ဂေါ်ရခါသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-05-22

သဘာဝအသီးအရွက်တွေက ကျန်းမာရေးအတွက် များစွာကို အထောက်အကူပြုစေနိုင်ပါတယ်။ ဒီထဲကမှ ဂေါ်ရခါးသီးကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများစွာ ရရှိစေနိုင်ပါတယ်။ ဂေါ်ရခါးရွက်ကိုကြော်စားတာအရသာရှိလှသလို အသီးကိုလည် မျိုးစုံချက်စားရာမှာ ကောင်းမွန်လှပါတယ်။ ဂေါ်ရခါးသီးက ကျန်းမာရေးအတွက် အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကဲဆက်ကြည့်လိုက်ရအောင်နော်။




၁။ antioxidants များပါဝင်ခြင်း

ဂေါ်ရခါးသီးမှာ antioxidants ကြောင့် အကျိုးကျေးဇူးတွေ ရရှိနေတာဖြစ်ပါတယ်။ antioxidants တွေဟာ အစားအသောက်တွေအမျိုးမျိုးမှာ တွေ့ရတဲ့ ဒြပ်ပေါင်းတွေဖြစ်ပြီး ဆဲလ်ပျက်စီးမှုတွေကို ကာကွယ်ပေးပြီးရောင်ရမ်းခြင်းတွေကို လျှော့ချပေးပါတယ်။




၂။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း

ဂေါ်ရခါးသီးစားခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်ချေရှိတဲ့ အချက်တွေ သွေးပေါင်ချိန်မြင့်တတ်ခြင်း၊ ကိုလက်စထရောစီးဆင်းမှုတွေကို နည်းပါးစေပါတယ်။ ဂေါ်ရခါးသီးမှာ ဖိုင်ဘာဓာတ်ရဲ့အရင်းအမြစ်ဖြစ်ပါတယ်။ ဂေါ်ရခါးသီးမှာ ဖိုင်ဘာဓာတ်ကြွယ်ဝတာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။




၃။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း

ဂေါ်ရခါးသီးမှာ carb ပျော်ဝင်နိုင်သည့် အမျှင်ဓာတ်တွေပါဝင်တာောကာင့် သွေးတွင်းသကြားဓာတ်တွေကိုထိန်ညှိပေးနိုင်ပါတယ်။ ပျော်ဝင်နိုင်သော ဖိုင်ဘာသည် အစာခြေခြင်းနှင့် ကာဗွန်စုပ်ယူခြင်းကို နှေးကွေးစေး၊ အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် တုံ့ပြန်မှုကို လျော့နည်းစေပါတယ်။ သွေးတွင်းသကြားဓာတ်မြှင့်တတ်လာပါက ဆီးချိုတတ်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်။




၄။ ဖောလစ်အက်ဆစ်ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်သည်တွေ စားသုံးနိုင်ခြင်း

ဖောလိတ်(သို့) ဗီတာမင်ဘီ9 သည်လူအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သို့သော်လည်း ကိုယ်ဝန်ဆောင်သည်တွေအတွက်ကတော့ပိုပြီးတော့ အရေးပါလှပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သန္ဓေသားရဲ့ဦးနှောက်နှင့် ကျောရိုး ကိုကောင်းမွန်စွာဖွံ့ဖြိုးရန်အတွက် လိုအပ်ပါတယ်။ ဖောလိတ်ဓာတ်လုံလောက်စွာ စားသုံးခြင်းသည် မမွေးဖွားခင်းနှင့် မွေးဖွားတဲ့ အချိန်မှာ ဖြစ်ပေးလာနိုင်တဲ့အရာတွေကို တားဆီးနိုင်မယ့် အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖောလိတ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။


#ဂေါ်ရခါးသီး
#ကိုယ်ဝန်ဆောင်
#သကြား
#အကျိုးကျေးဇူး
#နှလုံးရောဂါ

Some text some message..