အိမ်မွေးခွေးလေးတွေကလည်း လူတွေအတိုင်းပဲ အစားအသောက်ကို စားတဲ့အခါမှာ သူတို့ကြိုက်နှစ်သက်တဲ့အရာလေးတွေရှိတတ်ကြပါတယ်။ကျွန်တော်တို့ကလည်း သူတို့ကို ချစ်တာကြောင့် သူတို့ကို အစားအစာလေးတွေ စမ်းစမ်းပြီးကျွေးကြည့်ပါတယ်။ ထိုအစားအစာလေးတွေကို သူတို့စားလိုက်တဲ့အခါမှာ ကြိုက်နှစ်သက်တယ်လို့မှတ်ယူပြီး ဆက်တိုက်ကျွေးဖြစ်ကြပါတော့တယ်။ ဒါဆိုရင်တေ့ ဘယ်အစားအစာတွေက သင့်ရဲ့ အိမ်မွေးခွေးအတွက် အန္တရာယ်ဖြစ်စေနိင်ပြီး ဘယ်လိုအစားအစာတွေက သင့်တော်သလည်းဆိုတာကိုတော့ သိထားသင့်ပါတယ်။
၁။အုန်းသီးနှင့်အုန်းရည်
အုန်းသီးနှင့် အုန်းရည်ကို ခွေးကို ကျွေးမွေးလိုက်လို့ ကြီးမားတဲ့ ထိခိုက်မှုမျိုးတော့ မရှိပါဘူး။ သို့ပေမယ့်လည်း ဗိုက်အောင့်ဗိုက်နာခြင်းတွေကို သင့်ရဲ့ ခွေးလေးအနေနှင့် ခံစားရနိင်ပါတယ်။ ပဲတောင့်ကဲ့သို့သော အစားအစာတွေကတော့ အိမ်မွေးတိရစ္ဆာန်တွေကု အဆိပ်သင့်စေနိင်ခြင်းမရှိပါဘူး။
၂။ချက်ပြုတ်ပြီးသား အရိုး
အိမ်မှာ အသားဟင်းချက် ချက်တဲ့အခါ အိမ်မွေးခွေးလေးတွေအတွက် အရိုးတွေကိုသူတို့အတွက် သပ်သပ်ဖယ်ကြလေ့ရှိပါတယ်။ ဒီလိုမျိုး ချက်ပြုတ်ပြီးသား အရိုးတွေဟာတကယ်တော့ ခွေးလေးတွေအတွက် အန္တရာယ်တော်တော်လေးရှိစေပါတယ်။ အရိုးတွေကို ကိုက်လို့ ပဲ့သွားတဲ့ အပိုင်းအစအချွန်တွေဟာ ခွေးလေးရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်မိသွားနိင်ပြီ ကိုယ်တွင်းအဂါၤအနာရသွားစေပါတယ်။အရိုးစားရတာကြိုက်တဲ့ သင့်ရဲ့ အိမ်မွေးခွေးလေးအတွက် အရိုးအစိမ်းတွေကို ဒီတိုင်းကျွေးတာက စိတ်ချရပါတယ်။
၃။ထောပတ်သီး
လူတွေအတွက် ထောပတ်သီးဟာ ကျန်းမာရေးအတွက် ရောအလှအပရေးရာအတွက်ပါ အသုံးတည့်တဲ့ အသီးပါ။ ခွေးလေးတွေအတွက်ကတော့ ထောပတ်သီး စားခြင်း အဆိပ်သင့်စေတာကြောင့် သင့်ရဲ့ခွေးကို ထောပတ်သီးကျွေးတာမျိုး မပြုလုပ်သင့်ပါဘူး။ ခွေးလေးတွေဟာ တခြားသော တိရစ္ဆာန်တွေထက် အဆိပ်ဒဏ်ကို ခံနိင်တဲ့ စွမ်းရည်ရှိတာကြောင့် သိပ်စိတ်ပူစရာမလိုပေမယ့်ကြိုတင်သတိထားသင့်ပါတယ်။
သင့်ရဲ့ခွေးလေးကို ဌက်ပျောသီးကျွေးခြင်းဟာ သူ့အတွက် အာဟာရတွေကို ရရှိစေနိင်ပါတယ်။ ဒါပေမယ့်လည်း သကြားဓာတ်အလွန်အကျွန် မဖြစ်စေဖို့အတွက် ထိန်းသိမ်းပြီးကျွေးသင့်ပါတယ်။
၄။အသားစိမျး
အရိုးစိမ်း စားခြင်းက ခွေးတွေအတွက် အဆင်ပြေပေမယ့် အသားစိမ်းစားခြင်းဟာ ခွေးအတွက်ရော လူအတွက်ရော ပါ မသင့်တော်ပါဘူး။ သားစိမ်းငါးစိမ်းမှာပါဝင်တဲ့ ဘက်တီးရီးယားတွေဟာ ဒီအတိုင်းစားလိုက်ရင် သင့်ခွေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိင်ပါတယ်။