လိင်ဆက်ဆံခြင်းဟာ စိတ်ခံစားမှုတစ်ခုထဲကိုသာ ကောင်းမွန်ပျော်ရွှင်စေတာမျိုးမဟုတ်ဘဲ၊ စိတ်ဖိစီးမှုကိုလျော့ချပေးခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာရှိပါတယ်။ လိင်ဆက်ဆံခြင်းဟာ စိုးရိမ်ပူပန်စိတ်ကို လျော့နည်းစေတဲ့အပြင် ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ရင်းနှီးတဲ့နှောင်ကြိုးများကိုပါ ဖြစ်ပေါ်စေပါတယ်။ အဲ့တာတွေအပြင် ကျန်းမာရေးနဲ့ပတ်သတ်လို့ ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကိုပါ လျော့ချပေးပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်နဲ့ နှစ်ခြိုက်စွာအိပ်ပျော်နိုင်ဖို့အတွက်လည်း လိင်ဆက်ဆံမှုပြုခြင်းဟာ အထောက်အပံ့ကောင်းပေးပါတယ်။ ဒါတွေအပြင် ဘာတွေကိုကောင်းမွန်စေသလဲဆိုတာကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။
အအေးမိခြင်းကို လျော့နည်းစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်
ပုံမှန်လိင်ဆက်ဆံမှုရှိခြင်းဟာ ဖျားနာခြင်းကို နည်းပါးစေပါတယ်။ ဒါဟာ လိင်မှုဆိုင်ရာတက်ကြွသူများနဲ့ လိင်မှုဆိုင်ရာ လျော့နည်းသူများကို နှိုင်းယှဉ်လေ့လာမှုများအရဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းရည်တွေကို တိုးမြှင့်ပေးပြီး ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်များနဲ့ အခြားရောဂါများကို ဖြစ်စေနိုင်တဲ့ပိုးမွှားတွေကို ကာကွယ်ပေးတဲ့ antibodies တွေကိုမြှင့်တင်ပေးပါတယ်။ လိင်ဆက်ဆံမှုပုံမှန်ရှိခြင်းဟာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခံစွမ်းအားကို မွေးမြူနိုင်စွမ်းပိုလို့များပြားစေပါတယ်။ မှန်ကန်တဲ့စားသောက်နေထိုင်မှုရှိခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊ ကာကွယ်ဆေးများထိုးထားခြင်း စတာတွေကလည်း ပြင်းထန်တဲ့ကူးစက်ရောဂါတွေကိုကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
အမျိုးသမီးတွေရဲ့ ဆီးအိမ်ထိန်းချုပ်မှုကိုတိုးတက်စေပါတယ်
ဆီးခုံမို့မောက်ခြင်းဟာ အမျိုးသမီးတွေရဲ့ ဘဝကို ၃၀ ရာခိုင်နှုန်းလောက်ထိခိုက်မှုဖြစ်စေပါတယ်။ လိင်ဆက်ဆံမှုဆန္ဒပြီးမြောက်ခြင်းဟာ အမျိုးသမီးတွေရဲ့ တင်ပါးဆုံရိုးကြွက်သားတွေ အလုပ်လုပ်တာကို တိုးတက်စေပါတယ်။ ဆန္ဒပြည့်ဝခြင်းဟာ အမျိုးသမီးများ ကီးဂဲလ်လေ့ကျင့်ခန်းပြုလုပ်တဲ့ သဘောသဘာဝနဲ့တူညီပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ တင်ပဆုံကွင်းတွင်း ကြွက်သားများကြီးထွားခြင်းကြောင့် မိန်းမကိုယ်ကနေ မတော်တဆရောဂါပိုးကူးစက်နိုင်ခြင်းနဲ့ ဆီးမထိန်းနိုင်ခြင်းတို့ကို လျော့နည်းစေပါတယ်။
သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်
သွေးတိုးရှိတဲ့ လူတွေအတွက် လိင်ဆက်ဆံခြင်းဟာ သက်သာစေပါတယ်။ လေ့လာမှုတော်တော်များများအရ လိင်ဆက်ဆံခြင်း( တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းမဟုတ်)နဲ့ သွေးပေါင်ချိန်နိမ့်ကျခြင်းတို့အကြား ဆက်နွယ်မှုရှိတာကိုတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ လူနေမှုပုံစံ( အစားအစာ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှုလျော့ချခြင်း )နဲ့ သွေးပေါင်ချိန်ပုံမှန်ဖြစ်နိုင်မှုတို့အတွက်ကောင်းမွန်စေပါတယ်။ ဒါဆို သွေးပေါင်ကျဆေးတွေသောက်မယ့်အစား လိင်ဘဲဆက်ဆံလိုက်မယ်ဆိုတာမျိုးတော့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း လိင်ဆက်ဆံတာက သွေးပေါင်ချိန်ထိန်းချုပ်ဖို့အတွက် အသုံးဝင်တဲ့နည်းလမ်းဖြစ်တာတော့ အမှန်ပါဘဲ။
လေ့ကျင့်ခန်းပြုလုပ်သလိုပါဘဲ
လိင်ဆက်ဆံခြင်းဟာ နှလုံးခုန်နှုန်းကို တိုးတက်စေပြီး ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအားလုံးကို အသုံးပြုရတာမို့ တစ်မိနစ်ကို ၅ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် Gym ဆော့သလိုတော့ ကိုယ်ခန္ဓာကို ကောင်းမွန်စေမှာတော့မဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့ချပေးပါတယ်။ လိင်ဆက်ဆံခြင်းဟာ estrogen နဲ့ testosterone ဟော်မုန်းကဲ့သို့သော ဟော်မုန်းပမာဏတို့ကို စစ်ဆေးပေးဖို့ ကူညီပေးပါတယ်။ ဒီဟော်မုန်းတွေ မျှတမှုမရှိတဲ့အခါမှာနှလုံးရောဂါနဲ့ အရိုးပွရောဂါကဲ့သို့သော ရောဂါတွေဖြစ်လာနိုင်ချေများပြားလာနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ် လိင်ဆက်ဆံတဲ့ အမျိုးသားတွေဟာ လိင်ဆက်ဆံမှုနည်းတဲ့ ရွယ်တူများထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ၅၀ ရာခိုင်နှုန်းပိုနည်းတာကို တွေ့ခဲ့ရပါတယ်။
ဆီးကျိတ်ကင်ဆာအန္တရာယ်ကို လျော့ချပေးပါတယ်
လေ့လာမှုတစ်ခုအရ တစ်လမှာ ၂၁ ကြိမ် ဒါမှမဟုတ် ၂၁ တစ်ကြိမ်နဲ့အထက် သုတ်ထုတ်လွှတ်တတ်တဲ့ အမျိုးသားတွေဟာ အဲ့ဒီအကြိမ်အရေအတွက်ထက် နည်းတဲ့သူတွေထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်မှုနည်းပါးပါတယ်။ သုတ်ထုတ်လွှတ်တယ်ဆိုရာမှာ လိင်ဆက်ဆံခြင်း၊ တစ်ကိုယ်တော်ရာဂစိတ်ဖြေခြင်း၊ အိပ်နေစဉ်သုတ်ထုတ်လွှတ်တတ်ခြင်း စတာတွေပါ အကျုံးဝင်ပါတယ်။ ဒါဟာ တစ်ကယ့်ကို စိတ်ဝင်စားဖွယ်တွေ့ရှိချက်ပါဘဲ။ နောက်တစ်ချက်က လိင်ဆက်ဆံခြင်းဟာ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ဘာလို့လဲဆို လိင်ဆက်ဆံမှုပြီးမြောက်တဲ့အခါ အိပ်စက်အပန်းဖြေခြင်းကို ဖြစ်ပေါ်စေတဲ့ prolactin လို့ခေါ်တဲ့ ဟော်မုန်းပုံစံမျိုးကို တုပပြီး ထုတ်လွှတ်ပေးလို့ဘဲဖြစ်ပါတယ်။
ငယ်ရွယ်နုပျိုစေပါတယ်
ပုံမှန်လိင်ဆက်ဆံမှုရှိခြင်းဟာ estrogen နဲ့ testosterone ဟော်မုန်းတို့ကို ထုတ်လွှတ်ပေးတာမို့ အိုမင်းရင့်ရော်မှုဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ estrogen ဟော်မုန်းဟာ နုပျိုတဲ့အသားအရည်နဲ့ တောက်ပမှုတို့ကို ဖြစ်ပေါ်စေပါတယ်။ လိင်ဆက်ဆံခြင်းဟာ လူတွေရဲ့ သံယောဇဉ်နှောင်ကြိုးကို ခိုင်မာစေတဲ့ oxytocin လို့ခေါ်တဲ့ ဟော်မုန်းထုတ်လွှတ်မှုကို
လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းကို ချစ်ခြင်းမေတ္တာဟော်မုန်းလို့ လူသိများကြပြီး ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။
ဒါတွေအပြင် တက်ကြွတဲ့လိင်စိတ်ဆန္ဒရှိခြင်းနဲ့ လိင်ဆက်ဆံမှုပုံမှန်ရှိခြင်းဟာ ဦးနှောက်တွေးခေါ်မှုဆိုင်ရာကို ပိုမိုကောင်းမွန်စေခြင်း၊ စိတ်ဖိစီးမှုကိုလျော့ချပေးခြင်း၊ သက်တောင့်သက်သာဖြစ်စေခြင်း၊ သာယာတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ခြင်း စတာတွေကိုပါ အကူအညီဖြစ်စေပါတယ်။ တကယ်တော့ လိင်စိတ်ဆန္ဒရှိခြင်းနဲ့ လိင်ဆက်ဆံမှုပုံမှန်ရှိခြင်းတို့ဟာ အသုံးချတတ်မယ်ဆိုရင် ဦးခေါင်းကနေ ခြေဖျားအထိ အသုံးဝင်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Lifestyle_myanmar
#Dmo_aung
#Ref- onhealth