ကြာရှည်စွာထိုင်ခြင်းရဲ့ အန္တရာယ်တွေနှင့် ပတ်သက်ပြီးတော့ ကျွမ်းကျင်သူတွေက ကျွန်တော်တို့ကို အမြဲသတိပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အထိုင်များသော ဘဝပုံစံများ၊ ပုံမှန်ဖိစီးမှုတွေနှင့် ပေါင်းစပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အကြီးအကျယ်အန္တရာယ်ဖြစ်စေပါတယ်။ ကျွန်တော်တို့အလုပ်မှာ စားပွဲခုံပေါ်မှာထိုင်တယ်၊ အိမ်ပြန်လာကြတယ်၊ တီဗွီကို ချက်ချင်းဖွင့်တယ်။ အများစုက လေ့ကျင့်ခန်းမလုပ်ကြဘူး။ နေရာတိုင်းကို ကားနဲ့ပဲသွားကြတယ်။
ကြာရှည်စွာထိုင်ခြင်းက ကျွန်တော်တို့ရဲ့ကျန်းမာရေးကို သိသိသာသာထိခိုက်စေနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ၊ ဆီးချိုရောဂါနှင့် အချိန်မတန်မီသေဆုံးခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုအပျက်သဘောဆောင်သောဆိုးကျိုးတွေကြောင့် ဆေးလိပ်သောက်ခြင်းနှင့် နှိုင်းယှဉ်လေ့ရှိပြီးတော့ သုတေသီအချို့က ”ထိုင်ခြင်းက ဆေးလိပ်သောက်နည်းအသစ်”ဆိုပြီးတော့ တင်စားကြပါတယ်။
တစ်ချို့လေ့လာမှုတွေအရ လှုပ်ရှားမှုမရှိဘဲ တစ်နေ့လျှင် ရှစ်နာရီကျော်ထိုင်သူတွေက အဝလွန်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် သေရခြင်းစတဲ့အန္တရာယ်နှင့်အလားတူ သေဆုံးနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်တဲ့။ ရုပ်ပိုင်းဆိုင်ရာတက်ကြွသောလူတွေမှာ အရိုးသန်မာပြီးတော့ စွမ်းအင်နှင့် ခံနိုင်ရည်ပိုရှိပြီးယေဘုယျအားဖြင့် ပိုမိုကျန်းမာစေပါတယ်။ ဒီကနေ့မှာတော့ အချိန်ကြာမြင့်စွာထိုင်ခြင်းကို ရှောင်ရှားသင့်တဲ့အကြောင်းရင်း (၁၁)ချက်ကို မျှဝေပေးမှာဖြစ်ပါတယ်။
၁။ ကြာရှည်စွာထိုင်ခြင်းက အူမကြီး၊ အဆုတ်နှင့် endometrial ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
၂။ American Preventative Medicine ဂျာနယ်မှာ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုအရ အထိုင်များသူတွေဟာ အချိန်မတန်ဘဲသေဆုံးနိုင်ခြေရှိကြောင်းပြသခဲ့ပါတယ်။
၃။ ကြာရှည်ထိုင်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရာအားလုံးကို နှေးကွေးစေပါတယ်။ ကျွန်တော်တို့လှုပ်ရှားနိုင်လေလေ လတ်ဆတ်သောသွေးနှင့် အောက်စီဂျင်ကို ဦးနှောက်ထဲကို စီးဝင်သွားလေလေဖြစ်ပါတယ်။ ဒါက ဓာတုပစ္စည်းတွေနှင့် ကုန်ထုတ်စွမ်းအားတွေကို လျော့နည်းစေပါတယ်။
၄။ ထိုင်နေတဲ့အခါ ကျွန်တော်တို့ရဲ့ abs တွေက လျော့လာပါတယ်။ တင်ပါးဆုံရိုး flexors က ပိုတိုလားပြီးတော့ ခြေထောက်တွေက အားနည်းလာပါတယ်။ ၎င်းက မျှတမှုနှင့် တည်ငြိမ်မှုကို အားနည်းစေတာကြောင့် ထိခိုက်ဒဏ်ရာရခြင်းနှင့် အရိုးကျိုးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၅။ မတ်တပ်ရပ်နေစဉ်မှာ ကယ်လိုရီ ၃၀%ပိုမိုလောင်းကျွမ်းသွားစေတာကြောင့် အထိုင်များခြင်းက အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တဲလ်ဗစ်တက္ကသိုလ်မှ သုတေသီတွေက ကြာမြင့်စွာနေထိုင်ခြင်းကြောင့် preadipocyte ဆဲလ်လို့ ခေါ်တဲ့ ဖက်တီးတစ်သျှူးဆဲလ်ကို ဖွံ့ဖြိုးစေနိုင်ပါတယ်။
၆။ ကြာရှည်စွာထိုင်ခြင်းက သကြားဓာတ်ပမာဏကို မြင့်တက်စေနိုင်ပြီး အင်ဆူလင်ကို ကျွန်တော်တို့ခန္ဓာကိုယ်ကိုတုံ့ပြန်ပြောင်းလဲစေခြင်းက နောက်ဆုံးမှာ ဆီးချိုရောဂါကို ဦးတည်စေပါတယ်။
၇။ အထိုင်များသူတွေဟာ နှလုံးရောဂါကို တိုးပွားစေပါတယ်။ သူတို့ကြွက်သားတွေက အဆီနည်းသွားတာကြောင့် သွေးစီးဆင်းမှုနှေးကွေးပြီး အဆီအက်စစ်တွေ စုပုံလာတာဖြစ်ပါတယ်။
၈။ အင်ဆူလင်ကို ကျွန်တော်တို့ရဲ့ ပန်ကရိယက ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဟော်မုန်းက စွမ်းအင်အတွက် ဂလူးကို့စ်ကို ကျွန်တော်တို့ဆဲလ်ထဲကို သယ်ဆောင်ဖို့ကူညီပေးတာဖြစ်ပါတယ်။ မလှုပ်မရှားနေတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်က အင်ဆူလင်ဓာတ်ထုတ်လွှတ်ခြင်းကို စနစ်တကျမတုံ့ပြန်နိုင်တော့ပါဘူး။
၉။ ကြာရှည်စွာထိုင်ခြင်းက ကျောရိုးအပေါ်ဖိအားတွေများပြားခြင်းကြောင့် အူကျရောဂါ၊ ခါးနဲ့သက်ဆိုင်သော ရောဂါအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒေါက်တာ Kelly McGonigal ရဲ့အဆိုအရ ”သင်ထိုင်တဲ့အခါ ကျောရိုးရဲ့ သဘောဝအကွေးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဆိုလိုတာက သင်က သင့်ကျောကြွက်သားတွေက သင့်ကျောရိုးကို အသုံးမပြုတော့တာကြောင့် သင့်ရဲ့ ပုံသဏ္ဍာန်ကို ထိန်းထားဖို့ တစ်ခုခုလိုအပ်သလိုဖြစ်ပါတယ်။
၁၀။ ကြာရှည်စွာထိုင်ခြင်းက လည်ပင်းနာကျင်မှု၊ တောင့်တင်းမှုနှင့် ကိုယ်ခန္ဓာအနေအထားကိုလည်းအားနည်းစေပါတယ်။
၁၁။ မလှုပ်မရှားနေခြင်းက ကျောရိုးရှိသတ္တဝါတွေအကြား မညီမျှမှုကို ဖြစ်ပေါ်စေပါတယ်။ ၎င်းက အရေးကြီးသော အာဟာရဓာတ်တွေကို ငတ်မွတ်စေပါတယ်။
ဒါ့ကြောင့်မို့ ကျွန်တော်တို့အားလုံးက လိုအပ်သောအပြောင်းအလဲတွေကို ပြုလုပ်ဖို့နှင့် အထိုင်များခြင်းကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာပျက်စီးမှုကို ကာကွယ်ဖို့လိုအပ်ပါတယ်။ ယောဂကျင့်ပါ။ လမ်းလျှောက်ပါ။ ရုံးခန်းတစ်ဝိုက်လမ်းလျှောက်ပါ။ အလုပ်ခွင်မှာ နာရီဝက်တိုင်း ခန္ဓာကိုယ်ကို ဆန့်ပေးပါ။
Lifestyle_Myanmar
Nyein_Thu
Ref-healthyfoodhouse