သံပရာရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
myanmaplatform.com
|
2020-07-02



သံပုရာသီးကနေ ရရှိတဲ့ ဗီတာမင်စီဓာတ်ဟာ လူတိုင်းရဲ့ ကျန်းမာရေးနှင့် အလှအပအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပဲဖြစ်ပါတယ်။သံပုရာရည်သည်လည်းပဲ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်တဲ့ ဖျော်ရည်တစ်ခုပါ။ဗီတာမင် စီအပါအဝင် အခြားသော အာဟာရများ ၁၆ ခုအထိ ပါဝင်တဲ့ သံပုရာရည်ကနေ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်လည်း ဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

၁။အစာကိုကြေစေတယ်။




အစာမကြေခြင်းဟာ ကျွန်တော်တို့ကို ခံစားရသိပ်ခက်စေပါတယ်။မအီမသာဖြစ်ပြီး အလုပ်တွေကိုလည်းကောင်းကောင်း အာရုံမစိုက်နိုင်ပါဘူး။သံပုရာရည်ဟာ အစာမကြေဖြစ်နေချိန်မှာ သောက်သုံးသင့်တဲ့ အရည်ဖြစ်ပြီး အစာမကြေခြင်းကြောင့် မအီမသာဖြစ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

၂။ခံတွင်းကျန်းမာရေးကို ကောင်းစေတယ်။




အံသြဖို့ကောင်းစွာနှင့်ပဲ သံပုရာရည်ဟာ သင့်ရဲ့ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။သွားဖုံးသွေးယိုခြင်းနှင့် ခံတွင်းနံ့ဆိုးခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ဒါပေမယ့်လည်း သံပုရာရည်က သင့်ရဲ ကြွေသွားတွေကို ထိခိုက်စေနိုင်တာကြောင့် သံပုရာရည်ကို သောက်သုံးမယ်ဆိုရင်တော့ ပိုက်ကို အသုံးပြုပြီး မှ သောက်သုံးသင့်ပါတယ်။

၃။ကိုယ်အလေးချိန်ကို ကျစေတယ်။




ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူတွေအတွက် သံပုရာရည်က အသင့်တော်ဆုံးပါပဲ။သံပုရာရည်သောက်သုံးခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို မှန်ကန်စေတာကြောင့် မလိုလားအပ်တဲ့ အဆီပိုတွေ စုနေမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

၄။ခွန်အားကို တိုးစေတယ်။




တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွစေဖို့အတွက် ခွန်အားဖြည့်အချိုရည်တွေကို သောက်သုံးလေ့ရှိတာက ကျန်းမာရေးအတွက် သင့်တော်လေ့မရှိပါဘူး။သံပုရာရည်ဟာ ကျန်းမာရေးနှင့် သင့်တော်တဲ့ သဘာဝသစ်သီးဖျော်ရည်ဖြစ်တဲ့ အပြင်ကိုမှ သင့်ရဲ့ ခွန်အားတွေကို တိုးစေပြီး လန်းဆန်းတက်ကြွစေနိုင်တာကြောင့် ခွန်အားဖြည့်အချိုရည်အစားထိုးအဖြစ် သံပုရာရည်ကို သောက်သုံးပေးနိုင်ပါတယ်။


#သံပုရာ
#ကျန်းမာရေး
#အချိုရည်
#ခွန်အား
#ဖျော်ရည်

Some text some message..