လှီးလိုက်တိုင်း မျက်ရည်ကျစေတဲ့ ကြက်သွန်နီကပေးစွမ်းနိုင်တဲ့ အလှအပနဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
lifestylemyanmar.com
|
2020-05-08



ကြက်သွန်နီကိုလှီးနေတဲ့အချိန်မှာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျပြီး စားတဲ့အခါမှာလည်း ခံရခက်တဲ့ခံတွင်းနံ့ကိုဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့်လည်း ထိုဆိုးကျိုးနှစ်ခုလွဲရင် ကြက်သွန်နီတွေဟာ ကျန်းမာရေးနဲ့အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ မီးဖိုချောင်ရတနာတစ်ပါးဖြစ်ပါတယ်။

Anti-Inflammatory, Anti-Allergic, Antioxidant, နှင့် Anti-Carcinogenic တို့လို အစွမ်းသတ္တိတွေပါဝင်ပြီး ဗီတာမင်အေ၊ B6, B-Complex နှင့် စီ၊ သံဓာတ်၊ ဖော့လစ်၊ ပိုတက်ဆီယမ်တို့လည်း ကြွယ်ဝပါတယ်။ မည်သည့်ဟင်းလျာနှင့်မဆို လိုက်ဖက်ညီညီစားသုံးနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဟင်းလျာတိုင်းမှာမပါမဖြစ် ကြက်သွန်နီအစိမ်းရဲ့ အလှအပနဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း




အဆုတ်၊ သားအိမ်၊ အစာအိမ်၊ ဆီးအိမ်၊ ရင်သား၊ အသည်းနဲ့ ဦးနှောက်ကင်ဆာတို့ဖြစ်ပွားနိုင်မှုအပေါ် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်နီတွင်ပါဝင်သည့် Antioxidant ဓာတ်သတ္တိများသည် ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များဖြစ်ပွားမှုကို တိုက်ထုတ်ပေးတာကြောင့် အနည်းဆုံး တနေ့တလုံးစားသုံးပေးဖို့ တိုက်တွန်းလိုပါတယ်။

နှလုံးရောဂါ




Antioxidant နှင့် Anti-Inflammatory တို့ပါဝင်သည့် ကြက်သွန်နီသည် သွေးပေါင်ချိန်မြင့်တက်ခြင်း၊ နှလုံးအမောဖောက်ခြင်း၊ နှလုံးရပ်ခြင်း စသည့် နှလုံးဆိုင်ရာပြဿနာတွေအကုန်လုံး ဖြစ်ပေါ်နိုင်ခြေကို လျော့ချပေးပါတယ်။

သွေးချိုထိန်းညှိပေးခြင်း




ဆီးချိုသမားများအတွက် ကြက်သွန်နီများက အထူးသင့်တော်မှုရှိလှပါတယ်။ ကြက်သွန်နီတွင်ပါဝင်သည့် Allyl Propyl Disulfide ခေါ် ဆာလဖာဒြပ်ပေါင်းသည် အဆင့် ၁ နှင့် ၂ ဆီးချိုသမားများအား အင်ဆူလင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးကလူးကို့စ်ပမာဏကို လျော့ချပေးပါတယ်။ သည့်အတွက် ဆီးချိုသမားများ ကြက်သွန်နီကို နေ့တိုင်းစားသုံးပေးပါ။

အရိုးသိပ်သည်းမှုကို မြှင့်တင်ပေးခြင်း




အထူးသဖြင့် အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ ခံစားလာရနိုင်တဲ့ အရိုးပွရောဂါအတွက် အလွန်ထိရောက်တဲ့ သဘာဝနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ပန်းနာရင်ကြပ်ကုသပေးခြင်း




ပန်းနာရင်ကြပ်နှင့် အခြားအသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေကို ကြက်သွန်နီက ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်နီတွင်ပါဝင်သည့် ဆာလဖာပါဝင်မှုသည် ထိရောက်သော Anti-Inflammatory အကူအညီတစ်မျိုးအနေနှင့် အလုပ်လုပ်ပေးပါတယ်။

အသားအရေကို ကျန်းမာစိုပြေစေခြင်း




ကြက်သွန်နီအရည်သည် အသားအရေကို ကျန်းမာပြီး ဝင်းလက်စိုပြေဖို့ ကူညီပေးနိုင်ပါတယ်။ အသားအရေရှိ အမည်းစက်များ၊ ဆားဝက်ခြံများအပြင် ဝက်ခြံကိုလည်း ကုသပေးနိုင်ပါတယ်။ သည့်အပြင် အရေးအကြောင်းများကိုလည်း ဖယ်ရှားပေးနိုင်ကာ အသားအရေကိုပျော့ပျောင်းနူးညံ့မှုရှိစေပါတယ်။

ကြက်သွန်နီအရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ဒိန်ချဉ်အနည်းငယ်မျှနှင့် ရောမွှေပြီး အသားအရေနှင့်လည်ပင်းတစ်ဝိုက်ကို လိမ်းကြံပေးပါ။ ဆယ်မိနစ်ကြာပြီးနောက် ကြက်သီးနွေးထရုံရေဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ တပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

ဆံပင်သန်စွမ်းစေခြင်း




ကြက်သွန်နီတစ်လုံးကို အရည်ညှစ်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် Lavender ပန်းအဆီနှစ်စက် သို့မဟုတ် သုံးစက်နှင့်ရောပေးပါ။ ဦးရေပြားကိုနှိပ်နယ်ပေးပြီး ဆံပင်ကို shower cap နှင့်အုပ်ထားကာ တစ်ည သို့မဟုတ် အနည်းဆုံးတစ်နာရီထားပေးပါ။ ရေနှင့်ဆေးချပြီး ပုံမှန်အတိုင်းခေါင်းလျှော်ရည်ကို အသုံးပြုပါ။စိတ်ကျေနပ်သော ရလဒ်ရသည်အထိ တပတ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်မှန်မှန်လုပ်ဆောင်ပေးပါ။

#Lifestyle_Myanmar

#Thinzar

Ref-stylecraze


#ကြက်သွန်နီ
#ဆီးချို
#နှလုံး
#ကင်ဆာ
#ဟင်းလျာ

Some text some message..