ခေါင်းကိုက်ခြင်း အကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ
yoyarlay.com
|
2020-07-23



လူတိုင်းနီးပါး ခေါင်းကိုက်တယ်ဆိုတာကို ခံစားဖူးပါတယ်။ ခေါင်းကိုက် နေပြီ ဆိုရင် ဘာမှ လုပ်လို့ အဆင်မပြေတော့ဘူး။ မဆိုစလောက်လေး ခေါင်းကိုက်နေရင်တောင် ကိုယ့်ရဲ့ လုပ်စရာကိစ္စတွေမှာ အနှောင့်အယှက်တွေဖြစ် စဉ်းစားလို့မရ လုပ်နေကျ အလုပ်တွေကိုတောင် လုပ်မရဖြစ်၊ အရမ်းဆိုးရင်တော့ အိပ်ရာထဲကကို မထနိုင်အောင် မျက်ရည်ပိုးပိုးပေါက်ပေါက် ကျလောက်အောင် ခံစားရပါတယ်။

ပြောတော့သာ ခေါင်းကိုက်တယ် ဆိုတဲ့ တစ်ခွန်းတည်းပါ။ နားထင်က ထိုးတာ၊ တဒိတ်ဒိတ်နဲ့ ကိုက်တာ၊ ဟိုဟိုဒီဒီ စူးခနဲ ခေါင်းကိုက်တာ၊ နောက်စေ့က အုံခဲနေတာ၊ နဖူးနဲ့ မျက်ရိုးနား ကိုက်တာ စတဲ့ ခေါင်းကိုက်နည်းတွေ မျိုးစုံပါပဲ။ ဒါတွေကို နည်းနည်းအဖြေရှာကြည့်ရအောင်။


ဘာတွေကြောင့် ခေါင်းကိုက် စေနိုင်သလဲ

ခေါင်းကိုက်စေနိုင်တဲ့ အကြောင်းရင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအများကြီးပါ။ အဖြစ်များဆုံး အနေနဲ့ –



အဖြစ်နည်းပြီး ပြင်းထန်တဲ့ ခေါင်းကိုက်မှုတွေအနေနဲ့ ခေါင်းကိုထိခိုက်မှုတာ၊ ဦးနှောက်အကျိတ်ဖြစ်တာ၊ သွေးကြောတွေရောင်ရမ်းတာ၊ လေဖြတ်တာတွေမှာလည်း ဖြစ်နိုင်ပါတယ်။


ဘယ်လို သက်သာအောင် လုပ်မလဲ

ခေါင်းကိုက်တာကို လုံးဝပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် ခေါင်းကိုက်တာကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေကုသရပါတယ်။ တခြားနည်းလမ်းတွေကတော့ သာမန်ခေါင်းကိုက်တာကို သက်သာစေရုံလောက်ထိပဲ ဖြစ်နိုင်ပါတယ်။


သက်သာခေါင်းကိုက် သက်သာစေဖို့ လုပ်လို့ရတာတွေက

(၁) ရှူဆေးဘူး ရှူပါ။


ရှူဆေးနံ့ လေးတွေက အာရုံကြောတွေ လန်းဆန်းစေပြီး ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း တွေကို သက်သာစေနိုင်ပါတယ်။

(၂) ဆေးပလာစတာ ကပ်ပါ။


ပရုတ်အေး ပါဝင်တဲ့ ဆေးပလာစတာ လေးတွေကို နားထင် နဲ့ ဇက်ကြောပေါ်မှာ ကပ်ထားလိုက်ပါ။ ပရုတ်အေးကြောင့် အေးမြတဲ့ခံစားမှုနဲ့ ဆေးအာနိသင် စိမ့်ဝင်တာမို့ သွေးလည်ပတ်မှုကို ကောင်းစေပြီး ခေါင်းကိုက် အမြန်သက်သာ စေနိုင်ပါတယ်။ ဒါ့အပြင် အကိုက်အခဲပျောက်စေတဲ့ အာနိသင်ရယ် ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တာရယ်ပါ ပါဝင်တာကြောင့် ကြွက်သားနဲ့ သွေးကြောတွေ ဖိအားလျော့စေပြီး ခေါင်းကိုက်တာ အလျင်အမြန်သက်သာစေနိုင်ပါတယ်။

(၃) ရေသောက်ပါ။


တော်တန်ရုံ ခေါင်းကိုက်ခြင်းတွေကို သက်သာစေနိုင်တာ ရေ ပါပဲ။ ရေဓာတ် မပြည့်ဝတဲ့အခါ ခေါင်းကိုက်တတ်တာမို့ပါ။ ပူလွန်း၊ အေးလွန်းတဲ့ ရေမဖြစ်ဖို့တော့ သတိပြုပါ။

(၄) အနားယူပါ။


ခေါင်းကိုက်နေချိန်မှာ အာရုံသိပ်စိုက်ရတဲ့ အလုပ်တွေ မလုပ်ဘဲ ခဏလောက်ဖြစ်ဖြစ် နားပေးပါ။ ပင်ပန်းမှု၊ ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း တို့ကြောင့် ခေါင်းကိုက်တတ်တာမို့ ခဏလောက် အနားယူပြီး ပြန်အားဖြည့်တဲ့အခါ သိသိသာသာ ခေါင်းကိုက်သက်သာစေတာကို သတိထားမိပါလိမ့်မယ်။

(၅) အကိုက်အခဲပျောက်ဆေး သောက်ပါ။


အပေါ်က နည်းတွေနဲ့ မသက်သာဘူးဆိုရင် ကိုယ့်ကျန်းမာရေး အနေအထားကို မူတည်ပြီး ခေါင်းကိုက်သက်သာစေမယ့် အကိုက်အခဲပျောက်ဆေးလေးတွေ သောက်ပါ။ ရေရှည်စွဲသောက်တာကိုတော့ ရှောင်ကြဉ်ရပါမယ်။ ဘေးထွက်ဆိုးကျိုးတွေရှိတဲ့အတွက် ခေါင်းကိုက်တာနဲ့ ဆေးတန်းမသောက်ဘဲ ဆေးပလာစတာ ကပ်ပြီး စောင့်ကြည့်တာမျိုး၊ အကြောလျော့ လေ့ကျင့်ခန်းတွေ လုပ်တာမျိုး အရင်လုပ်ကြည့်ပါ။ အကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ ကိုယ့်သဘောနဲ့ကိုယ်မသောက်သုံးဘဲ နားလည်တတ်ကျွမ်းသူနဲ့ အရင်တိုင်ပင်ပြီးမှ သောက်သုံးပါ။

Ref : hellosayarwon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Team ( ရိုးရာလေး )


#ပလာစတာ
#ပရုတ်
#နားထင်
#ခေါင်းကိုက်ခြင်း
#ဘေးထွက်ဆိုးကျိုး

Some text some message..