ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်တဲ့ သရက်သီးမှည့်ရဲ့ အခြားကောင်းကျိုးများ
yoyarlay.com
|
2020-06-02



အခုလိုအချိန်ဟာဆိုရင် အရသာချိုမွှေးတဲ့သရက်သီးအချိန်အခါပါပဲ။ ကပ်ရောဂါအတွင်းမှာတောင် သရက်သီးရာသီက သစ္စာရှိစွာ ရောက်ရှိလာခဲ့ပါတယ်။ ရာသီစာသရက်သီးက အရသာရှိရုံသာမကပါဘူး။ အာဟာရဓာတ်များစွာနဲ့လည်း ပြည့်ဝနေတာပါ။ အခုလိုကပ်ရောဂါအတွင်းမှာ သရက်သီးက ကျွန်တော်တို့ကျန်းမာရေးအတွက် တော်တော်လေးကောင်းတဲ့ အစွမ်းထက်အသီးပါ။ ဗီတာမင်စီ၊ ဗီတာမင်အေ၊ဗီတာမင်B6၊ ဖော်လစ်အက်ဆစ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်အပါအဝင် အာဟာရဓာတ်များစွာ ကိန်းအောင်းနေတာကလည်း သရက်သီးပါပဲ။ ဒါ့အပြင် အန်တီအောက်စီဒန့်နဲ့ အမျှင်ဓာတ်တွေလည်း ပြည့်ဝစွာပါဝင်ပါတယ်။ အသီးတွေရဲ့ဘုရင်လို့တောင် ပြောလို့ရတဲ့ သရက်သီးရဲ့ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ကိုဗစ်ကာလမှာ အကောင်းဆုံးအသီးလို့ပြောရမှာပါပဲ။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်



သရက်သီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ မှန်ပါတယ်။ သရက်သီးစိပ် (၁၀၀) ဂရမ် တစ်ပန်းကန်က ဗီတာမင်စီ (၃၆.၄) မီလီဂရမ်ပါဝင်ပါတယ်။ ဗီတာမင်စီက ဖျားနာခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်အတွင်းက ကိုယ်ခံအားစနစ်ကောင်းအောင် စွမ်းဆောင်ပေးပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်



သရက်သီးက ဝိတ်ချနေတဲ့သူတွေကိုလည်း ကူညီပေးနိုင်ပါတယ်။ ထမင်းစားတဲ့အခါမှာ သရက်သီးကို ထည့်စားတာပဲဖြစ်ဖြစ် အစားထိုးအစားအစာအဖြစ်လည်း စားလို့ရပါတယ်။ ဒီလတ်ဆတ်တဲ့အသီးက အမျှင်ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်အင်နေစေတဲ့အတွက် အစာစားချင်စိတ်ကို တားဆီးပေးပါတယ်။

ကိုယ်လက်စထရောပမာဏကို ထိန်းညှိပေးတယ်



သရက်သီးရဲ့ကောင်းကျိုးတွေက ဒီနေရာမှာတင်ရပ်မသွားပါဘူးနော်။ ကိုယ်လက်စထရောမြင့်မားမှုကိုလည်းထိန်းချုပ်ပေးနိုင်ပါတယ်။ မဂ္ဂနီစီယမ်၊ ပိုတတ်စီယမ်၊ အန်တီအောက်စီဒန့်ဓာတ်တွေပြည့်ဝတဲ့အတွက် သွေးအတွင်း ကိုယ်လက်စထရောပမာဏကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကောင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။

မျက်စိအတွက် ကောင်းတယ်



သရက်သီးက မျက်စိကျန်းမာရေးကို ထောက်ပံ့ပေးဖို့အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ (၁၀) ရာခိုင်နှုန်းပါဝင်ပါတယ်။ သရက်သီးမှာပါဝင်တဲ့ အန်တီအောက်စီဒန့်က အပြာရောင်အလင်းကနေလည်း သင့်မျက်လုံးကို ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ်အားကောင်းစေတယ်



အစာခြေစနစ်အားကောင်းစေဖို့အတွက် ငှက်ပျောသီးစားရတာငြီးငွေ့နေပြီဆိုရင် သရက်သီးမှည့်ကို စားဖို့ ပြောပါရစေ။ အမျှင်ဓာတ်နဲ့ အစာခြေအင်ဇိုင်းဓာတ်ပါဝင်တဲ့အတွက် အစာခြေစနစ်အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ အစာကို အလွယ်တကူခြေဖျက်ပေးနိုင်ပါတယ်။ သရက်သီးမှည့်သွားတဲ့အခါ အစာခြေအင်ဇိုင်းဓာတ်က ပိုပြီး အစွမ်းထက်ပါတယ်။

သရက်သီးကို ဖျော်သောက်တာပဲဖြစ်ဖြစ် ဒီအတိုင်းစားတာပဲဖြစ်ဖြစ် အမျိုးမျိုးလုပ်စားလို့ရပါတယ်။ ဒါပေမဲ့ တစ်နေ့ကို သရက်သီးအများကြီးမစားဖို့လည်း ပြောပါရစေ။ အခြားအသီးတွေနဲ့ယှဉ်ရင် သရက်သီးက အချိုဓာတ်ပိုများတဲ့အတွက် တစ်နေ့ကို (၁) ပန်းကန် (၂) ပန်းကန်လောက်ပဲ စားဖို့ တိုက်တွန်းချင်ပါတယ်။ သင်က ဆီးချိုရောဂါရှိတယ်ဆိုရင် သရက်သီးမှည့်ပမာဏ အများကြီးမစားမိအောင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

Ref: Mango season: From weight loss to boosting your immunity, here’s why ‘Aam’ is the undisputed king of fruits

WL (ရိုးရာလေး)


#သရက်သီး
#ဗီတာမင်
#အသီး
#ကိုယ်ခံအား
#အမျှင်

Some text some message..