မိခင်တစ်ယောက်ဖြစ်လာတော့မယ့် အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်နေတဲ့အချိန်ကအစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်နေရတဲ့ကာလပဲဖြစ်ပါတယ်။စားချင်တာလည်း မစားရ ထိုင်တာထတာကအစ ဂရုစိုက်နေရတဲ့ကာလပါ။အဲ့လိုအချိန်မှာ အပူအစပ်တွေရှောင်တာအပြင်ကို အသီးတွေစားတဲ့အခါမှာလည်း မစားသင့်တဲ့ အသီးတွေရှိပါသေးတယ်။ပုံမှန်ဆိုသတိမထားမိပဲစားမိမှာမလို့ အသီးစားတာနဲ့ ကိုယ်ဝန်ကိုမထိခိုက်ရအောင် ရှောင်ရမယ့် အသီး ၃ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။
၁– သင်္ဘောသီး
တချို့နိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတွေမှာ သင်္ဘောသီးအစိမ်းကို ကိုယ်ဝန်ဖျက်ချတဲ့နေရာမှာ အသုံးပြုကြတာပဲဖြစ်ပါတယ်။သင်္ဘောသီးအစိမ်း သင်္ဘောသီးထောင်းစတဲ့ သင်္ဘောသီးနဲ့ပါတ်သတ်တာတွေ စားသောက်တာက နုနယ်သေးတဲ့ ကိုယ်ဝန်ကို ပျက်ကျစေနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ ကိုယ်ဝန်ဆောင်နေစဉ်မှာ သင်္ဘောသီးအစိမ်းကို လုံးဝမစားသင့်ပါဘူး။ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလ ၃ လကျော်သွားတဲ့အချိန်မှာ သင်္ဘောသီးအမှည့်ကို စားသုံးပေးခြင်းက မိခင်နဲ့ကလေးကို အထူးကျန်းမာစေနိုင်ပါတယ်။
၂ — စပျစ်သီး
ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ တော်တော်များများက စပျစ်သီးကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မစားဖို့ သတိပေးကြပါတယ်။အဲ့လို သတိပေးရတဲ့ အကြောင်းအရင်းက နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က စပျစ်သီးကို အင်းဆက်ပိုးမွှားတွေရန်ကနေ ကင်းဝေးအောင် ဆေးဖြန်းထားတတ်လို့ပဲဖြစ်ပါတယ်။ဆေးဖြန်းထားတဲ့ စပျစ်သီးကိုစားသုံးမိလိုက်ရင် ကိုယ်ဝန်ဆောင် သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ စပျစ်သီးမှာ Resveratrol ပါဝင်မှုမြင့်မားလွန်းတာမလို့ အစာအဆိပ်သင့်တာဖြစ်ဖို့ လွယ်ကူပါတယ်။အစာအဆိပ်သင့်ရင် မိခင်ရော ကလေးကိုပါထိခိုက်စေနိုင်တာမလို့ ရှောင်ဖို့သတိပေးထားတာပဲဖြစ်ပါတယ်။တကယ်လို့ ကိုယ်ဝန်ဆောင်စဉ်မှာ စပျစ်သီးစားချင်တယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
၃ – နာနတ်သီး
ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာတချို့က မွေးဖွားရတာလွယ်ကူအောင်ဆိုပြီး နာနတ်သီးစားပေးတတ်ကြပါတယ်။အဲ့ဒါက မှားယွင်းတဲ့ စားသုံးမှူပါ။နာနတ်သီးမှာ Bromelain ဓာတ်ပါဝင်မှူများတာမလို့ သားအိမ်ကို လျော့ရဲစေနိုင်ပါတယ်။နာနတ်သီးစားတဲ့ ရလဒ်အနေနဲ့ လမစေ့ပဲကလေးမွေးတာမျိုးဖြစ်စေနိုင်ပါတယ်။အဲ့ဒါမလို့ ကိုယ်ဝန်ဆောင်နေစဉ်မှာ နာနတ်သီးကို ရှောင်သင့်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးသားအလိုအရ အစားအသောက်တွေ တောင့်တမိကြမှာပါ။ဒါပေမယ့် မိမိရော မိမိရဲ့ ရင်သွေးလေးအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် အစားအသောက်မျိုးဆို ရှောင်ကြဉ်သင့်ပါတယ်။အခုဖော်ပြပေးသွားတဲ့ အသီး ၃ မျိုးကိုလည်း ကိုယ်ဝန်ဆောင်နေစဉ်မှာရှောင်ကြဉ်လိုက်မယ်ဆိုရင် ရင်သွေးအတွက်ရော မိမိအတွက်ပါကျန်းမာရေး ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။