
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon
သူ့အတိုင်းပဲ ကြော်စားစား၊
လက်ဖက်
နဲ့ပဲရော ကြော်ကြော်၊ ဂျူးဖူး၊ အသားတို့နဲ့ရော ကြော်ကြော်၊ ကင်ပြီးတော့ပဲ စားစား ခပ်စေးစေး နဲ့ ခါးသက်သက် အရသာရှိပြီး
ဆေးဖက်ဝင်
တယ်လို့ နာမည်ကြီးနေတဲ့ နှစ်တစ်ရာသီးက ဘယ်လိုများ
ကျန်းမာရေး
အတွက် ကောင်းလဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
နှစ်တစ်ရာသီး မှာပါတဲ့ အာဟာရတွေ
နှစ်တစ်ရာသီးမှာ
ဗီတာမင် B
အုပ်စုတွေ ဖြစ်ကြတဲ့
riboflavin
niacin
thiamin
pantothenic acid
vitamin B-6 နဲ့
folates တို့ပါဝင်သလို
copper
မဂ္ဂနိ့
ပိုတက်ဆီယမ်
ကယ်လ်ဆီယမ်
သံဓာတ်
selenium တို့ ပါဝင်နေပါတယ်။
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး
ခါးသက်သက် စေးပိုင်ပိုင် နှစ်တစ်ရာသီးက
သွေးတွင်း ကိုလက်စထရောကျစေတယ်
နှစ်တစ်ရာသီး စားသုံးပေးတာက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်တယ်၊ လို့ ၂၀၀၈ ခုနှစ်က Food Research International အဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။
နှစ်တစ်ရာသီးက
အဆီတွေ
ကို ပျော်စေနိုင်ပြီး
အသည်း အဆီဖုံးတာ
မျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။
နှလုံး သွေးကြောကျဉ်း
တာ အပါအဝင်
နှလုံးသွေးကြောဆိုင်ရာ
ရောဂါတွေ ကင်းစေဖို့ စားပေးသင့်ပါတယ်။
ကင်ဆာ ကာကွယ်ပေးတယ်
နှစ်တစ်ရာသီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင်
နာတာရှည်ရောဂါ
တွေကို ကာကွယ်ပေး ပါတယ်။ နှစ်တစ်ရာသီး မှာပါတဲ့ flavonoids နဲ့ terpenoids တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက
ခန္ဓာကိုယ်
က ဆဲလ်တွေကို
ဓာတ်တိုးပစ္စည်း
တွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
နှစ်တစ်ရာသီးမှာ အခြား အစားအစာတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာ ပါဝင်နေတာကြောင့်
ကင်ဆာ
ကို အထိရောက်ဆုံး ကာကွယ်ပေး ပါတယ်။
ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေတယ်
ဦးနှောက်ထဲမှာ အဆီတွေ စုလာတဲ့အခါ
အယ်လ်ဇိုင်းမား
ရောဂါ အပါအဝင်
သိမြင်မှုစွမ်းရည်
ကျဆင်းတဲ့
ကျန်းမာရေး ပြဿနာတွေ
ကို ခံစားရနိုင်ပါတယ်။ နှစ်တစ်ရာသီးရဲ့ အဆီအနှစ်က သွေးတွင်းမှာ အဆီတွေ စုတာကို လျော့ပါးစေပါတယ်။
ဦးနှောက်
ထဲမှာ အဆီတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးတာကြောင့် သိမြင်မှုစွမ်းရည် တဖြည်းဖြည်း ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဦးနှောက်တွင်း သွေးစီးဆင်းမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ norepinephrine ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးတက် ကောင်းမွန်စေနိုင်သလို
မှတ်ဉာဏ်
ကောင်းစေပါတယ်။ အသက်အရွယ်ကြောင့် မှတ်ဉာဏ် အားနည်းလာတာ ကိုလည်း ကာကွယ်ပေး ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။