ဝမ်းချုပ်တတ်တာဟာ ကလေးအတော်များများ တွေ့ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာဟာ ကလေးငယ်အတွက် စိတ်အနှောက်အယှက်ဖြစ်စေရုံသာမက ဝမ်းချုပ်ခြင်းကို သက်သာစေဖို့ တစ်ခုခုမလုပ်ပါက ပိုဆိုးလာနိုင်ပါတယ်။ တကယ်လို့ ကလေးဟာ ပုံမှန်ဝမ်းမသွားဘဲ မအီမသာလက္ခဏာတွေ ပြသနေပါက ဝမ်းချုပ်နေတာ ဖြစ်နိုင်ပါတယ်။ ကလေးအဆတ်မပြတ် ငိုယိုနေခြင်း (သို့) ဝမ်းသွားဖို့ ကြိုးစားညှစ်နေခြင်းတွေ ပြုမှုနိုင်ပါတယ်။
ဒီပြဿနာတွေကို သက်သာအောင်ကူညီပါ။ မစင်တွေက အူမကြီးထဲမှာ ရှိနေတဲ့အခါ ပိုခြောက်သွေ့ပြီး ပိုမာလာပါတယ်။ ဒါက နောက်ဆုံးတွင် စွန့်ထုတ်လိုက်တဲ့အခါမှာလည်း နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကလေးတွေမှာ အစာအိမ်လမ်းကြောင်းထဲရှိ လေပြည့်နေတဲ့အခါ လေထိုးလေအောင့်တာ ဖြစ်ပေါ်ပါတယ်။ လေထိုးလေအောင့်က နာတာရှည်ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။
ဝမ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေမလဲ?
ဒီပြဿနာက ကလေးရဲ့ အစားအစာနှင့် တိုက်ရိုက်သက်ဆိုင်ပါတယ်။ ၎င်းသည် အထူးသဖြင့် လသားအရွယ်မှာ ဖြစ်ပွားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးလို့ပါ။
တစ်ချိန်တည်းမှာ မိခင်နို့တိုက်ကျွေးမှုက သူတို့အတွက် အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကလေးကို မှန်မှန်ကန်ကန် နို့တိုက်ရဲ့လား၊ နို့အလုံအလောက်ရရှိခြင်း ရှိမရှိဆိုတာ သေချာစေဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပါ။ တကယ်လို့ ကလေးကို ဖော်မြူလာနို့မှုန့်တိုက်တဲ့အခါ ဖော်မြူလာက သူတို့ကို ဗိုက်နာစေသလားဆိုတာ ဆန်းစစ်ပါ။ ဖြည့်စွက်စာကျွေးတဲ့အချိန်မှာ ဝမ်းချုပ်ခြင်းကို မဖြစ်စေတဲ့ အစားအစာများကျွေးပါ။
ကလေးဟာ နှစ်ရက်အတွင်းမှာ ဝမ်းမသွားဘူး၊ သူတို့ဝမ်းသွားတဲ့အခါ ခြောက်သွေ့ပြီး မာနေတာကို သတိပြုမိပါက အထူးကုနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် အိမ်မှာတင် ဝမ်းချုပ်ခြင်းနှင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေဖို့ နည်းစနစ်အနည်းငယ် သုံးနိုင်ပါတယ်။
နို့ဘူးတိုက်ကျွေးပါက ဖော်မြူလာထဲကို ရေအနည်းငယ်ပိုထည့်ဖို့ ကလေးအထူးကုဆရာဝန်များက အကြံပြုထားပါတယ်။
မိခင်တွေအနေနဲ့ ကလေးရဲ့ ဗိုက်၊ ကျောကုန်းနျင့် သူတို့ရဲ့ဒူးကွေးကို အသာအယာနှိပ်ပေးခြင်းက သက်သာစေပါတယ်။
လိမ္မော်ဖျော်ရည်(သို့) ရေနွေးနွေးလေး အနည်းငယ်လောက် တိုက်ပေးနိုင်ပါတယ်။
တစ်ခါတရံမှာ ကလေးငယ်ဟာ နို့ပရိုတိန်းကို အစာမကြေနိုင်တဲ့အတွက် ပဲပိစပ်အခြေခံထားတဲ့ (သို့) အခြားဖော်မြူလာအမျိုးအစားက အထောက်အကူဖြစ်နိုင်ပါတယ်။
ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း အထောက်အကူဖြစ်နိုင်ပါတယ်။
တကယ်လို့ ကလေးငယ်ဟာ ဖြည့်စွက်စာ စားသုံးနေပါက ကလေးကို အမျှင်ဓါတ်များစွာပါတဲ့ အစားအစာများ ကျွေးလေ့ရှိပါတယ်။ ဆန်နှင့် မုန်လာဥနီကဲ့သို့သော အစားအစာများက ဝမ်းချုပ်နိုင်ခြေကို တိုးပွားစေပါတယ်။
ဆရာဝန်မညွန်းဘဲ ဝမ်းနုတ်ဆေးတိုက်တာကို ရှောင်ပါ။ သို့သော် ကလေးဆရာဝန်အား ဝမ်းပျော့စေတဲ့ ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။။
အခြားရွေးချယ်မှုတစ်ခုမှာ ကလေးဝမ်းသွားရလွယ်အောင် စအိုဝမှာ glycerine သုတ်လိမ်းပေးဖို့ ဖြစ်ပါတယ်။ သို့သော် ဒါကို ပုံမှန်မလုပ်သင့်ပါဘူး။
များသောအားဖြင့် ရိုးရှင်းတဲ့ ကုထုံးအချို့က သင့်ကလေးအား ပြန်လည်သက်သာလာစေဖို့ ကူညီပါလိမ့်မယ်၊ ၄လအရွယ်ရောက်တာနဲ့ ကလေးတွေဟာ ဒီပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။
ကလေးကို သူတို့ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အစားအစာများကျွေးခြင်းဖြင့် မကြာခဏ ဝမ်းချုပ်တာ နည်းသွားပါလိမ့်မယ်။
သို့သော် ဒီပြဿနာက နာတာရှည်ပြဿနာလို ဖြစ်လာရင် ကလေးဆရာဝန်ထံသွားတာ အကောင်းဆုံးဖြစ်ပါတယ်။ သင့်ကလေးမှာ အောက်ဖော်ပြပါ အခြားရောဂါလက္ခဏာများ ရှိနေရင် ဝမ်းချုပ်ခြင်းက ပိုဆိုးနိုင်ပါတယ်။
လေးလမပြည့်သေးတဲ့ ကလေးငယ်တွေဟာ ၂၄နာရီအတွင်းမှာ ဝမ်းသွားမှုမရှိခြင်း
သိသိသာသာ ကိုယ်အလေးချိန်ကျခြင်း
မစင်ထဲမှာ သွေးပါခြင်း
အစာစားချင်စိတ်မရှိခြင်း
ကုသမှုပြီးနောက်မှာ တိုးတတ်မှု မရှိခြင်း
Chit_MayMay
LM_Nandar
Source-youaremom
ကလေးတွေ ဝမ်းချုပ်နေရင် သက်သာအောင် ဘယ်လိုလုပ်ပေးမလဲ?