Palm Wine လို့ခေါ်တဲ့ ထန်းရည်သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ
lifestylemyanmar.com
|
2020-03-10


သဘာဝတရားရဲ့ လက်ဆောင်တွေထက် ကျနော်တို့ရဲ့ ကျန်းမာရေးကို အကျိုးရှိစေနိုင်တာမျိုး မရှိတော့ပါဘူး။ စွန်ပလွံပင်လို၊ ထန်းပင်လို အရာများမှ ရရှိတဲ့ သဘာဝအရင်းအမြစ် သောက်စရာမျိုးဟာ ကမ္ဘာမှာ လူကြိုက်အများဆုံးသောက်စရာတစ်ခုလို့ပြောလို့ရပါတယ်။ ထန်းရည်ကို ထန်းပင်ပေါက်သော မြန်မာနိုင်ငံ၊ အိန္ဒိယ၊ ဂါနာနဲ့ အာဖရိကဒေသတို့မှာ
အများဆုံးတွေ့ရပါတယ်။ ဒါပေမယ့် သူတို့အခေါ် ကောင်းကင်ဘုံက သေရည် ၊ ကျနော်တို့အခေါ် စကိုင်းဘီယာရဲ့ကောင်းကျိုးတွေကိုတော့ သိရှိသူနည်းပါးလှပါတယ်။

ထန်းရည်မှာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေပါရှိပါတယ်



ဒါဟာ မဖြစ်နိုင်လောက်ဘူးလို့ထင်ရပေမယ့် မှန်ကန်ပါတယ်လို့ သိရှိရပါတယ်။ ထန်းရည်မှာ ဗီတာမင် B2 လို့လူသိများတဲ့ riboflavin ပါရှိပြီး riboflavin ဟာ free radicals လို့ခေါ်တဲ့ ကင်ဆာရောဂါဖြစ်စေသည့်အရာအချို့ကို တိုက်ထုတ်ရာတွင် ကူညီပေးတဲ့ antioxidant တစ်ခုဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ထန်းရည်ကိုသောက်သုံးခြင်းအားဖြင့်
သင့်ခန္ဓာကိုယ်ကို ဗီတာမင် B2 ပမာဏပြည့်မှီအောင် အထောက်အပံ့ဖြစ်စေပါတယ်။

အမြင်အာရုံကို ကောင်းမွန်တိုးတက်စေပါတယ်




ကျနော်တို့ရဲ့ သဘာဝထန်းရည်မှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေအပြင် ဗီတာမင်-စီ နဲ့ မျက်စိကျန်းမာရေးကို အထောက်အကူပေးတဲ့ဂုဏ်သတ္တိတွေပါရှိပါတယ်။ ဒါ့အပြင် မျက်စိအမြင်အာရုံတိုးတက်စေရန် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် B1 လည်းပါရှိပါတယ်။

အသားအရည်ကို ကောင်းမွန်စေပါတယ်




ထန်းရည်မှာ ပါရှိတဲ့ သံဓါတ်နဲ့ ဗီတာမင်-ဘီတို့ဟာ အသားအရေ၊ ဆံပင်နဲ့ လက်သည်း ကျန်းမာရေးတို့ကိုကောင်းမွန်စေပါတယ်။ သံဓါတ်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်များရဲ့ ဖွံ့ဖြိုးမှု၊ ကြီးထွားမှု နဲ့ လည်ပတ်မှုအတွက် အလွန်အသုံးဝင်ပါတယ်။ ထန်းရည်ကို သောက်သုံးတာဟာ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်တာနဲ့ အတူတူပါဘဲ။ ဘာကြောင့်လည်းဆို ထန်းရည်မှာ ပါဝင်တဲ့ သံဓါတ်ဟာ တစ်ရှူးများကို ပြုပြင်ခြင်းနဲ့ ကျန်းမာတဲ့ ဆဲလ်များရဲ့ ကြီးထွားမှုကို အထောက်အပံ့ပေးတာကြောင့်ဘဲဖြစ်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သက်သာစေပါတယ်




၂၀၀၈ ခုနှစ်မှာ လေ့လာမှုပြုခဲ့တဲ့ Lindberg နဲ့ Ezra တို့ရဲ့သုတေသနပြုချက်အရ ထန်းရည်သည် နှလုံးသွေးကြောဆိုင်ရာရောဂါများကို သက်သာစေပါတယ်။ ပုံမှန်သောက်သုံးပါက နှလုံးရောဂါကို ထိန်းညှိပေးနိုင်ကြောင်း ပြသခဲ့ကြပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာ နှလုံးကျန်းမာရေးကို တိုးတက်စေပြီး သွေးတိုးရောဂါကို လျော့ကျစေပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်သုံးပါက အသည်းကို ပျက်စီးစေတတ်ပါတယ်။

ထန်းရည်ကို ကြာရှည်ခံအောင် ပြုပြင်တာက သဘာဝဓါတ်ကို ပျက်စီးစေတာမို့ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ ထန်းရည်ကိုသောက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အလွန်အကျွံသောက်သုံးတာကလည်း ဆိုးကျိုးတွေရှိတာမို့ ရှောင်ကြဉ်သင့်ပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးအတွက်ဆို လတ်ဆတ်တဲ့ ထန်းရည်ကိုသာ သောက်သုံးသင့်ပါတယ်လို့ နိဂုံးချုပ်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref- Pulse


#ထန်းရည်
#ဂုဏ်သတ္တိ
#ဗီတာမင်
#ကျန်းမာရေး
#သောက်စရာ

Some text some message..