ဓမ္မတာလာစဉ် ဝမ်းဗိုက်အောက်ပိုင်းတဝိုက် နာကျင်ခြင်းက အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အဆိုးဆုံးပြဿနာများထဲက တစ်ခုဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီး ၄ယောက်မှာ ၃ယောက်လောက်က ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်းကို ရင်ဆိုင်ရပြီး အမျိုးသမီး ၁ဝယောက်မှာ တစ်ယောက်က ( dysmenorrhea လို့ခေါ်တဲ့) ပြင်းထန်တဲ့ ကိုက်ခဲခြင်းကို ရင်ဆိုင်ရပါတယ်။
ဓမ္မတာလာစဉ်အတွင်း ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ? ဓမ္မတာလာစဉ်မှာ နာကျင်မှု၊ ရောင်ရမ်းမှုတွေကို ဖြစ်စေသော Prostaglandins လို့ခေါ်သော ဟော်မုန်းတစ်မျိုးဟာ သားအိမ်ကြွက်သားများကိုကျုံ့စေပါတယ်။ သားအိမ်ကျုံ့ခြင်းဟာ သားအိမ်ကိုထောက်ပံ့ပေးနေတဲ့ သွေးကြောများကိုကျဉ်းသွားစေတာကြောင့် နာကျင်ရခြင်းဖြစ်နိုင်ပါတယ်။
ဒီကာလမှာ ခက်ခဲတဲ့ နေ့ရက်တွေကို ကျော်လွှားနိုင်ဖို့ ကုစားနည်းတစ်ချို့ရှိပါတယ်။
၁။ နှမ်းဆီ
နှမ်းဆီမှာ အင်တီအောက်ဆီဒင့်နှင့် linoleic acid တို့ကြွယ်ဝပြီး ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်းမှ ခံစားရတဲ့အခါ အလွန်သက်သာရရစေနိုင်ပါတယ်။ ဆီအနည်းငယ်ယူပြီး သင့်ဝမ်းဗိုက်အောက်ပိုင်းပေါ်မှာ နှိပ်နယ်ပေးပါ။
၂။ လေ့ကျင့်ခန်းလုပ်ပါ
၁၅မိနစ်လောက် လမ်းသွက်သွက်လျှောက်ခြင်း၊ လှေကား ပြေးတတ်ပြေးဆင်း ပြုလုပ်ပေးပါ။ ဘယ်ကိုယ်လက်လှုပ်ရှားမှုမဆို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နာကျင်မှုကိုလည်း လျှော့ချပေးပါတယ်။
၃။ ချာမိုမိုင်း လက်ဖက်ရည်
ချာမိုမိုင်း က နာကျင်မှုကို သက်သာစေတဲ့ အရည်အသွေးရှိကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
၄။ ရေနွေးအိတ်ကပ်ပေးပါ
နာကျင်မှုကို လျှော့ချပေးဖို့ ဝမ်းဗိုက်အောက်ပိုင်းဧရိယာပေါ်မှာ ရေနွေးအိတ် သို့ ပုလင်း ကပ်ပေးပါ။ ဒါက နာကျင်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ သားအိမ်ကျုံ့ခြင်းကို သက်သာစေပါတယ်။ တနည်းအားဖြင့် ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ လက်ဖက်ရည်၊ ချောကလက်အပူ၊ ကော်ဖီ၊ နို့ စတဲ့ အရည်ပူပူလေးတွေ သောက်ပေးနိုင်ပါတယ်။
၅။ ဂျင်းနှင့် ငရုတ်ကောင်း လက်ဖက်ရည်
ဂျင်းနှင့် ငရုတ်ကောင်းက ဓမ္မတာလာစဉ် နာကျင်မှုကို လျော့ပါးအောင်ကူညီပေးတဲ့ အပူပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။ ဒီလက်ဖက်ရည်ကို နေ့စဉ် တစ်ကြိမ်သောက်ပါ။
၆။ ဗီတာမင်ဒီ
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားပုံဟောင်းရှိပါတယ်။ အမျိုးသမီးတွေမှာ ဗီတာမင် D3 ပမာဏမြင့်မားတဲ့သူတွေက နာကျင်မှု 41%လျော့ကျကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အီတလီအမျိုးသမီးတွေအပေါ်မှာ ကောက်ယူတဲ့ လေ့လာမှုဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီတာမင် D3 မြင့်မားတဲ့ အစားအစာများကို စားသုံးပေးပါ။ ဗီတာမင် D3 စားသုံးခြင်းက အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ အများအားဖြင့် နွားနို့ကဲ့သို့သော ထုတ်ကုန်များမှာ အများစုတွေ့ရှိရပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-glowpink
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။