တစ်ခဏတာ ရင်အေးစေတဲ့ ဆိုဒါအချိုရည်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
lifestylemyanmar.com
|
2020-04-02



အပြင်ကရာသီဥတုက တအားပူလွန်းလို့ နေလို့ထိုင်လို့မရလောက်အောင်ကို အိုက်လွန်းလို့ ရင်ထဲအေးသွားစေဖို့အတွက် ဆိုဒါဖျော်ရည်တွေကို လူအများသောက်သုံးတတ်ကြပါတယ်။ ဆိုဒါဖျော်ရည်တွေက လူကို လန်းဆန်းစေတယ်ဆိုတာ မှန်ပေမယ့်လည်း လိုတာထက်ပိုပြီး သောက်သုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဘယ်လိုအကျိုးဆိုးတွေကို ခံစားလာရနိုင်မလဲဆိုတာကို အခုပဲဆက်ကြည့်လိုက်ရအောင်ပါ။

လိုအပ်တဲ့ အာဟာရဓာတ်တွေ မရနိုင်




ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်တဲ့ နွားနို့၊ အသီးဖျော်ရည်တွေ သောက်မယ့်အစား ဆိုဒါဖျော်ရည်တွေသာ သောက်တာကြောင့် ဗီတာမင် အေ၊ ကယ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။ အဲ့ဒီအပြင် ဆိုဒါမှာ Phosphoric အက်ဆစ်ပါဝင်ပြီး အဲ့ဒီ အက်ဆစ်က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနေတဲ့ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် ဓာတ်တွေကို သုံးစွဲပစ်လိုက်ပါတယ်။

ဆီးချိုဖြစ်နိုင်




ဆိုဒါတွေမှာ High-Fructose Corn Syrup ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်း free radicals တွေ ထုတ်လုပ်မှုများပြီး တစ်ရှူးပျက်စီးနိုင်ကာ ဆီးချိုလည်း ဖြစ်နိုင်ပါတယ်။

အချိုရည်ဗူးတွေကလည်း ကျန်းမာရေး ထိခိုက်နိုင်




ဆိုဒါအချိုရည်ထည့်တဲ့ ပလပ်စတစ်ဗူးတွေကလည်း Bisphenol A (BPA) ပါဝင်တာကြောင့် ဗူးကနေတစ်ဆင့် ဆိုဒါဖျော်ရည်ထဲဝင်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။ BPA ဓာတ်က ကိုယ်ခံအာစနစ်ကို ထိခိုက်စေတာကြောင့် အထူးသဖြင့် ကလေးတွေမှာ သတိထားသင့်ပါတယ်။

ကိုယ်အလေးချိန် တိုးမြင့်နိုင်




Diet Soda တွေတောင် ကိုယ်အလေးချိန်ကို တက်စေပါတယ်။ လူပေါင်း ၁၅၅၀ ကို သုတေသနပြုလုပ်ခဲ့ရာ Diet Sodaကို တစ်နေ့ ၁ ဗူးသောက်သူဟာ ကိုယ်အလေးချိန် တက်တာနဲ့ အဝလွန်တာကို ၄၁ ရာခိုင်နှုန်းဖြစ်စေပါတယ်။ ချိုတဲ့အရသာက အင်ဆူလင်ဓာတ်ကို တိုးမြင့်စေပြီး အဆီလောင်ကျွမ်းမှုကို တားမြစ်ပေးပါတယ်။

သကြားတွေအများကြီးပါဝင်




ဆိုဒါ ဖျော်ရည် တစ်ဗူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။ သကြားပျော်ရည်တွေအများကြီး ခန္ဓာကိုယ်ထဲဝင်သွားတဲ့အခါမှာ သွေးအတွင်းအချိုဓာတ်က တိုးမြင့်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်အလေးချိန်မြင့်၊ ဆီးချို နဲ့ တခြား ကျန်းမာရေး ပြဿနာတွေ ဖြစ်စေပါတယ်။

ရေဓာတ်ခမ်းခြောက်နိုင်




ဆိုဒါ ဖျော်ရည်ကိုသောက်သုံးများရင် ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပါတယ်။ သကြားဓာတ်၊ ဆိုဒီယမ်နဲ့ ကဖိန်းဓာတ်တွေပါဝင်တာကြောင့်ပါ။ လူတွေက ဆိုဒါဖျော်ရည်ကို ရေအစား သောက်သုံးတာကြောင့် ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်ပါတယ်။

သွားကို ပျက်စီးစေနိုင်




ဆိုဒါဖျော်ရည်သောက်တာများရင် သွေးပိုးပေါက်တွေဖြစ်လာပြီး သွားအခေါင်းပေါက်တွေဖြစ်စေပါတယ်။ ပါးစပ်ထဲမှာရှိနေတဲ့ သဘာ၀ ဘက်တီးရီးယား ပိုးမွှားတွေက သကြားဓာတ်နဲ့ပေါင်းပြီး အက်ဆစ်တွေဖြစ်စေပါတယ်။ အက်ဆစ်က သွားပျက်စီးတာ၊ သွားအခေါင်းပေါက်တွေဖြစ်စေပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-msn


#ဆိုဒါ
#ဖျော်ရည်
#အက်ဆစ်
#သကြား
#ဆီးချို

Some text some message..