သင့်အီအီး အရောင်တွေက ပြောပြနေတဲ့ အနီရောင်အဆင့်ကျန်းမာရေး သတိပေးချက်များ
lifestylemyanmar.com
|
2020-03-05



ဒီခေါင်းစဉ်နဲ့ရေးရမှာတော်တော်စဉ်းစားရပါတယ်။ ဆွေးနွေးရမှာတောင်မသင့်တော်တဲ့ခေါင်းစဉ်လို့ထင်စရာပါပဲ။ တခြားသူတွေအတွက် ဒီခေါင်းစဉ်က ရယ်စရာကောင်းချင်ကောင်းနေမှာဖြစ်သလိုရွှံစရာကောင်းချင်လည်းကောင်းနေပါတယ်။

ဒီခေါင်းစဉ်နဲ့ပက်သက်ပြီး ဘယ်သူမှအလေးအနက်ပြောဆိုဆွေးနွေးခြင်းမရှိပေမယ့် သင့်ရဲ့ကျန်းမာရေးအတွက် အမှန်တကယ်အရေးကြီးပါတယ်။ ကျွန်တော်တို့စွန့်ထုတ်လိုက်တဲ့မစင်တွေကတစ်ဆင့် ခန္ဓာကိုယ်ထဲက အဆိပ်နဲ့ ရောဂါဖြစ်စေတဲ့ကပ်ပြားကောင်တွေကို သဘာဝကျကျဖယ်ရှားပေးပါတယ်။ ဒါကလူတိုင်းကြုံတွေ့နေရတဲ့အရာလည်းဖြစ်ပါတယ်။


ဒါကြောင့် ဒီအကြောင်းကိုပြောဖို့ ဘာကြောင့်ရှက်နေရမလဲ? သိပ္ပံပညာရှင်တွေအနေနဲ့ဆရာဝန်တွေက လူတွေရဲ့ အူလမ်း ကြောင်းကျန်းမာရေးအတွက် ခန္ဓာကိုယ်ကစွန့်လိုက်တဲ့ အီအီးတွေအကြောင်းကိုလည်းပွင့်ပွင့်လင်းလင်းဆွေးနွေးဟောပြောနေကြပြီဖြစ်ပါတယ်။


သင့်ရဲ့အီအီးတွေကိုဘယ်လိုအမျိုးအစားခွဲခြမ်းစိတ်ဖြာရမလဲသိမလား? သင့်ရဲ့အိမ်သာတက်တဲ့အလေ့အကျင့်ဟာ သင့်ကျ န်းမာရေးကိုဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သိလား?ကျွန်တော်တို့ မကြာခန သတိမမူမိတဲ့ ကိုယ် ခန္ဓာရဲ့လုပ်ဆောင်ချက်အတွက်အရေးကြီးတဲ့အကြောင်းကိုဖတ်ကြည့်လိုက်ကြရအောင်..


သင်စွန့်လိုက်တဲ့မစင်ထဲမှာပါတဲ့ပိုးမွှားပါဝင်မှုကသင့်ကျန်းမာရေးအတွက်အရေးကြီးတယ်




သင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ပိုးမွှားတွေကို ဆဲလ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုတွေ ဗိုင်းရပ်စ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ အဲ့ဒါအားလုံးကိုစုပေါင်းပြီး လူကိုရေဂါဖြစ်စေတဲ့ပိုးမွှားတွေကပ်ပါးကောင်တွေလို့ခေါ်ဆိုလိုက်တာဖြစ်ပါတယ်။

သုတေသနတွေအရ သင်မစင်(poop)စွန့်လိုက်တာဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်စေတဲ့ပိုးမွှားတွေကို ၇၀ရာခိုင်နှုန်းလောက်ရှင်းထုတ်ပစ်လိုက်တာနဲ့တူတူပါပဲ။ ဒါကြောင့် သင်ပုံမှန် အိမ်သာမတက်ဘူးဆိုရင် သင့် Bodyထဲမှာရောဂါပိုးမွှားတွေစုဆောင်းထားတာနဲ့အတူတူပဲဖြစ်နေပြီး သင့်ကျန်းမာသုခကို အကျိုးသက်ရောက်မှုတွေရှိစေပါလိမ့်မယ်။

ဒီပိုးမွှားဆိုတာမှာလည်း ကောင်းတဲ့ ဘက်တီးရီးယား(bacteria)နဲ့ဆိုးတဲ့ bacteria ဆိုပီး နှစ်မျိုးရှိပါတယ်။ကောင်းတဲ့ bacteria တွေကျတော့ သင့်ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးကြပါတယ်။ မကောင်းတဲ့ bacteriaတွေကတော့ ကိုယ်ခံအားစနစ်ကိုဆုတ်ယုတ်အောင်၊ သွေးတိုး၊ ဆီးချို အူသိမ်အူမရောဂါတွေနဲ့ စိတ်ကျန်းမာရေးချို့တဲ့ခြင်းလိုရောဂါတွေဖြစ်အောင်တောင် အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်နော်.


သင့်မစင်အရောင်တွေကသင့်ကျန်းမာရေးကိုပြောပြနိုင်တယ်




သင်အိမ်သာတက်တိုင်းစွန့်တဲ့မစင်တွေက နေ့တိုင်းလိုလို အရောင်ပြောင်းနေတတ်ပါတယ်။ သင်ကတော့ ရွံလို့ ဘယ်ငုံကြည့်ပီး သတိထားမိပါ့မလဲ? သတိထားကြည့်ရင် အဲ့ဒီအရောင်တွေက သင့်ကျန်းမာရေးဘာတွေဖြစ်နေလဲဆိုတာသိဖို့ ကူညီပေးပါလိမ့်မယ်။ ကဲဒီတော့ ချီးအရောင်လေးတွေခွဲကြည့်ကြရအောင်။ မရယ်နဲ့နော်….


ပုံမှန်အရောင် (poop colour)

နေ့တိုင်းပါတဲ့အီအီးတွေမှာအရောင်တွေရှိပါတယ်။ ဆိုပါတော့ သင့်အီအီးက အညိုရောင်၊ အဝါရောင် နဲအစိမ်းရောင်သန်းနေရင် ဒါကပုံမှန်ပါပဲလို့ဆိုလိုပါတယ်။ စိုးရိမ်စရာမလိုပါဘူးနော်.


သတိထားဖို့လိုတဲ့အရောင်

တကယ်လို့ သင့်အီအီးက အနီရောင် အနက်ရောင် ဒါမှမဟုတ် အဖြူနဲ့မီးခိုးစပ်ထားတဲ့အရောင် ဖြစ်နေရင်တော့သင်ကျန်းမာရေးကိုစစ်ဆေးသင့်ပါတယ်နော်။


အရောင်များနဲ့ရောဂါများ




အညိုရောင် အီအီး(Brown poop) ကဘာကို ပြလဲဆိုရင် သင့်မှာကျန်းမာကောင်းမွန်တဲ့ အူနဲ့အစာချေစနစ်ရှိနေတာကိုပြပါတယ်။


သင့်ရဲ့အီအီးက အစိမ်းရောင်(Green poop) နေရင် သင်ဟာကလိုရိုဖီးလ်မြင့်မားတဲ့ဟင်းသီးဟင်းရွက်အမြောက်အမြားကိုစားနေတယ်လို့ဆိုလိုပါတယ်။ ဒါမှမဟုတ် အစိမ်းရောင်ပါတဲ့ ဖြည့်စွက်အစာတွေကိုစားနေတာလည်းဖြစ်နိုင်ပါတယ်။



သင့်ရဲ့ အီအီးက အဝါရောင်(Yellow poop) ဖြစ်နေတယ်ဆိုရင် သင်က မုန်လာဥနီများများစားခဲ့ဖူးတယ် ဒါမှမဟုတ် အဝါရောင်အရည်များသောက်ခဲ့ဖူးတယ်လို့ဆိုနိုင်ပါတယ်။ ဒါကသင့်ရဲသည်းခြေပြွန်တွေက အဆီဓါတ်နည်းနည်းပဲစုပ်ယူထားတယ်ဆိုတဲ့ကောင် းမွန်တဲ့အခြေအနေလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်တခါတစ်ရံမှာတော့ အဲ့ဒီအဝါရောင် အီအီးပြဿနာဟာ သင့်ပန်ကရိယရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်နော်။




တကယ်လို့သင့် အီအီးကအနီရောင်(Red poop)ဖြစ်နေရင် ဒါဟာသွေးပါနိုင်တယ်ဆိုတဲ့လက္ခဏာတစ်ခုအတွက် သတိပေးချက်လည်းဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တာက သင့်ရဲ့တစ်ရှုးတွေမှာ သွေးယိုတာ ပျက်စီးတာမျိုးတွေဖြစ်နိုင်ပါတယ်။ အချို့ဖြစ်ရပ်တွေမှာ အိမ်သာတက်တဲ့အခါ အီအီးထဲမှာသွေးယိုခြင်းဟာ အူမကြီးရောင်ရမ်းတာ၊ လိပ်ခေါင်းဖြစ်တာ နဲ့ကင်ဆာဖြစ်နိုင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်နော်။ မပေါ့ကြပါနဲ့နော်။



တကယ်လို့သင့်အီအီးက အနက်ရောင်(Black Poop)ဖြစ်ခဲ့ရင် သင်ဟာ သံဓါတ်ပါတဲ့အစာ ဒါမှမဟုတ် နာကျင်ရောင် ရမ်းမှုတွေအတွက်သောက်ရတဲ့ IBUPROFENတွေအများအပြားစားသုံးထားတာဖြစ်နိုင်ပါတယ်။ ဒါဟာအူအတွင်းပိုင်းကထူးဆန်းတဲ့အရာတစ်ခုခုခံစားမိခဲ့ရင် တစ်ခုခုဖြစ်နေနိုင်တာမို့အမြန်စစ်ဆေးသင့်ပါတယ်နော်။





တကယ်လို့ သင့်အီအီးဟာ အဖြူရောင် ဒါမှမဟုတ်မီးခိုရောင်သန်းနေရင် သင့်ရဲ့အသည်းနဲ့သည်းခြေအိတ်မှာ ပြဿနာတစ်ခုခုဖြစ်နေနိုင်ပါတယ်။ သင့်အနေနဲ့ သည်းခြေပြွန်မှာတစ်ခုခုပိတ်ဆို့နေလား ကျောက်တည်နေလားအသည်းခြောက်ရောဂါလားဆိုတာစစ်ဆေးသင့်ပါတယ်နော်…

ဒီတော့.စာကရှည်သွားမှာစိုးလို့ လောလောဆယ်တော့ အီအီးရဲ့အရောင်တွေနဲ့ရောဂါတွေအကြောင်းပဲပြောပြလိုက်ပါတယ်နော်.အကြံပေးချင်တာကတော့နံနက်ပိုင်းရေတစ်ခွက်သောက်ပီး ပုံမှန်အိမ်သာတက်တက်တဲ့အကျင့်တစ်ခုကို ကြိုးစားကြည့်နော်..

#Lifestyle_Myanmar

#Mg-Htet

Ref_Power Of Possitivity


#အရောင်
#မစင်
#မာရေး
#ပိုးမွှား
#အဝါရောင်

Some text some message..