သင့်မှာ သွားဖုံးရောင်လေ့ရှိပါသလား? ယနေ့ခေတ်မှာ သွားဖုံးသွေးထွက်ခြင်းက (ဂျင်ဂလစ်ဗိုက်) သွားဖုံးရောင်ရောဂါ ခံစားနေရတဲ့ သူတွေမှာ ပိုအဖြစ်များတဲ့ လက္ခဏာဖြစ်ပါတယ်။ သွားဖုံး သွေးထွက်မှုကို လျော့နည်းအောင် ပလုပ်ကျင်းဖို့အတွက် ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူသော နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
ဘာ့ကြောင့် သွားဖုံးတွေ သွေးထွက်တာလဲ?
သွားဖုံးသွေးထွက်ခြင်းက မကြာခဏ ဖြစ်ပွားနိုင်ပါတယ်။ သွားတိုက်တဲ့အခါ သင့်သွားဖုံးက သွေးထွက်နိုင်ပါတယ်။ သွားဖုံး ရောင်ရမ်းတယ်လို့ ခံစားရတဲ့အခါ (သို့) သွားနဲ့တာကို သတိပြုမိတဲ့အခါလည်း ရှိနိုင်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းအချို့ ရှိပါတယ်။
သွားတစ်ချောင်းက အခြားသွားပေါ်မှာ ထပ်ပေါက်နေတာကြောင့်
ဗီတာမင် B3 သို့မဟုတ် C ချို့တဲ့ခြင်း
ကိုယ်ခံအားစနစ် အားနည်းခြင်း
သွေးဆုံး (သို့) ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းဆိုင်ရာ ပြဿနာများ
သွားချေးပြဿနာများ (သို့) သွားအခေါင်းပေါက်ဖြစ်ခြင်း
အရမ်းမာတာနဲ့ သွားတိုက်ခြင်း
အချို့ကိစ္စတွေမှာ ဆီးချိုရောဂါ ရှိခြင်းက သွားဖုံးသွေးထွက်နိုင်ပါတယ်။
ဒီပလုတ်ကျင်းဆေးအားလုံးက မျိုချလို့ မရဘူးဆိုတာ သတိပြုပါ။ သူတို့ကို အသုံးပြုပြီးတာနဲ့ ဘေစင်ထဲ ထွေးထည့်ပြီး ခံတွင်းကို သန့်စင်အောင် ဆေးပါ။
၁။ မုန့်ဖုတ်ဆိုဒါ
သွားဖုံးသွေးထွက်ခြင်းကို ကာကွယ်ဖို့ ကြိုးစားရာမှာ မုန့်ဖုတ်ဆိုဒါက အရမ်းထိရောက်ပါတယ်။ မုန့်ဖုတ်ဆိုဒါ အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများမှာ-
သွားချိုးကို လျှော့ချပေးပါတယ်။
ရောင်ရမ်းခြင်းကို လျော့နည်းစေပါတယ်။
ဘက်တီးရီးယားပေါက်ဖွားခြင်းကနေ ကာကွယ်ပေးပါတယ်။
သွားကိုက်ခြင်းကဲ့သို့သော အဆင်မပြေမှုနှင့် နာကျင်မှုကို သက်သာစေပါတယ်။
ရေခွက်တစ်ဝက်ထဲကို မုန့်ဖုတ်ဆိုဒါ ၁ဇွန်း ထည့်ပါ။ မုန့်ဖုတ်ဆိုဒါတွေ ရေထဲလုံးဝ ပျော်ဝင်သွားတဲ့အထိ ဇွန်းဖြင့် မွှေပါ။ ရေခဲသေတ္တာထဲထည့်ပြီး ၁၅မိနစ်လောက် အေးအောင်ထားပါ။ အအေးခံပြီးတာနဲ့ ခံတွင်းဆေးဖို့ အသုံးပြုနိုင်ပါတယ်။ အစာစားပြီးတိုင်း မုန့်ဖုတ်ဆိုဒါနဲ့ တစ်နေ့ကို ၃ကြိမ်လောက် ပလုပ်ကျင်းပေးပါ။
၂။ ဂျင်းနဲ့ ဆား
ဂျင်းနဲ့ ဆားကို ရောပြီး ပလုပ်ကျင်းခြင်းက သွားဖုံးရောင်တာကို ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် သွားဖုံးနှင့် ပတ်သတ်လာတဲ့အခါ ဆားနဲ့ ဂျင်းတို့က သိသာတဲ့ အကျိုးကျေးဇူးများရှိပါတယ်။ ဆားနဲ့ ဂျင်းက ရောင်ရမ်းတာကို လျှော့ချပေးပါတယ်။ ထို့အပြင် သွားမှာ ကပ်နေတဲ့ ဗက်တီးရီးယားများကို သေစေပါတယ်။
ရေခွက်တစ်ဝက်ထဲကို ခြစ်ထားတဲ့ ဂျင်း ၁ဇွန်းထည့် ပြုတ်ပါ။ ရေနှင့် ဂျင်းပွက်ပွက်ဆူလာရင် ဆားတစ်ဇွန်းထည့်မွှေပါ။ ၁၅မိနစ်လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။ ဒီဆားနဲ့ ဂျင်းပလုပ်ကျင်းဆေးရည်က ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ၂မိနစ်- ၃မိနစ်လောက် ငုံလိုက်ထွေးလိုက် လုပ်ရပါမ်။ တစ်နေ့ကို သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။
၃။ ပူစီနံ
ပူစီနံနဲ့ ပလုပ်ကျင်းခြင်းဟာ သွားဖုံးသွေးထွက်တာကို တားဆီးနိုင်ပါတယ်။ ပူစီနံက ကူးစက်ရောဂါများနဲ့ ရောင်ရမ်းခြင်းအတွက် အရမ်းကောင်းပါတယ်။
ရေတစ်ခွက်ကို အိုးထဲထည့်ပြီး မီးဖိုပေါ်မှာတည်ပါ။ ရေပွက်ပွက်ဆူလာရင် အိုးထဲကို လတ်ဆတ်တဲ့ ပူစီနံအရွက် ၅ရွက်ထည့်ပါ။ ပူစီနံအရွက်မှ အရည်တွေအပြည့်အဝထွက်ဖို့ ၁၅မိနစ်ထက် ပိုကြာပါလိမ့်မယ်။ ပြီးနောက် ခွက်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ငါးမိနစ်လောက် အအေးခံပါ။ တစ်နေ့ကို သုံးကြိမ်လောက် ပူစီနံရည်ဖြင့် ပလုပ်ကျင်းပေးပါ။
၄။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဖြင့် ပလုပ်ကျင်းခြင်းက သွားဖုံးရောင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ ရှားစောင်းလက်ပတ်ဟာ သွားဖုံးသွေးထွက်ခြင်း၊ သွားဖုံးရောင်ရောဂါကို ကုသနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းကို လျှော့ချပေးပါတယ်။
ရှားစောင်းဂျယ်ကို ခြစ်ယူပါ။ ရှားစောင်းဂျယ်ကို သွားဖုံးပေါ်မှာလိမ်းပြီး အသေအချာ နှိပ်ပေးပါ။ ရှားစောင်းလက်ပတ်ဂျယ်ဖြင့်လည်း သွားတိုက်နိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source- steptohealth