ဖော်မယ်ဒီဟိုက်၊ ကာဗွန်မိုနောက်ဆိုဒ်၊ ထရစ်ကလိုတလင်းနှင့် အမိုးနီးယားတွေက သာမန်နေအိမ်မှာ အန္တရာယ်ရှိသော အဆိပ်အတောက်အားလုံးရှိတယ်လို့ NASA Clean Air လေ့လာမှုတစ်ခုက ဆိုပါတယ်။ ကံကောင်းတာက အိမ်တွင်းအပင်တွေဟာ ဒီညစ်ညမ်းပစ္စည်းနဲ့ ဓါတုပစ္စည်းတွေကို ၉၀%အထိ စုပ်ယူနိုင်ပါတယ်။ အိမ်တွင်းအပင်လေးတွေက အစိမ်းရောင် အလှဆင်နေရုံထက် အများကြီးပိုတယ်ဆိုတာ သေချာပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ကျန်းမာရေးအတွက် အလွန်အကျိုးပြုတဲ့ အပင် ၁၀မျိုးကို ဖော်ပြပေးချင်ပါတယ်။
၁။ စပယ်ပန်း
စံပယ်ပန်းဟာ စိုးရိမ်စိတ်ကို သက်သာစေခြင်း၊ စိတ်အပြောင်းအလဲတွေကို ကုသခြင်း၊ အိပ်စက်ခြင်းအရည်အသွေးကို တိုးတတ်စေခြင်း၊ များသောအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ခြင်းနှင့် လိင်စိတ်ကို တိုးပွားစေသော ဓါတုပစ္စည်းတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။
၂။ ပင့်ကူအပင်
ပင့်ကူအပင်တွေက ဖော်မယ်ဒီဟိုက်၊ ကာဗွန်မိုနောက်ဆိုဒ်နှင့် စက္ကူအိတ်များ၊ ဖယောင်းစက္ကူများ၊ လက်သုတ်ပုဝါများ၊ အထပ်သားပန်နယ်များနှင့် synthetic fabrics များကလာတဲ့ အခြားအဆိပ်အတောက်ဖြစ်စေနိုင်သော လေထုအညစ်အကြေးတွေကို တိုက်ထုတ်သူများ ဖြစ်ပါတယ်။
၃။ Peace Lily (ရှင်သီဝလိဂမုန်း)
နွေရာသီမှာ လှပတဲ့အဖြူရောင်ပန်းလေးတွေ ပွင့်လေ့ရှိတဲ့ Peace Lily တွေက အိမ်အလှဆင်ခြင်းအတွက် အရမ်းကောင်းပါတယ်။ ဒီအိမ်တွင်းပင်တွေက trichloroethylene ၊ ဖော်မယ်ဒီဟိုက်၊ အမိုးနီးယားကို စုပ်ယူခြင်းဖြင့် လေထုညစ်ညမ်းမှုကို ဖယ်ရှားပေးပြီး အိမ်တွင်းလေထုကို သန့်စင်စေပါတယ်။ ဝတ်မှုန်နှင့် ပန်းနံ့သာထွက်ရှိတာကြောင့် ဝတ်မှုန်နှင့် ဆက်စပ်သော ဓါတ်မတည့်မှုတွေရှိပါက သတိပြုပါ။
၄။ Snake Plant (နဂါးစက်ပင်)
Snake အပင်တွေက အိမ်တွင်းလေထုအရည်အသွေးကို တိုးတတ်စေတာကြောင့် အိပ်ခန်းထဲမှာ စိုက်သင့်တဲ့အပင်ဖြစ်ပါတယ်။ Snake Plant က trichloroethylene, formaldehyde, toluene, benzene, နဲ့ xylene အပါအဝင် အဆိပ်အတောက်တွေအားလုံးကို ဖယ်ရှားပေးပါတယ်။ လေသန့်စင်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေဖို့ အပင်တစ်ပင်ထက်မက လိုအပ်ပါလိမ့်မယ်။
၅။ Rosemary
Rosemaryကို အများအားဖြင့် အာရုံစိုက်မှုနှင့် မှတ်ဉာဏ်ကို တိုးတတ်စေသော ဆေးပင်အဖြစ် လူသိများပါတယ်။ ၎င်းကို ကြွက်သားနာကျင်မှုကို သက်သာစေဖို့နှင့် ကိုယ်ခံအားနှင့် သွေးလည်ပတ်မှုစနစ်တွေကို မြှင့်တင်ဖို့ အသုံးပြုပါတယ်။
၆။ အင်္ဂလိပ်အိုင်ဗီ (တိုက်ကပ်နွယ်ပင်)
အင်္ဂလိပ်အိုင်ဗီဟာ ဓါတ်မတည့်မှုကို ဖြစ်ပေါ်စေတဲ့ လေထဲမှ မှိုရဲ့ ၉၀% အထိ သန့်စင်ပေးပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေနှင့် ကောင်းမွန်စွာ အိပ်စက်ချင်သူတွေအတွက် ညဘက်မှာ ပိုမိုကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့ ကူညီပေးပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေ၊ ကလေးလေးတွေ စားမိပါက အဆိပ်အတောက်ဖြစ်စေတာကြောင့် သတိပြုရပါမယ်။
၇။ လာဗင်ဒါ
လာဗင်ဒါပန်းက စိတ်ဖိစီးမှုနှင့် အိပ်မပျော်မှုကို သက်သာစေဖို့ အထောက်အကူပြုပါတယ်။ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်မှုကို သက်သာစေပြီး စိတ်ဖိစီးမှုနှင့် အိပ်မပျော်မှုကို သက်သာစေပါတယ်။
၈။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဟာ ၎င်းရဲ့ ကုသနိုင်စွမ်းကြောင့် ကျော်ကြားပါတယ်။ အသားအရေကို ချောမွေ့စိုပြေစေပြီး အပူလောင်တာ၊ နေလောင်တာနှင့် frostbite, psoriasis နှင့် အအေးနာတွေကိုတောင် သက်သာစေပါတယ်။
၉။ Golden Pothos (ရွှေလာငွေလာဂမုန်း)
ရွှေလာငွေလာဂမုန်းတွေက trichloromethyl ကဲ့သို့သော ဓါတုပစ္စည်းတွေကို လေထုထဲမှ ဖယ်ရှားပေးခြင်းမှာ အလွန်ကောင်းပါတယ်။ သူတို့ကို ကော်၊ သုတ်ဆေးနှင့် ဆပ်ပြာတွေမှာ အများစုတွေ့ရပါတယ်။ ဒီအပင်တွေက သေဖို့အလွန်ခဲယဉ်းပါတယ်။ ဒါ့ကြောင့် သင့်မှာ အစိမ်းရောင်ပင်လေးတွေ မရှိသေးပါ ဒီအပင်က သင့်အတွက် ကောင်းမွန်ပါလိမ့်မယ်။
၁၀။ ရာဘာပင်
ရာဘာပင်တွေက ကြီးထွားလေ့ရှိပြီး စောင့်ရှောက်ဖို့ သိပ်မခက်ပါဘူး။ အရွက်ကြီးတွေက လေထဲမှ မကောင်းတဲ့အရာတွေကို စုပ်ယူပါတယ်။ အရွက်တွေကိုတော့ ဖုန်သုတ်ဖို့ မမေ့သင့်ပါဘူး။
Lifestyle_Myanmar
LM_Nandar
Source-brightside
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။