
ကြမ်းပိုးတွေကိုက်လို့ ဖြစ်တတ်တဲ့ယားယံခြင်းနဲ့ အဖုအပိန့်တွေကို သက်သာအောင် အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ ဖန်တီးလို့ရပါတယ်။ ဓာတုဆေးဝါးတွေမလိုဘဲ အကောင်းကိုက်ခြင်းကို သက်သာအောင် လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကိုပြောပြပေးလိုက်ပါတယ်နော်။
၁။ ပူစီနံအဆီ
ကြမ်းပိုးကိုက်တဲ့အချိန်မှာ အကောင်းဆုံးအိမ်တွင်းကုထုံးကတော့ ပူဆီနံအဆီပဲဖြစ်ပါတယ်။ ကြမ်းပိုးကိုက်တာကိုသက်သာစေဖို့အတွက် နှစ်ဆတာဝန်ယူပေးပါတယ်။ ကြမ်းပိုးကိုက်တဲ့နေရာမှာ ပူစီနဲ့အဆီကို လိမ်းပေးမယ်ဆိုရင် ထွက်လာတဲ့အဖုအပိန့်လေးတွေကို သက်သာစေနိုင်ပါတယ်။
၂။ ရေခဲတုံး
ဟိုအရင်ကတည်းက အပူလောင်ရင် ရေခဲကပ်ရတယ်လို့ပြောခဲ့ဖူးတာကို မှတ်မိသေးရဲ့လား။ ဒါ့အပြင် ရေခဲ့ကပ်ခြင်က ယားယံတာတွေကိုပဲသက်သာစေနိုင်ပါတယ်။ ရေခဲက ယားယံတာ၊ အပူလောင်တာအပြင် ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။
၃။ ဆေးကျော်ကြီး (သို့) အကြောတစ်ထောင်ပင်(သို့) ဖားကြောရွက်
ဖားကြောရွက်လို့လဲ အခေါ်များကြတဲ့ ဒီဆေးပင်က ကြမ်းပိုးကိုက်တာကို သက်သာစေနိုင်တဲ့အပြင် အဆိပ်ရှိသတ္တုဝါတွေကိုကိုက်ခြင်းကိုလည်း အုံပေးခြင်း၊ ကပ်ပေးခြင်းများပြုလုပ်ရုံနဲပ အဆိပ်တွေကိုပြေပျောက်စေနိုင်ပါတယ်။ ထိခိုက်ရှနာနဲ့ အနာများ၊ သွေးထွက်များခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကိုခန္ဓာကိုယ်ရှိ အခြားသောအနာရောဂါများကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။
၄။ သွားတိုက်ဆေး
ကြမ်းပိုးကိုက်ခံရလို့ ယားယံခြင်းဖြစ်နေတာကို ရပ်တန့်ပေးနိုင်တဲ့ နည်းလမ်းကတော့ သွားတိုက်ဆေးထည့်ပေးခြင်းပဲဖြစ်ပါတယ်။ အေးမြတဲ့ ဂုဏ်သတ္တကို ခံစားရစေဖို့အတွက် menthol ပါဝင်တဲ့ သွားတိုက်ဆေးကို အသုံးပြုရန်အကြံပေးလိုက်ပါတယ်နော်။
၅။ ရှာလကာရည်
ရှာလကာရည်က အကော်းကိုက်ခံရချိန်မှာ ဖြစ်တတ်တဲ့ နာကျင်မှုတွေကိုလျော့ချပေးနိုင်တဲ့ သဘာဝပိုးသတ်ဆေးဖြစ်ပါတယ်။ ရေအေးနဲ့ ရှာလကာရည်ကိုရောကာရေစုပ်တဲ့ အဝတ်ကိုစွတ်ပြီး အကောင်းကိုက်ထားတဲ့နေရာမှာပွတ်ပေးပါ။ ကိုက်တာများလွန်းရင် ရေချိုးကန်ထဲမှာ ရေနွေးနဲ့စပ်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်စိမ်ပေးပါကနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။