အချစ်တော် ကြောင်ကလေးတွေ ဖျားနာနေပြီဆိုတာ သိနိုင်မယ့် အချက် (၅) ချက်
trend.com.mm
|
2020-04-20

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ကြောင်ကလေးတွေကတော့ အကျန်းမာဆုံး သတ္တဝါလေးတွေ ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ နာမကျန်းဖြစ်ခဲပေမယ့် ကြောင်ကလေးတွေ နေမကောင်းဖြစ်နေပြီဆိုတာကို သိရှိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) ရေတွေမကြာခဏသောက်နေမယ်။
ပုံမှန်အားဖြင့်တော့ ကြောင်တွေက ရေကို မကြာခဏဆိုသလို သောက်သုံးလေ့မရှိပါဘူး။ ရေကို ပုံမှန်ထက် သောက်သုံးနေပြီဆိုရင်တော့ သူတို့မှာ ရောဂါတစ်ခုခုကို ခံစားနေရကြောင်း သိနိုင်ပါတယ်။
၂) သာမန်ထက်အသံကျယ်လောင်စွာ အော်နေမယ်။
ကြောင်လေးတွေရဲ့ ခန္ဓာကိုယ်မှာ နာကျင်မှုကို ခံစားနေရတာမျိုးနဲ့ နေမကောင်းဖြစ်နေတဲ့အခါမျိုးတွေမှာ အသံပြုတတ်ကြပါတယ်။
၃) အကြိုက်ဆုံးအစားအစာတွေကိုတောင် မစားပဲ နေမယ်။
တကယ်လို့ ကြောင်လေးတွေက သူတို့ စားနေကျအစာတွေကိုတောင်မှ ငြင်းဆန်၊ တို့ထိမကြည့်ဘူးဆိုရင်တော့ ဒါက နေမကောင်းဖြစ်နေပြီဆိုတာ သေချာနေပြီဖြစ်ပါတယ်။
၄) ကြောင်မွှေးတွေအများကြီး ကျွတ်နေမယ်။
ဒီအချက်ကတော့ အန္တရာယ်လဲ ရှိသလို အရေးလဲ ကြီးပါတယ်။ကြောင်လေးတွေက သူတို့ခန္ဓာကိုယ်ကို မပွတ်သပ်ပဲ ကြောင်မွှေးတွေအများကြီး ကျွတ်နေပြီဆိုရင်တော့ သူတို့အချင်းချင်း ရောဂါမကူးစက်စေဖို့နဲ့ လူကို မကူးစေဖို့ တိရစ္ဆာန်ဆေးကုခန်းဆီ အမြန်ဆုံးပို့ဆောင်သင့်နေပြီဖြစ်ပါတယ်။
၅) အသက်ရှုသံက ထူးဆန်းနေမယ်။
ကြောင်တွေ နေမကောင်းဖြစ်နေပြီဆိုတာကို သိရှိနိုင်တဲ့ နောက်ထပ်အချက်တစ်ခုကတော့ သူတို့ရဲ့ အသက်ရှုသံပဲဖြစ်ပါတယ်။ အသက်ရှုသံက ပုံမှန်(သာမန်)ထက် ကျယ်လောင်နေတာမျိုးနဲ့ ပုံမှန်မဟုတ်တော့တဲ့ အခြေအနေမျိုးမှာ ကျိန်းသေ ဆေးခန်းသို့ သွားရောက်ပြသရန်လိုအပ်နေပြီပဲ ဖြစ်ပါတယ်။
Ref;www.rd.com



#ကြောင်ကလေး
#အချက်
#အိမ်မွေးတိရစ္ဆာန်
#ခန္ဓာကိုယ်
#အသက်

Some text some message..