
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon
ကွမ်းယာ
ထဲမှာ ထည့်ဝါးလေ့ရှိသလို အပျင်းပြေ ဝါးစားလေ့ရှိကြတဲ့
ကွမ်းသီး
က မြန်မာလူမျိုး တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကွမ်းယာစားလို့
ကျန်းမာရေးဆိုးကျိုးတွေ
များတာ မှန်ပေမယ့် ဒါက ကွမ်းသီးကြောင့် မဟုတ်ပါဘူး။ သဘာဝအတိုင်းရှိနေတဲ့ ကွမ်းသီးက
ကျန်းမာရေး
ကို အထောက်အကူပြုပေးပါတယ်။
ကွမ်းသီးကပေးတဲ့ ကျန်းမာရေး
ကွမ်းသီးက အခုလို
ကျန်းမာရေးအကျိုးကျေးဇူး
တွေ ပေးပါတယ်။
လေဖြတ်တာ
ကို သက်သာစေနိုင်တယ်
ကွမ်းသီး ကနေရတဲ့ အဆီအနှစ်က လေဖြတ်ထားတဲ့ လူနာတွေကို ပြန်လည် သက်သာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ စကားပြန်ပြောနိုင်စေဖို့၊ ဆီးထိန်းနိုင်စေဖို့ နဲ့
ကြွက်သားတွေ
ထိန်းသိမ်းနိုင်စွမ်း ကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။
ခံတွင်း
ကျန်းမာစေတယ်
ကွမ်းသီးက ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားကို အကောင်းဆုံး တိုက်ဖျက်နိုင်ပါတယ်။ နောက်တစ်ခုက ကွမ်းသီးဝါးတာက
သွားချေး
တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ခံတွင်းခြောက်တာ
ကို သက်သာစေနိုင်တယ်
ကွမ်းသီးဝါးတာက တံထွေးထွက်ရှိမှု ကောင်းစေပြီး ခံတွင်းခြောက်တာ နဲ့ ခံတွင်းခြောက်တာကြောင့် ဖြစ်တဲ့
ဘက်တီးရီးယားတွေ
ကို သက်သာစေနိုင်ပါတယ်။
သွေးအားနည်းရောဂါ
ကာကွယ်ပေးတယ်
ကွမ်းသီးကို ဆေးဖြစ်ဝါးဖြစ်လောက် ဝါးပေးတာက
သံဓာတ်အားနည်းမှု
ကို ကာကွယ်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သံဓာတ်အားနည်းတာကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါကို သက်သာစေနိုင်ပါတယ်။
သန်ကျစေနိုင်တယ်
ကွမ်းသီးက သဘာဝ သန်ကျဆေးတစ်ခုပါ။ သန်ချဆေး မသောက်ချင်ဘူးဆိုရင်တော့ ကွမ်းသီးကိုသာ ဝါးပေးပါ။
သန်ကောင်၊ တုတ်ကောင်တွေ
ကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။
ဆီးချို
ကာကွယ်နိုင်တယ်
ကွမ်းသီးမှာပါတဲ့ Arecoline က ဆီးချိုရောဂါဖြစ်စေနိုင်တဲ့
သွေးတွင်းသကြားဓာတ်
မြင့်တက်မှုကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ဖို့ အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။
အပူ သက်သာစေတယ်
အခုလို ရာသီဥတုပူတဲ့အခါ အပူဒဏ်ကြောင့်ဖြစ်တဲ့
အပူရှပ်
တာ၊ အပူလွန်ကဲ တာလိုမျိုး ပြဿနာတွေကို ကကွယ်ဖို့ဆိုရင် ကွမ်းသီးကို ဝါးပေးလို့ရသလို ကွမ်းသီးပင်အရွက်ကို ဝါးပေးလို့လည်းရပါတယ်။
တန်ဆေး လွန်ဘေး
ကွမ်းသီးက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတယ်ဆိုပေမယ့်
ကိုယ်ဝန်ဆောင်
တွေ။
နို့တိုက်မိခင်
တွေနဲ့တော့ မသင့်တော်ပါဘူး။ ဒါအပြင် ကွမ်းသီးကို အမြဲလိုလို စားမယ်၊ အခြားဆေးတွေနဲ့ တွဲစပ်စားသုံးမယ်။ ကွမ်းယာ တစ်ချိန်လုံး စားမယ်ဆိုရင်တော့
ခံတွင်းကင်ဆာ
ကွမ်းသီးမှာပါဝင်တဲ့ carcinogen က
ကင်ဆာရောဂါ
ကို ခံစားရစေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ ကွမ်းသီးကို တစ်ချိန်လုံးစားနေမယ်။ ငုံမယ်ဆိုရင်တော့ ကွမ်းယာစားသလိုပဲ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေပြီး အဆိုးဆုံး အနေနဲ့ ခံတွင်း ကင်ဆာဖြစ်စေနိုင်ပါတယ်။
သွားတွေ
အရောင်စွန်း
စေနိုင်တယ်
ကွမ်းသီးဝါးပြီးတဲ့အခါတိုင်း သွားတွေကို သေချာလေး သန့်စင်ဆေးကြောဖို့ လိုပါမယ်။ မဟုတ်ဘူးဆိုရင် ကွမ်းစားသလိုပဲ သွားမှ အရောင်တွေ စွန်းထင်းတာမျိုး ဖြစ်နိုင်ပါတယ်။
သွား ပျက်စီးမယ်
ကွမ်းသီးကကလည်း ကွမ်းယာလိုပါပဲ။ စားပြီးတိုင်း
ခံတွင်းသန့်ရှင်းရေး
လုပ်ဖို့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင် သွားတွေ
အပေါ်ယံကြွေလွှာ
ပျက်စီးတာ အပါအဝင် သွားထိခိုက်မှုတွေ များနိုင်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။