Ferrovit Myanmar က လိုအပ်သူများ ကိုထောက်ပံ့ဖို့ ထောင်ပေါင်းများစွာသော ဆေးဗူးများကို ချစ်သုဝေရဲ့ ခေတ်သစ် ဖောင်ဒေးရှင်း သို့လှူဒါန်း
yoyarlay.com
|
2020-06-16



Mega Lifesciences က ထိပ်တန်းသံဓာတ်အားဖြည့်ဆေး အမှတ်တံဆိပ်ဖြစ်တဲ့ Ferrovit Myanmar က ထောင်ပေါင်းများစွာသောFerrovit ဆေးဗူးများကို နာမည်ကျော်အနုပညာစုံတွဲဖြစ်တဲ့ ချစ်သုဝေနှင့်လင်းလင်းတို့ ထူထောင်ထားသည့် ခေတ်သစ်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့တယ်လို့ ဇွန်လ (၁၆) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။




Ferrovit Myanmar က ဆေးဗူးပေါင်း (၃,၀၀၀)အား ခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့် ဗဟိုကျန်းမာရေး ဓာတ်ခွဲဌာန၊Covid-19 ကို ရှေ့တန်းမှကာကွယ်ကုသပေးနေသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်Clean Yangon ပရဟိတအဖွဲ့မှ ကူညီပေးနေသော ဆင်းရဲနွမ်းပါးပြည်သူ များကို လည်းကောင်း၊ လိုအပ်သောသူများအားလုံးကို ထောက်ပံ့ပေးသွားရန်ရည်ရွယ်ကာ လှူဒါန်းကြောင်း သိရှိရပါတယ်။




အခုအချိန်အခါမှာ ပြည်သူတို့ရဲ့ ကိုယ်ခံစွမ်းအားကောင်းနေစေဖို့ရန် ကိုယ်တွင်းသွေးပမာဏ ကောင်းမွန်ပြီး မိမိကိုယ်ကိုဗိုင်းရပ်စ်ကူးစပ်မှုမှ ကာကွယ်နိုင်ရန်အတွက် အရေးကြီးသော အချိန်ဖြစ်ပါသည်။ သံဓာတ်က သွေးတွင်းအောက်ဆီဂျင်ကိုသယ်ဆောင်ပေးသည့်အဓိက အခန်းကဏ္ဍမှ ပါဝင် သောကြောင့်လူတိုင်းအတွက် အလွန်အရေးကြီးပါတယ်။




သံဓာတ်ချို့တဲံခြင်းကြောင့်ဖြစ်ပေါ်သော သွေးအားနည်းရောဂါက မြန်မာနိုင်ငံရှိအမျိုးသား၊ အမျိုးသမီးများ အကြားပုံမှန်အဖြစ်များသော သွေးအားနည်းရောဂါဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူ၁၀ယောက်တွင် ၄ ယောက်က သွေးအားနည်း ရောဂါခံစားနေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် Ferrovit ကိုသောက်သုံးခြင်းအားဖြင့် သွေးပမာဏကို ဖြည့်တင်းပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ရန် အထောက်အကူပြုပါတယ်။

သွေးအားနည်းရောဂါက အမျိုးသမီးများကြားအဓိကဖြစ်ပွားကာအသက်အရွယ်မရွေးဖြစ် ပေါ်သည့် ကျန်းမာရေးပြဿနာဖြစ်ပြီး မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့်အသက်ရှူ မဝခြင်း စသည့်လက္ခဏာများခံစားရပါတယ်။

Team (ရိုးရာလေး)


#သံဓာတ်
#ခေတ်သစ်
#ဖောင်ဒေးရှင်း
#ရောဂါ
#ကျန်းမာရေး

Some text some message..