ်နှင့် ယေးလ်တို့မှ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ဓမ္မတေးဆိုခြင်းက ကော်နက်တီကပ်ပြည်နယ်၊ နယူးဟေးနန်မှာ နေထိုင်သူများရဲ့ သက်တမ်းကို တိုးစေတယ်လို့ ဆိုပါတယ်။ သုတေသီများက သီချင်းဆိုခြင်းဟာ နှလုံးနှင့် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး အလုံးစုံသုခချမ်းသာကို တိုးတတ်စေတာကြောင့် လူတွေကို အသက်ရှည်စေနိုင်တယ်လို့ ဆိုပါတယ်။




၆။ စိတ်ကျရောဂါကို အနိုင်ရစေပါလိမ့်မယ်

သီချင်းဆိုခြင်းကို သဘာဝ anti-depressant အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီနောက်ကွယ်က အကြောင်းရင်းက နာကျင်မှု ခံစားရခြင်းကို လျော့နည်းစေပြီး စိတ်ကျေနပ်မှု ခံစားချက်နှင့် ဆက်စပ်နေသော endorphin ဟော်မုန်းများ ထွက်လာခြင်းဖြစ်ပါတယ်။ ဒီ ခံစားမှုကောင်း ဦးနှောက်ကယ်မီကယ်တွေက သင့်ကို စိတ်ချမ်းသာစေပြီး ပိုပျော်စေနိုင်ပါတယ်။




၇။ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချပါလိမ့်မယ်

သီချင်းဆိုနေစဉ်အတွင်း ထွက်တဲ့ အခြားဟော်မုန်းက oxytocin ဖြစ်ပါတယ်။ ဒီဓါတုပစ္စည်းက စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုကို လျော့နည်းစေပြီး ယုံကြည်မှုနှင့် နှောင်ကြိုးကို တိုးစေပါတယ်။




၈။ သင့်ကို ပိုနုပျိုစေပါလိမ့်မယ်

သီချင်းဆိုခြင်းက မျက်နှာကနေ ဝမ်းဗိုက်အထိ သင့်အပေါ်ပိုင်း ခန္ဓာကိုယ်ရှိ ကြွက်သားအုပ်စုတိုင်းနီးပါး ပါဝင်ရပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းကို သီဆိုရတဲ့အခါ မျက်နှာကြွက်သားတွေကိုလည်း လေ့ကျင့်ခန်း အနည်းငယ်ရစေပါတယ်။ ကြွက်သားတွေကို လေ့ကျင့်ခြင်းက သင့်အားနုပျိုလာစေပြီး ပိုတတ်ကြွစေပါတယ်။


Lifestyle_Myanmar
LM_Nandar


Source-brightside


#ကြွက်သား
#မာရေး
#ခြင်း
#လေ့ကျင့်ခန်း
#ကိုယ်ခံအား

Some text some message..