ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား
mizzimaburmese.com
|
2020-06-17

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon


ကလေး က အစားစစား တတ်ပြီ။ ဒါဆို အသီးတွေလည်း ကျွေးလို့ရပြီပေါ့။ ဒါဆိုရင် တော်တော်များများ ကြိုက်ကြတဲ့

ဒူးရင်းသီး ရော ကလေးကို ကျွေးလို့ပြီလား၊ လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီအဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကလေးကို ဒူးရင်းသီး ကျွေးလို့ရလား……..

ကလေးကို ဒူးရင်းသီး ကျွေးလို့ရလား ဆိုတော့ ကျွေးလို့ရပါတယ်။ အရမ်း အများကြီးတော့ ကျွေးလို့ မရပါဘူး။ ဒီလီုပြောရတာက ဒူးရင်းသီးက

အာဟာရပါဝင်မှု များသလို

သကြားဓာတ် ပါဝင်မှုကလည်း တော်တော်လေး မြင့်ပါတယ်။ ဒူးရင်းသီးမှာ

ပရိုတင်း

ဗီတာမင် တွေ၊

ကယ်လ်ဆီယမ် ၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင် နေပါတယ်။ ဒူးရင်းသီးက ပုံမှန်အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီး

ကျန်းမာရေး ကို အထောက်အကူပြုပေးတဲ့ အသီးတစ်မျိုးပါ။

ကလေးကို ဒူးရင်းသီး အများကြီး မကျွေးပါနဲ့

ဒူးရင်းသီးက

အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပေမယ့်။ ဒီ အမျှင်ဓာတ်က ရေကို အလွယ်တကူ စုပ်ယူနိုင်ပြီး အူတွေ အစာအိမ်တွေကို ရောင်စေနိုင်ပါတယ်။ ကလေးက ဒူးရင်းသီး အများကြီး ကျွေးမိမယ်ဆိုရင် အူပိတ်တာ

ဝမ်းချုပ်တာ တွေ ဖြစ်စေနိုင်ပါတယ်။


ဒူးရင်းသီးမှာ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ် ပြည့်ဝစွာပါပေမယ့် တော်တော်လေး ကိုက်ဖြတ်ရပါတယ်။ ဒီ အမျှင်ဓာတ်တွေကို ကိုက်ဖြတ်ဖို့

သားသားမီးမီး တို့ရဲ့ သွားတွေက အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ဒီတော့ ကလေးက ဒူးရင်းသီးကို သေချာ မဝါးမိဘဲ မြိုချလိုက်မယ်ဆိုရင်

အစာခြေစနစ် ပြဿနာတွေ ဖြစ်လာစေမှာပါ။


နောက်တစ်ချက်က ဒူးရင်းသီးက အပူစာ ဖြစ်တာကြောင့် ကလေးအနေနဲ့ ဒူးရင်းသီးကို အများကြီး စားမိမယ်ဆိုရင် အပူကန်တဲ့ လက္ခဏာတွေဖြစ်တဲ့

လည်ချောင်းနာ တာ၊

အစာမကြေ တာ နဲ့

အိပ်မပျော်တာ လိုမျိုး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဒူးရင်းသီး စားပြီးတိုင်း ရေသေချာ တိုက်ပေးပါ။


ကလေးက တစ်နှစ် မပြည့်သေးဘူးဆိုရင်တော့ ဒူးရင်းသီးကို လုံးဝမကျွေးတာ အကောင်းဆုံးပါ။ ဒူးရင်းသီးက အစာကြေဖို့ ခက်သလို အနံ့အရသာ ပြင်းတာ၊ သကြားဓာတ် ပါဝင်မှုမြင့်တာတွေကို

ကလေးကျန်းမာရေး ကို ထိခိုက်စေနိုင်ပါတယ်။

အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးသင့်တဲ့ အကြောင်းအရင်း

ကလေးကို အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း က ကလေးက သွားတွေ စုံအောင်မထွက်သေးဘူး။ တစ်နှစ်အရွယ်မှာ သွားပေါက်မြန်တဲ့ဆိုတဲ့ ကလေးတစ်ယောက်အနေနဲ့တောင်

သွား က ၁၀ ချောင်းပဲ ထွက်မှာပါ။ သွားပေါက်နှေးတဲ့ သားသားမီးမီးတို့ဆိုရင် ၂ ချောင်း ၃ ချောင်းအပြင် ပိုမရှိနိုင်ပါဘူး။


ဒီလို သွားပမာဏ နည်းနည်းလေးက အမျှင်ဓာတ်များတဲ့ ဒူးရင်းသီးကို သေချာ ကြိတ်ဝါးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးက အလွယ်တကူ မျိုချလိုက်ပါမယ်။ ဒီလိုမျိုချတာက လည်ချောင်းမှာ

အစာနင် တာ၊

လေပြွန်ပိတ်တာ လိုမျိုး ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။


အသက် ၁ နှစ်အောက် ကလေးရဲ့ လည်ချောင်း၊ လေပြွန်၊ အစာရေမျိုတွေက တော်တော်လေး သေးငယ်ပါသေးတယ်။ ဒါကြောင့် အသက် ၁ နှစ်အောက်

ဘေဘီလေး ကို အသက်ရှူကြပ်တဲ့ ပြဿနာမျိုး မဖြစ်စေဖို့ ဒူးရင်းသီး မကျွေးသင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

#ဒူးရင်းသီး
#အမျှင်
#ကလေး
#လည်ချောင်း
#သားသားမီးမီး

Some text some message..