ဇီးသီးစားပေးခြင်းမှ ရရှိလာမယ့် ကျန်းမာရေးအကျိုးများ
trend.com.mm
|
2020-06-08

၁။ ဇီးသီးထဲတွင် ပါဝင်တဲ့ phytonutrients က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေသလို၊ ဗီတာမင်စီဓာတ် လဲ အလုံအလောက်ပါတာကြောင့် ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေသလို၊အအေးမိ၊နှာစေး၊ချောင်းဆိုး စတဲ့ ကူးစက် ရာသီ ဖျားများကို မဖြစ်စေပါဘူး။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နာတာရှည်ဖျားနာသူများလဲ စားပေးသင့်ပါတယ်။

၂။ ဆီးသီးထဲတွင်ပါရှိသော Asphenols (ခေါ်) အင်တီအောက်ဆီးဒင့်အာနိသင်က ဦးနှောက်နှင့်ဆက်စပ်နေ့တဲ့ ဆဲလ်တွေကို ပုံမှန်အလုပ်လုပ်စေပါတယ်။ ဒါ့ပြင် စိတ်နှလုံးတည်ငြိမ်ကာ၊ စိတ်ဖိစီးမှုကိုဖြေလျော့ပေးနိုင်လို ၊့ စိတ်ဝေဒနာရှင်များအတွက် ဆီးသီး (သို့) ဆီးယိုတို့ကို ဓာတ်စာအဖြစ်ကျွေးသင့်ပါတယ်။

၃။ ဆီးသီးဟာ မူးယစ်ထုံထိုင်းမှုကိုပြေစေလို့၊ အရက်သေစာ သောက်သုံးသူတွေအနေနဲ့ ဇီးသီးကို စားပေးသင့်ပါတယ်။

၄။ ဇီးသီးစားပေးခြင်းကြောင့် ရင်သားကင်ဆာ၊ အူကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာကင်ဆာ စတာတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၅။ ဇီးသီးမှာ ဗီတင်မင် အေနဲ့ ဗီတာကယ်ရိုတင်း ဓာတ်ကြွယ်ဝတာကြောင့် အရေပြား၊အချွဲမြှေးလွှာနဲ့ အမြင်အာရုံကို ကောင်းစေပါတယ်။

၆။ ဇီးသီးက ကယ်လိုရီနည်းပါးပြီး၊ အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း လုံးဝမပါဝင်တာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာ စေပါတယ်။

၇။ ဇီးသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထား ပေးနိုင်လို့ နှလုံး နှင့် သွေးတိုးရောဂါသည်များအတွက်သင့်တော်ပါတယ်။

၈။ ဇီးသီးစားပေးခြင်းက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာကြောင့်၊ ကိုယ်ခံစွမ်းအားစံနစ်ကို တိုးတက်စေပြီး တစ်သျှူးတွေကို ကျန်းမာစေကာ၊ လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် သွေးနီဥတွေကိုဖြစ်ပေါ်စေလို့၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ စားသုံးပေးသင့်ပါတယ်။

၉။ ဇီးသီးစားသုံးပေးခြင်းကြောင့် အရိုးများကိုသိပ်သည်းစေပြီး၊ သွေးဆုံးပြီးအမျိုးသမီးကြီးများကို အရိုးကြွတ်ဆတ်/အရိုးပွခြင်းမှ ကာကွယ်ပေးနိုင် ပါတယ်။

၁၀။ ဇီးသီးမှာပါတဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တွေက အူတွေကိုသန့်စင်စေပြီး၊ အစာခြေစံနစ်ကိုကောင်းမွန်စေလို့၊ ဝမ်းမချုပ် စေဘဲ၊ ဆီးသီးကို သဘာ၀၀မ်းပျော့ဆေးအဖြစ် စားသုံးကြတာတွေလဲ ရှိပါတယ်။


၁၁။ ဇီးသီးရဲ့ အစေ့က ဝမ်းလျှောရောဂါကို သက်သာစေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇီးသီးထဲတွင်ပါဝင်တဲ့ဓာတ်တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးပါတယ်။ ပါးရေတွန့်သည့်အရေးအကြောင်းတို့ကို မဖြစ်စေဘဲ၊ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။


Ref;HEALTH GROUP


#ကင်ဆာ
#အရိုး
#စွမ်းအား
#နှလုံး
#ဓာတ်စာ

Some text some message..