
ပင်စိမ်းကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာ ရရှိစေနိုင်ပါတယ်။ ပင်စိမ်းမှာ ပဋိဇီဝဆေးများနှင့် ပိုးသတ်ဆေးဆိုင်ရာဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ပင်စိမ်းက သဘာဝတိုင်းရင်းဆေးအဖြစ်လည်း ဟိုအရင်ကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် အခုပြောချင်တာကတော့ ပင်စိမ်းရွက်ကို စားပေးခြင်းောကာင့်ရရှိလာနိုင်မယ့်အကျိုးကျေးဇူးတွေကို ပြောပြမှာပဲ ဖြစ်ပါတယ်။ ကဲ ဆက်ကြည့်လိုက်ကြရအောင်နော်။
၁။ ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း
ပင်စိမ်းမှာ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တာကြောင့် ပိုးမွှားတွေကို တားဆီးပေးတဲ့ ပဋိဇီဝဆေးများအဖြစ်လည်း အသုံးပြုကြပါတယ်။ သွားဖုံးသွေးထွက်ခြင်းနှင့် စဉ်ဆက်မပြတ်နာကျင်ခြင်းတွေကို နာကျင်ကိုက်ခဲသော ရောဂါများကို ရှောင်ရှားရန် အတွက် ပင်စိမ်းကို စားသုံးပေးသင့်ပါတယ်။ ပါးစပ်အတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေကြောင့် အသက်ရှုကျပ်ခြင်း၊ ပါးစပ်နံခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။
၂။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း
အာဟာရပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ပင်စိမ်းသည် သွေးတွင်းရှိ ဂလူးကို့စ်ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူများအတွက် အဓိက အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရွက်များသည်သွေးတွင်းရှိ သကြားဓာတ်ဆောင့်တတ်ခြင်းကို ထိန်းညှိပေးနိုင်တာကြောင့် အင်ဆူလင်လှုပ်ရှားမှု ဖြစ်ပေါ်စေသော အစွမ်းထက်လှပါတယ်။ ဆီးချိုရောဂါသည်တွေအတွက် ပင်စိမ်းက အိမ်တွင်းဆေးတစ်လက်ဖြစ်ပါတယ်။ သတိထားရမှာက အသုံးပြုတော့မယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
၃။ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်ခြင်း
ပင်စိမ်းရွက်မှာ ဗီတာမင်စီနှင့် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အားကူးစက်တတ်သော ဘက်တီးရီးယားပိုးများကို ကာကွယ်ပေးတဲ့အပြင် ကင်ဆာဆဲလ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ အာဟာရပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ပင်စိမ်းရွက်ကို စားသုံးပေးခြင်းက ကင်ဆာဆဲလ်တွေကိုတိုက်ထုတ်ပေးနိုင်တဲ့အပြင်ကင်ဆာဆဲလ်တွေ ထပ်မံပြန့်ပွားခြင်းကိုလည်း ထိရောက်စွာ တားဆီးပေးနိုင်ပါတယ်။
၄။ အာရုံကြောတွေကို ဖြေလျော့ပေးနိုင်တာကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို သက်သာစေနိုင်ခြင်း
ပင်စိမ်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်တွေအတွက် အဓိက အရေးပါလှပါတယ်။ ပင်စိမ်းက တင်းမာနေတဲ့ အာရုံကြောများကို ဖြေလျော့ပေးနိုင်တာကြောင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များကို သက်သာစေနိုင်ပါတယ်။ ပင်စိမ်းကိုနေ့စဉ်စားသုံးပေးပါက ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။
၅။ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ခြင်း
ပင်စိမ်းအရွက်တွင် ကယ်လိုရီမပါဝင်ပါ။ ဒါကြောင့် ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်တဲ့ အဓိက အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ သွေးတွင်းရှိအဆိပ်အတောက်များလည်း ဖယ်ရှားပေးနိုင်ပါတယ်။