ပလတ်ကျွတ်ပြီးတဲ့ နောက်တစ်နေ့နံနက်ခင်းကို ဘယ်လိုဖြတ်သန်းကြမလဲ ???
lifestylemyanmar.com
|
2020-07-17



ဘော်ဒါတွေ၊ သူငယ်ချင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်ပါးပါးသောက်စားပြီး နောက်တစ်နေ့နံနက်ခင်းကတော့ ခံရခက်တဲ့နံနက်ခင်းတစ်ခုပါပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ Hangover ဖြစ်ဖြစ် အချိန်တန်လို့ သောက်ရမယ်၊ စားရမယ်ဆိုရင်လည်း သေချာပေါက် ပြန်ပြီး Hangover ဖြစ်ကြဦးမှာပါ။ အဲ့ဒါကြောင့် Handover ဖြစ်ပြီး နောက်တစ်နေ့ နံနက်ခင်းမှာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးလိုက်ရပါတယ်။




၁။ ရေများများသောက်ပါ။

အရက်တွေ၊ ဘီယာတွေ အလွန်အကျူးသောက်ပြီးတဲ့ နောက်တစ်နေ့နံနက်မှာ ရေငတ်တာကတော့ထုံးစံပါပဲ။ အဲ့ဒီလိုအချိန်မျိုးမှာ ရေဓာတ်ခမ်းခြောက်မှုမရှိအောင် ရေများများသောက်ပေးသင့်ပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟောက အစာအိမ်ရဲ့ဟန်ချက်ကို ပျက်ယွင်းစေတာကြောင့် သေချာပေါက် ရေဓာတ်များများ ဖြည့်တင်းပေးရမှာပါ။ ပလတ်ကျွတ်ပြီး နောက်တစ်နေ့ကတော့ ရေသောက်ရင်တောင် မူးနေတယ်ဆိုပေမယ့် Hangover ဖြစ်တာတွေ သက်သာသွားအောင်လို့ တတ်နိုင်သလောက် ရေများများသောက်သုံးပေးနိုင်ဖို့ လိုအပ်ပါတယ်။




၂။ အခြားသောအချိုရည်တွေကိုလည်း သောက်သုံးပေးပါ။

အရက်တွေ၊ ဘီယာတွေ သောက်သုံးပြီးတဲ့အချိန်မှာ မကြာခဏဆီးသွားတတ်တာကြောင့် Electrolytes ဓာတ်တွေ ကုန်ခမ်းသွားနိုင်ပြီး မူးဝေတာ၊ ပျို့အန်တာအပြင် ဗိုက်အောင့်တာတွေပါ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း သောက်ပြီးပြီးချင်းဖြစ်ဖြစ်၊ နောက်တစ်နေ့နံနက်မှာပဲဖြစ်ဖြစ် Electrolytes ဓာတ်ကြွယ်ဝတဲ့ အချိုရည်တွေကို သောက်သုံးသင့်ပါတယ်။ Electrolytes ပါဝင်တဲ့အချိုရည်တွေထဲကမှ အချဉ်ဓာတ်ပါဝင်တဲ့အချိုရည်တွေဟာ အရက်နဲ့ဘီယာတို့ကြောင့် ကုန်ခမ်းသွားတဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်တို့ကိုလည်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။




၃။ မသောက်ခင်မှာရော၊ သောက်ပြီးချိန်မှာပါ အစားကောင်းကောင်းစားပါ။

အစာမရှိဘဲ သောက်တာမျိုးက အမူးလွန်စေနိုင်ပြီး မတော်တဆ အစာအိမ်အောင့်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သောက်ပြီးနောက်တစ်နေ့မှာ Handgover ဖြစ်တဲ့ဒဏ်တွေကြောင့် အစားကို သေချာမစားဘဲနေတာကလည်း မလုပ်သင့်တဲ့လုပ်ရပ်ပါ။ အရက်ဘီယာသောက်သုံးချိန်တွေမှာ အသည်းကိုပုံမှန်အတိုင်း သွေးစီးဆင်းလည်ပတ်မှုရှိနေဖို့၊ ခန္ဓာကိုယ်အတွင်းဝင်ရောက်လာတဲ့ အယ်လ်ကိုဟောပမာဏကို ကောင်းကောင်းထိန်းညှိပေးနိုင်ဖို့အတွက် အစားကို သေချာစားသောက်ပေးသင့်ပြီး အထူးသဖြင့် Hangover ဖြစ်ပြီး နောက်တစ်နေ့နံနက်မှာ ဝက်အူချောင်းနဲ့ကြက်ဥ၊ ချိစ်ဆန်းဒွစ်ခ်ျတို့လို အစားအသောက်တွေကို စားသုံးပေးပါ။ ဒါတွေက Hangover ဖြစ်တာကို မသက်သာစေနိုင်ပေမယ့် ခန္ဓာကိုယ်တွင်း သကြားဓာတ်လျော့နည်းတာ၊ ရေဓာတ်ခန်းခြောက်တာတို့ကို ကုစားပေးနိုင်ပါလိမ့်မယ်။ ကာဘိုဟိုက်ဒရိတ်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကလည်း Hangover ဖြစ်ပြီး နောက်တစ်နေ့နံနက်အတွက် သင့်တော်တဲ့အစားအသောက်တွေပါပဲ။ ငှက်ပျောသီးဆိုရင်လည်း အယ်လ်ကိုဟောဓာတ်တွေကြောင့် ကုန်ခမ်းသွားရတဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အသီးအနှံတစ်ခုပဲဖြစ်ပါတယ်။




၄။ ဂျင်းကိုအသုံးပြုပါ။

ဂျင်းဟာ အစာအိမ်နဲ့ပတ်သက်လို့ အကောင်းဆုံးအိမ်တွင်းဆေးဝါးတစ်ခုဖြစ်တယ်လို့ ဆရာဝန်တွေကဆိုကြပြီး အရက်နာကျလို့ဖြစ်ပေါ်လာနိုင်တဲ့ ပျို့အန်ခြင်းတွေကိုလည်း ကုစားပေးနိုင်ပါတယ်။ ဂျင်းမှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေဟာ အစာအိမ်အောင့်တာကိုဖြေရှင်းပေးနိုင်ပြီး အစာချေစနစ်ကိုလည်း တိုးတက်စေတာကြောင့် အစာအိမ်ကင်ဆာအတွက်ကုထုံးတွေမှာပါ ထည့်သွင်းအသုံးပြုနေကြပြီလို့ဆိုပါတယ်။




၅။ ဗီတာမင်ဘီနဲ့ဗီတာမင်စီဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါ။

ဗီတာမင်ဘီဓာတ်ဟာ ခန္ဓာကိုယ်က အားအင်တွေ၊ ဦးနှောက်၊ ခုခံအားစနစ်နဲ့ အာရုံခံစနစ်တို့ကို အားဖြည့်ပေးတဲ့အရာဖြစ်ပြီး အယ်လ်ကိုဟောကြောင့် ကုန်ခမ်းသွားတဲ့ ဗီတာမင်ဘီဓာတ်တွေကိုပြန်လည်အားဖြည့်ဖို့အတွက် ကြက်ဥနဲ့ဘဲဥတွေ၊ ဆန်းဒွစ်ခ်ျတို့ကိုပါ စားသုံးပေးသင့်ပါတယ်။ ပလတ်ကျွတ်တဲ့ဝေဒနာကို ကုစားနိုင်ဖို့အတွက်က ဗီတာမင်စီဓာတ်လည်း လိုအပ်ပါသေးတယ်။ အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျဆင်းစေတာကြောင့် ပလတ်ကျွတ်ပြီး နောက်ရက်တွေမှာ ဖျားနာတာမျိုးတွေဖြစ်တတ်မှာပါ။ အဲ့ဒါကြောင့် ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ ပန်းပွင့်စိမ်းအပါအဝင် လိမ္မော်သီး၊ ကီဝီသီး နဲ့ စတော်ဘယ်ရီသီးတို့လို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တို့ကိုပါ စားသုံးပေးသင့်ပါတယ်။




၆။ အမူးပြေဆေးသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

Hangover ဖြစ်လို့ဆိုပြီး အမူးပြေဆေးသောက်တာမျိုးက မလုပ်သင့်တဲ့ကိစ္စရပ်တစ်ခုပါ။ အရက်နာကျတဲ့ဝေဒနာကို အလွန်အမင်းခံစားရတဲ့အခါ အချို့က မခံနိုင်တော့ဘဲ အမူးပြေဆေးသောက်တတ်ကြပြီး ကျွမ်းကျင်တဲ့ဆရာဝန်တွေကတော့ အချို့သောအမူးပြေဆေးတွေဟာ အယ်လ်ကိုဟောဓာတ်ကို ဖျက်စီးနိုင်ကြပေမယ့် အရက်နာကျတဲ့ဝေဒနာကို ပိုမိုပြင်းထန်စေပါတယ်လို့ ဆိုထားကြပါတယ်။




၇။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ။

အရက်နဲ့ဘီယာကို အလွန်အကျူးသောက်ပြီးသွားရင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သင့်တယ်လို့ ပညာရှင်တွေကဆိုကြပြီး အိပ်ရေးမဝရင်တော့ စိတ်ကျဝေဒနာခံစားရတာ၊ စိုးရိမ်ကြောင့်ကြတာမျိုးတွေ ခံစားရလိမ့်မယ်လို့ ဆိုကြပါတယ်။



#HM
#LifestyleMyanmar
Source: everydayhealth
Lifestyle Myanmar မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အရက်
#အစာအိမ်
#ဘီယာ
#ဗီတာမင်
#အချိုရည်

Some text some message..