ကင်းပုံရွက်နှင့်ကျန်းမာရေး
trend.com.mm
|
2020-05-08

ကင်းပုံရွက်(ဒါမှမဟုတ်) ကင်းပုံသီးတို့က ခြံစည်းရိုးတွေမှာ နွယ်တတ်ပြီး ပေါက်တတ်တဲ့ အပင်ဖြစ်ပြီး တချို့ကလဲ သေချာလေးစိုက်ပျိုးကြပါတယ်။အများအားဖြင့်တော့ နယ်ဘက်တွေမှာ အများဆုံးတွေ့ရှိရတတ်ပါတယ်။ဒီအပင်တွေက နွယ်ပင်တစ်မျိုးဖြစ်ပြီး အသီးရော၊အရွက်၊အညွှန့်မှာပါ ဆေးဖက်ဝင်ကြပါတယ်။


၁) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
ယခင်က ကင်းပုံကို ဆီးချိုရောဂါကုသရန်အတွက်အသုံးပြုခဲ့ကြပါတယ်။ ကင်းပုံပင်ရဲ့ ရိုးတံနှင့် အရွက်ကို ကြော်ချက်တာ (သို့) ဟင်းချိုချတ်သောက်ခြင်းဖြင့် ပြုလုပ်ကြပါတယ်။
တစ်ပတ်ကို နှစ်ကြိမ်လောက်စားပေးခြင်းဖြင့် ဆီးချိုအတတ်အကျကို ထိန်းညှိစေနိုင်ပါတယ်။


၂) အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကင်းပုံသီးက အဝလွန်ခြင်းကို ကာကွယ်ပေးတယ်လို့ သုတေသနက ဖော်ပြထားကြပါတယ်။ ကင်းပုံသီးစားပေးခြင်းဖြင့် အဆီဆဲလ်မဖြစ်ခင်အခြေအနေကို ကြိုတင်ကာကွယ်ပေးပါတယ်။ ဇီဝဖြစ်စဉ်နှုန်းကို ပိုမြန်စေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။


၃) မောပန်းနုံးချိခြင်း
ကင်းပုံသီးမှာ သံဓာတ် ၁.၄ မီလီဂရမ်ပါဝင်တာကြောင့် သွေးအားနည်းခြင်း၊ မောပန်းနုံးချိခြင်းတွေကို သက်သာစေပါတယ်။ သံဓာတ်အားနည်းရင်ဖြစ်ပေါ်တတ်တဲ့ သွေးအားနည်းခြင်းအပါအဝင် တခြား လက္ခဏာတွေကိုပါ သက်သာစေတယ်လို့ သိရပါတယ်။


၄) အာရုံကြောကိုအားကောင်းစေပါတယ်။
ဖရဲသီးလိုမျိုး ကင်းပုံသီးမှာလည်း B2 လိုမျိုး ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေများစွာပါဝင်ပါတယ်။ ထို့ပြင် အာရုံကြောစနစ်ကို ပိုကောင်းမွန်စေနိုင်တဲ့ ဓာတ်သတ္တု၊ အာဟာရဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလဲပါဝင်ပါတယ်။အတတ်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။


၅) ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
Thiamine က ကာဗွန်ဟိုက်ဒရိတ်တွေကို ဂလူးကို့စ်အဖြစ်ပြောင်းလဲပေးပါတယ်။ခန္ဓာကိုယ်ရဲ့ ခွန်အားကို ဖြည့်တင်းပေးပြီး ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ကင်းပုံသီးမှာပါတဲ့ Thiamine က သွေးကလာပ်စည်းတွေထဲကို ဝင်ရောက်ပြီး ခွန်အားပိုဖြစ်စေတာပါ။ ဒီဓာတ်ကြောင့်ပဲ သွေးနီဥဆဲလ်တွေကိုလဲ ထုတ်လုပ်နိုင်စေပြီး မျိုးဗီဇဆိုင်ရာ ရောဂါများကိုလည်း ကုသပေးနိုင်ပါတယ်။


၆) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
ကင်းပုံသီးက အစာခြေစနစ်ကို အမျှင်ဓာတ်ဖြင့် ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်း၊အနာဖြစ်ခြင်းလိုမျိုးအစာအိမ်နှင့် အူလမ်းကြောင်းရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။


၇) ကျောက်ကပ် ကျောက်မတည်အောင်ကာကွယ်ပေးပါတယ်။
ကျောက်တည်ခြင်းက ကယ်လ်စီယမ်နဲ့ တခြားသတ္တုဓာတ်တွေက ဆီလမ်းကြောင်းအတွင်း အနည်ထိုင်စုပြီး အခဲပုံစံဖြစ်သွားတာကို ဆိုလိုတာပါ။ ထိုက်သင့်တဲ့ ပမာဏထက်ပိုပြီး အငန်စားတာများရင် ကျောက်ကပ်ကျောက်တည်နိုင်ပါတယ်။ ကင်းပုံသီးမှာ ပါတဲ့ ကယ်လ်စီယမ်က ကျန်းမာရေးအတွက်ကောင်းပြီး ဟင်းနုနွယ်လိုမျိုး တခြားဟင်းသီးဟင်းရွက်တွေနှင့် တွဲစားရင် ကျောက်ကပ်ကျောက်ကို ကြေစေနိုင်ပါတယ်။


၈) ဓာတ်မတည့်မှုတွေကို မဖြစ်ပေါ်စေပါဘူး
ကင်းပုံက saponin၊ alkaloids၊ steroids ၊ flavonnoids နှင့် glycosides တို့ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်မတည့်မှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။


၉) ကင်ဆာကာကွယ်တယ်။
ကင်းပုံသီးရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဘီယာကယ်ရိုတင်းကြွယ်ဝမှုကြောင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ဒီဓာတ်တွေက အကျိတ်ဆဲလ်တွေကြီးထားမှုကို နှိမ်နင်းနိုင်ပြီး ကင်ဆာဆဲတွေ ပြန့်ပွားခြင်းကို တားဆီးနိုင်ပါတယ်။


၁၀) နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။
ကင်းပုံသီးမှာ ပိုတက်စီယမ်လည်း ကြွယ်ဝပါတယ်။ ပိုတက်စီယမ်ကသွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဆေးဖက်ဝင်တယ်ဆိုပြီး အများကြီးမစားဖို့တော့ လိုအပ်ပါတယ်။ ထိုသင့်သလောက်ကို မကြာခဏ စားလို့ရပေမယ့် ပမာဏအများကြီး စားရင်တော့ ဝမ်းပျက်၊ဗိုက်နာ စတဲ့ ရောဂါတွေဖြစ်နိုင်ပါတယ်။


Ref;HEALTHGROUP


#ကင်းပုံ
#ကျောက်ကပ်
#ဇီဝ
#ဆဲလ်
#အတတ်

Some text some message..