အသားအရေအတွက် ကော်လာဂျင်အများဆုံးပေးသော အစားအစာ (၈) မျိုး
lifestylemyanmar.com
|
2020-04-07



အသားအရေကို ကျန်းမာစေဖို့ အလှကုန်ပစ္စည်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မျှတသော အစားအစာကို မှီဝဲဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာ ပျိုမေတို့အသားအရေအတွက် ကော်လာဂျင်ပါဝင်သော အစားအစာ (၈)မျိုးကို ဖော်ပြပေးပါမယ်။ ဒီပရိုတင်းက အရေပြားကို နုပျိုစေပြီး အဆစ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။

ကော်လာဂျင်ဆိုတာ ဘာလဲ?

ကော်လာဂျင် (Collagen)ဆိုတာ ခန္ဓာကိုယ်ထဲမှာ တွေ့ရှိရတဲ့ အရေးကြီးဆုံးပရိုတင်းဖြစ်ပါတယ်။ ကွေးနိုင်ဆန့်နိုင်၊ ခံနိုင်ရည်ရှိသော ကော်လာဂျင်အမျှင်များကို အရေပြား၊ အရိုးများ၊ ကြွက်သားများ၊ အရွတ်များနဲ့ အဆစ်များမှာ တွေ့ရပါတယ်။

ကိုယ်ခန္ဓာဟာ အရေပြားအတွက် ကော်လာဂျင်ထုတ်လုပ်ပါတယ်။ သို့သော် အချိန်ကြာလာတာနှင့်အမျှ ဒီစွမ်းရည်တွေ လျော့ကျလာပါတယ်။ အရေပြားမှာ အရေးအကြောင်းတွေ ပေါ်လာပြီး အဆစ်တွေ ပိုရောင်ရမ်းလာပါတယ်။ အရိုးတွေ အားနည်းလာပါတယ်။ ဒီအချက်ကြောင့် ကော်လာဂျင်ပါသော အစားအစာများ၊ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။

ကော်လာဂျင်က သင့်အရေပြားကို ဘာတွေပေးစွမ်းသလဲ?

ကော်လာဂျင်က အရေပြားရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ ဒီပရိုတိန်းက အသားအရေရဲ့ ကြံ့ခိုင်မှုနှင့် ဆန့်ကျုံ့ဂုဏ်သတ္တိကို ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ဟာ အစားအစာမှတေင့် ကော်လာဂျင်အလုံအလောက် ရရှိဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ငယ်ရွယ်စဉ်အချိန်မှာ ကော်လာဂျင်ဟာ အဆက်မပြတ် အသစ်ပြန်ဖြစ်ပါတယ်။ ဒါက ကျွန်မတို့ရဲ့အသားအရေကို နုပျိုစေတာဖြစ်ပါတယ်။ သို့သော် အသက် ၃၀ကျော်လာပြီးရင် အရေပြားဟာ လျော့ရဲလာပြီး အရေးအကြောင်းတွေ ဖြစ်လာတာကို သတိပြုနိုင်ပါတယ်။

အောက်ဖော်ပြပါစာရင်းမှာပါဝင်တဲ့ အစားအစာတွေက ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။

၁။ ကြက်သွန်ဖြူ

ဒီဆေးဘက်ဝင်တဲ့ ကြက်သွန်ဖြူဟာ သဘာဝပဋိဇီဝဆေးဖြစ်တဲ့အပြင် ဆာလဖာများစွာ ပါဝင်ပါတယ်။ Detox ဂုဏ်သတ္တိများရှိသော ဒီဓါတ်သတ္တုဟာ ကော်လာဂျင်ဖွဲ့စည်းမှုကို အထောက်အကူပြုပါတယ်။ ထိရောက်မှုရှိစေဖို့ အစိမ်း စားပေးဖို့လိုပါတယ်။




၂။ ကြက်သွန်နီ

ကြက်သွန်နီဟာ ကြက်သွန်ဖြူနှင့် အတူတူဖြစ်ပြီး ဆာလ်ဖာလည်း ပါဝင်ပါတယ်။ ကြက်သွန်နီကို စားသုံးခြင်းက သွေးလည်ပတ်မှုနှင့် ကော်လာဂျင်ထုတ်လုပ်မှုကို တိုးစေပါတယ်။ ထို့အပြင် ဆာလ်ဖာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖယ်ရှားပေးပါတယ်။




၃။ အဆီငါး

အဆီများတဲ့ ငါးတွေမှာ ကော်လာဂျင်အများကြီး မပါသော်လည်း သူတို့ဟာ လိုင်စင်းကြွယ်ဝတာကြောင့် စားသုံးပေးဖို့ လိုပါတယ်။ ဒီအမျိုင်နိုအက်ဆစ်က ကော်လာဂျင်ဖွဲ့စည်းမှုအတွက် အခြေခံဖြစ်ပါတယ်။ ထို့အပြင် ၎င်းတို့မှာ အသားအရေကို အာဟာရဖြည့်ပေးရာမှာ အရမ်းကောင်းတဲ့ ဖက်တီးအက်ဆစ်များပါဝင်ပါတယ်။ အဆီများတဲ့ ငါးတွေအဖြစ် ဆာဒင်းငါး၊ ငါးကွမ်းရှပ်၊ ငါးတန် ကဲ့သို့သော ငါးတွေကို စားဖို့ အကြံပြုပါတယ်။




၄။ အသား

အမဲသား၊ ကြက်သားတွေကို စားပေးဖို့ အကြံပြုလိုပါတယ်။ ခြေထောက်ကဲ့သို့သော တိရိစ္ဆာန်တွေရဲ့ အချို့အစိတ်အပိုင်းမှာ ကော်လာဂျင်များစွာ ပါရှိပါတယ်။




၅။ အရိုးဟင်းချို

ကော်လာဂျင်ကြွယ်ဝေသာ အစားအစာကို စားချင်ပါက အရိုးစွပ်ပြုတ်ကို စားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နှင့် အရိုးအပါအဝင် အသားစွပ်ပြုတ်က ကော်လာဂျင်ကြွယ်ဝရုံမကပါဘူး။ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါတယ်။




၆။ ဘယ်ရီသီးများ

ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ ကဲ့သို့သော ဘယ်ရီသီးတွေက လိုက်ကိုပိန်း (lycopenes)ဓါတ်ကြွယ်ဝပါတယ်။ အနီရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ တွေ့ရတဲ့ ဒီဓါတ်တိုးပစ္စည်းက ကော်လာဂျင်ထုတ်လွှတ်မှုကို တိုးမြှင့်စေပါတယ်။




၇။ နို့ထွက်ပစ္စည်းများ

နို့နှင့် နို့ဖြင့်ပြုလုပ်ထားတဲ့ အစားအစာတွေမှာ (lysine) လိုင်စင်းနှင့် (proline) ပရိုလိုင်းတို့ မြင့်မားစွာ ပါဝင်ပါတယ်။ ဒီအမိုင်နိုအက်ဆစ်များက ကော်လာဂျင်ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။




၈။ လက်ဖက်ရည်

ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ လက်ဖက်ရည်(tea)ဟာ free radicals တွေကို တိုက်ထုတ်ပေးပြီး ကော်လာဂျင်လျော့ကျခြင်းကို ကာကွယ်ပေးတဲ့ အစွမ်းထက် အင်တီအောက်ဆီဒင့်ဖြစ်ပါတယ်။


Lifestyle_Myanmar
LM_Nandar


Source- steptohealth


#အရေပြား
#အစားအစာ
#အရိုး
#အဆစ်
#အက်ဆစ်

Some text some message..