ရင်သားအကျိတ်
healthcare.com.mm
|
2020-03-15


Fibroadenoma (FA) ဆိုတာဘာလဲ။ Fibroadenoma (FA) ဆိုတာ အသက်ငယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များဆုံးသော ကင်ဆာမဟုတ်တဲ့ အကျိတ်ပါ။ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အတွင်း မိန်းကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အသက်ကြီးပိုင်းတွေမှာလည်း တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ သာမန်အကျိတ် တစ်ခုသာဖြစ်ပြီး ၁ လက်အရွယ်လောက်လာရှိတယ် မနာဘူး။ ကိုက်ခဲမှုမရှိဘူး။ အကျိတ်ရဲ့ မျက်နှာပြင်က ချောမွေ့ပြီး ကောင်းကောင်းလှုပ်ကြည့်လို့ရတယ်။ အခြားပြဿနာတော့ မပေးတတ်ပါဘူး။ Fibroadenoma (FA) ကို ခွဲထုတ်ဖို့လိုသလား။ လူနာက ခွဲထုတ်ချင်တယ်ဆိုရင်၊ ရုတ်တရက်ကြီးထွားလာရင်၊ ကင်ဆာအကျိတ်နဲ့ ဝေခွဲမရဖြစ်တဲ့အခါမှာဆိုရင် ခွဲထုတ်ဖို့ လိုကောင်းလိုအပ်နိုင်ပေမယ့် များသောအားဖြင့်တော့ Fibroadenoma အကျိတ်တွေက မခွဲဘဲထားလ့ိုရပါတယ်။ ရင်သားမှာ Fibroadenoma အကျိတ်ဖြစ်တယ်ဆိုရင် ၁ဝ လုံးမှာ ၁ လုံးက တစ်နှစ်အတွင်း သူ့အလိုလို ပြန်သေးပြီး ပျောက်သွားတတ်တယ်။ ရာသီလာတဲ့ ရက်အပိုင်းအခြားအပေါ်မူတည်ပြီး၊ ရင်သားအကျိတ်တွေ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါတယ်။ ရင်သားတွေလည်း တင်းပြီး ကိုက်ခဲနေတယ် ဘာကြောင့်ပါလဲ။ ရာသီစက်ဝိုင်းပေါ် မူတည်ပြီး ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်က အပြောင်းအလဲရှိပါတယ်။ ဟော်မုန်း အပြောင်းအလဲကြောင့် Cyclical breast changes လို့ခေါ်တဲ့ အထက်ပြောပြတဲ့ ရင်သားအကျိတ်နဲ့ နာကျင်ကိုက်ခဲမှုက ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။ ဟော်မုန်းကြောင့်သာ ဖြစ်ပြီးကင်ဆာနဲ့တော့ မသက်ဆိုင်ပါ။ ဟော်မုန်းကြောင့်ဖြစ်တဲ့ Cyclical breast changes ကို ဘယ်လိုကုသနိုင်ပါသလဲ။ ဟော်မုန်းကြောင့်ဖြစ်ရတဲ့ ရောဂါဖြစ်တဲ့အတွက် ကင်ဆာရောဂါအတွက် စိုးရိမ်ပူပန်စိတ် မများသင့်ကြောင်း ရှင်းပြရသလို ရင်သားကို တင်းကျပ်အောင် ပံ့ပိုးပေးနိုင်တဲ့ ဘရာစီယာကို ဝတ်ဆင်ဖို့ အကြံပြုပါတယ်။ Evening primrose oil (EVE/Eposoft) နဲ့ အကိုက်အခဲ ပျောက်ဆေးလိုမျိုး ဆေးတွေနဲ့ ကုသနိုင်သလို ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကလည်း အထောက်အကူပြုပါတယ်။ Danazol, Bromocriptin နဲ့ Tamoxifen ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆေးဝါးတွေနဲ့ ကုသလို့မရတဲ့၊ နာတာရှည် ဆိုးရွားစွာ ဒုက္ခပေးနေတဲ့ အခြေအနေမျိုးမှာတော့ ခွဲစိတ်ကုသဖို့ ဆွေးနွေးသင့်ပါတယ်။ Credit : ဒေါက်တာငြိမ်းချမ်းအောင် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။    


#အကျိတ်
#ရင်သား
#ကင်ဆာ
#Tamoxifen
#ရာသီစက်

Some text some message..