ယင်ကောင်နားထားတဲ့ အစားအသောက်က ညစ်ညမ်းကြောင်းကို လူတိုင်းသိကြပါတယ်။ တကယ်လို့ သင့်အစားအစာပေါ်မှာ ယင်ကောင်တစ်ကောင်နားနေတာကို သင်မြင်နိုင်တဲ့အခါ ဘာလုပ်မလဲ?၊ ဥပမာ- သင့်ရဲ့အရသာရှိသော နေ့လည်စာကို ချက်ချင်းလွှင့်ပစ်နိုင်တယ်။ ဒါပေမယ့် “အဲဒါက ယင်ကောင်တစ်ကောင်ပဲ”ဆိုပြီး ဘာမှမမဖြစ်သလို ဆက်စားမယ့်သူတွေလည်း ရှိနိုင်ပါတယ်။ ဒီအင်းဆက်တွေက သင့်ရဲ့ပန်းကန်ထဲသို့ အချို့သော ပြဿနာတွေ ဆောင်ကြဉ်းပေးနိုင်ပါတယ်။
၁။ သူတို့က သင့်အစားအစာပေါ်မှာ အန်ချနိုင်ပါတယ်
ယင်ကောင်တွေဟာ သူတို့ရဲ့ပြွန်ပုံပါးစပ်မှတဆင့် အရည်တွေကို စုပ်ခြင်းဖြင့် စားသုံးကြရပါတယ်။ သူတို့ရဲ့ပါးစပ်ပုံစံဟာ ဘယ်အစားအစာကိုမဆို အရည်အဖြစ် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ သူတို့အရင်က စားဖူးသမျှတွေ (ဥပမာ- ပုပ်သောအသား၊ မစင်တွေ) ပါလာနိုင်သော သူတို့ရဲ့တံတွေးတွေကို သင့်အစားအစာပေါ်မှာ အန်ထုတ်ပါတယ်။
၂။ သင့်အစားအစာပေါ်မှာ ဥတွေ ဥသွားနိုင်ပါတယ်
ယင်ကောင်တွေက သင့်ရဲ့အရသာရှိသော အစားအသောက်တွေကို ဥအသိုက်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ အချိန်ကြာလာတာနှင့်အမျှ သင့်အား ဗက်တီးရီးယားတွေနဲ့ အဆိပ်သင့်စေသော (လောက်ကောင်(သို့) ပိုးလောင်း) ယင်ကောင်လေးတွေအဖြစ်သို့ ကြီးထွားလာပါလိမ့်မယ်။ ဒါ့ကြောင့် ခဏလောက်ထွက်သွားရင်တောင် သင့်အစားအစာကို ဖုံးအုပ်ထားခဲ့ပါ။
၃။ သူတို့ရဲ့ခြေထောက်တွေနဲ့ အတောင်ပံတွေက သင့်အစားအစာကို ဘက်တီးရီးယားအသိုက်အဖြစ်သို့ ပြောင်းလဲစေနိုင်ပါတယ်
ဒီအင်းဆက်တွေဟာ အတွင်းဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတာကို ကျွန်တော်တို့ သိပြီးသား ဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ ခန္ဓာကိုယ်ပြင်ပမှာ အလွန်တရာသေးငယ်တဲ့ ရောဂါပိုးမွားတွေ အများကြီးကို တွေ့ရှိနိုင်ကြောင်း သင်သိပါသလား? သူတို့ခြေထောက်တွေနဲ့ အတောင်တွေက ပိုးမွှားတွေအများဆုံးကို သယ်ဆောင်ထားကြောင်း စင်္ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ်မှ လေ့လာချက်အရ သိရပါတယ်။
၄။ သူတို့က ရောဂါပေါင်း ၆၀ကျော်ကို သယ်ဆောင်နိုင်ပါတယ်
ယင်ကောင်တွေက အနည်းဆုံးရောဂါ ၆၅မျိုးကို အမှိုက်သရိုက်တွေနဲ့ အစားအစာတွေမှတဆင့် တွားသွားရုံမျှဖြင့် လူသားတွေထံ ကူးစက်စေနိုင်ပါတယ်။ ဒီအထဲမှာ ဝမ်းကိုက်ခြင်း၊ ဝမ်းလျောခြင်း၊ ကာလဝမ်းရောဂါနှင့် နူနာတောင် ပါဝင်ပါတယ်။ ထို့အပြင် ယင်ကောင်တွေဟာ ကြက်များ၊ ဝက်များကဲ့သို့သော အခြားသတ္တဝါတွေကိုလည်း ကူးစက်စေနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။