သင်ဟာ ထောပတ်သီး fan တစ်ယောက်ဖြစ်ပါသလား? ဒီအသီးမှာ ဗီတာမင်တွေနဲ့ ကျန်းမာတဲ့ အဆီတွေပါဝင်တာကြောင့် အာဟာရအလွန်ဖြစ်စေပါတယ်။ သို့သော် ထောပတ်သီးကို အလွန်အကျွံစားမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ယနေ့မှာ ဒီထောပတ်သီးကို များများစားသုံးခြင်းရဲ့ ဆိုးကျိုးတွေနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။
အာဟာရပညာရှင်တွေက ထောပတ်သီးမှာ အိုမီဂါ ၃အဆီများစွာ ကြွယ်ဝတယ်လို့ သဘောတူထားပါတယ်။ ထို့အပြင် ၎င်းတို့ဟာ ကျွန်မတို့ ခန္ဓာကိုဘ်အား ဗီတာမင်နှင့် ဓါတ်သတ္တုတွေ အများကြီး ထောက်ပံ့ပေးထားပါတယ်။
သို့သော် တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ ထောပတ်သီးအလွန်အကျွံစားခြင်းက ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဥပမာ-ကိုယ်အလေးချိန်တတ်ခြင်းနှင့် ထောပတ်သီးမှာ မပါဝင်တဲ့ အာဟာရဓါတ်တွေ ချို့တဲ့စေတာ ဖြစ်ပါတယ်။
၁။ ကိုယ်အလေးချိန်တိုးလာစေပါတယ်
ထောပတ်သီးမှာ ကယ်လိုရီပါဝင်မှု မြင့်မားခြင်းနှင့်အတူ ဟင်းသီးဟင်းရွက်-အမျိုးအစား အဆီ ကြွယ်ဝပါတယ်။ သာမာန်အရွယ်ထောပတ်သီးတစ်လုံးမှာ ကယ်လိုရီ ၃၀၀နီးပါးနှင့် အဆီအနည်းဆုံး ၂၅ဂရမ် ပေးစွမ်းနိုင်ပါတယ်။ များစွာသော လူတွေက ဒါကို သတိမထားမိကြသဖြင့် ထောပတ်သီးကို အလွန်အကျွံ စားသုံးကြပါတယ်။
ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေသူဆိုရင် ထောပတ်သီးကို အသင့်အတင့်သာ စားသုံးသင့်ပါတယ်။ ထောပတ်သီးမှာ တွေ့ရတဲ့အဆီက ကျွန်မတို့ခန္ဓာကိုယ်အတွက် ကျန်းမာသော်လည်း ကယ်လိုရီများပါတယ်။
၂။ အာဟာရချို့တဲ့ခြင်း
ထောပတ်သီးမှာ ခန္ဓာကိုဘ်အတွက် အာဟာရဓါတ်များစွာ ပါဝင်ပါတယ်။ သို့သော် ကျွန်မတို့ဟာ အစားအစာ မျှမျှတတရှိစေဖို့ အခြားစားသောက်ကုန်တွေပါ လိုအပ်ပါတယ်။ ထောပတ်သီးချည်းပဲ မစားသင့်ပါဘူး။ အချို့လူတွေက ထောပတ်သီးများစွာ စားရင် ကိုယ်အလေးချိန်ကျစေပြီး အမြင့်ဆုံးစွမ်းဆောင်ရည်အတွက် လိုအပ်တဲ့ အာဟာရတွေကို ရရှိစေလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါကမှားပါတယ်။ ထောပတ်သီးမှာ ပရိုတိန်း မပါဝင်တဲ့အပြင် ကျွန်မတို့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ မပါတာကို သတိရဖို့ အရေးကြီးပါတယ်။
၃။ အသည်းပျက်စီးစေပါတယ်
အတော်များများက သတိမထားမိကြပါဘူး။ ထောပတ်သီး စားသုံးခြင်းက အသည်းရောဂါရှိသူတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီအသီးမှာ anethole နဲ့ estragole ကဲ့သို့သော အရာများပါဝင်ပြီး ဒါတွေက အသည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အလွန်အကျွံမစားမိဖို့ သတိထားရှောင်ရပါမယ်။
Lifestyle_Myanmar
LM_Nandar
Source-steptohealth