အိမ်မွေးတိရိစ္ဆာန်လေးတွေကို မိသားစုဝင်တွေလို့ မှတ်ယူကြပေမယ့်လည်း သူတို့ရဲ့ခန္ဓာကိုယ်ဟာ လူ့ခန္ဓာကိုယ်နဲ့ မတူကြောင်း၊ မတူညီသော အာဟာရဓါတ်တွေ လိုအပ်ကြောင်းကို မေ့ထားလို့မရပါဘူး။ ဒီနေ့မှာ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။
၁။ ဒီတိရိစ္ဆာန်အမျိုးအစားအတွက် အကြံမပြုထားတဲ့ တိရိစ္ဆာန်အစာ
ဒီအစားအစာတွေရှောင်ကျဉ်သင့်တဲ့ တိရိစ္ဆာန်လေးများ -ခွေးနှင့်ကြောင်လေးများ
ခွေးအစားအစာကို ကြောင်တွေ (သို့) ကြောင်အစားအစာကို ခွေးတွေ ကျွေးရင် အဆိပ်အတောက်မဖြစ်ပေမယ့် တိရိစ္ဆာန်အမျိုးမျိုးဟာ အာဟာရအမျိုးမျိုး လိုအပ်ပါတယ်။ ကြောင်အစားအစာမှာ ကယ်လိုရီတွေနဲ့ ပရိုတင်းများစွာ ပါဝင်ပါတယ်။ ခွေးလေးတွေကတော့ အမျှင်ဓါတ်ပိုများတဲ့ အစားအစာတွေ လိုအပ်ပါတယ်။
ကြောင်အစားအစာတွေမှာ taurine အဆင့် မြင့်မားစွာ ပါဝင်ပါတယ်။သူတို့က ဇီဝကမ္မဖြစ်စဉ် မျှတဖို့အတွက် လိုအပ်ပါတယ်။ ခွေးလေးတွေမှာ metabolize လို့မရနိုင်တာကြောင့် ဒီပါဝင်ပစ္စည်းက ခွေးအစားအစာထဲမှာ မရှိပါဘူး။
၂။ ပဲများ
ဒီအစားအစာရှောင်ကြဉ်သင့်တဲ့ တိရိစ္ဆာန်များ -ကြောင်လေးတွေနဲ့ ခွေးလေးတွေ
စည်သွပ်ပဲတွေရဲ့အဓိကပြဿနာက အိမ်မွေးတိရိစ္ဆာန်လေးတွေကို အန္တရာယ်ဖြစ်စေတဲ့ ဆားနှင့်တာရှည်ခံဆေးတွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် စည်သွပ်ဘူးပဲရဲ့ခွက်တစ်ဝက်မှာ ဆိုဒီယမ် ၄၀၀မီလီဂရမ်မှ ၅၀၀ မီလီဂရမ်ခန့် ပါဝင်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေက ဆိုဒီယံခံနိုင်စွမ်း အရမ်းနည်းပါတယ်။
ဖြေရှင်းနည်း
သင့်အိမ်မွေးတိရိစ္ဆန်လေးတွေ ပဲကြိုက်ရင် green beans, lentils, (သို့၀ dried beans တွေကို ရွေးချယ်ပါ။ စည်သွပ်ဘူး (သို့) ဆားများတာ မဖြစ်သင့်ပါဘူး။ ပမာဏနည်းနည်းသာ ကျွေးသင့်ပါတယ်။
၃။ စည်သွပ်တူနာငါး
ဒီအစားအစာရှောင်ကြဉ်သင့်တဲ့ တိရိစ္ဆာန်များ -ကြောင်လေးတွေနဲ့ ခွေးလေးတွေ
ကြောင်လေးတွေက တူနာငါး အရမ်းကြိုက်ကြပါတယ်။ သို့သော် ခွေးလေးတွေကိုတောင် တစ်ခါတစ်ရံသာ ကျွေးဖို့ စဉ်းစားနိုင်ပါတယ်။ သင့်ကြောင်လေးတွေက တောင်းနေရင်တောင် စည်သွပ်တူနာကို နေ့တိုင်းမကျွေးသင့်ပါဘူး။ စည်သွပ်တူနာတွေမှာ အထူးသဖြင့် ဆား၊ ဆီပါဝင်ရင် မာကျူရီကြောင့် အဆိပ်သင့်စေနိုင်ပါတယ်။
ဖြေရှင်းနည်း
ငါးကို ဈေးထဲကဝယ်ပြီး ပြုတ်ကျွေးတာက ပိုကောင်းပါတယ်။ ဒါက ခဏခဏကျွေးလို့လည်း အန္တရာယ်မရှိပါဘူး။
၄။ မြေပဲထောပတ်
ဒီအစားအစာရှောင်ကြဉ်သင့်တဲ့ တိရိစ္ဆာန်များ -ကြောင်လေးတွေနဲ့ ခွေးလေးတွေ
ပုံမှန်အားဖြင့် ခွေးလေးတွေက မြေပဲထောပတ်ကြိုက်ကြပေမယ့် တချို့ထုတ်လုပ်သူတွေက ဒီထုတ်ကုန်တွေမှာ Xylitol ထည့်တတ်ကြပါတယ်။ ဒါက အိမ်မွေးတိရစ္ဆာန်လေးတွေကို အဆိပ်အတောက်ဖြစ်စေပါတယ်။ Xylitol က ကယ်လိုရီနည်းအောင် သကြားအစားထိုးသုံးတဲ့ sweetener ဖြစ်ပါတယ်။ Xylitol က သွေးသကြားဓါတ်ကို လျော့နည်းစေပြီး တိရိစ္ဆာန်လေးတွေမှာ အသည်းပျက်စီးခြင်းကို ဖြစ်စေပါတယ်။
ဖြေရှင်းနည်း
မြေပဲထောပတ်ဝယ်လာရင် အာဟာရတွေကို စစ်ဆေးပါ။ xylitol မပါခဲ့ရင်တောင် အဝလွန်စေနိုင်တာကြောင့် တိရိစ္ဆာန်လေးတွေကို နေ့တိုင်းမကျွေးသင့်ပါဘူး။
၅။ တဆေးပါတဲ့မုန့်
ဒီအစားအစာရှောင်ကြဉ်သင့်တဲ့ တိရိစ္ဆာန်များ – ခွေးလေးတွေ
မဖုတ်ရသေးတဲ့ ဂျုံပေါင်မုန့်တွေမှာ ခွေးလေးတွေကို အဆိပ်သင့်စေနိုင်တဲ့ တဆေးပါဝင်ပါတယ်။ တဆေးက အချဉ်ပေါက်တဲ့အခါ သွေးအီသနောကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ တဆေးဆဲလ်တွေဟာ အီသနောကို ထုတ်လုပ်ပေးပြီး အော့အန်ခြင်းကို ဖြစ်စေပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းက သင့်ခွေးလေးတွေကို တဆေးနဲ့နယ်ထားတဲ့ ဂျုံမုန့်အစိမ်းတွေ မကျွေးသင့်ပါဘူး။
၆။ အသားစိမျး
ဒီအစားအစာရှောင်ကြဉ်သင့်တဲ့ တိရိစ္ဆာန်များ -ကြောင်လေးတွေနဲ့ ခွေးလေးတွေ
အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် အသားက ပရိုတိန်းရဲ့ အရင်းအမြစ်ကောင်းဖြစ်ပေမယ့် တိရိစ္ဆာန်လေးတွေရဲ့ အစာခြေစနစ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါဝင်တာကြောင့် အသားစိမ်းတွေ မကျွေးသင့်ပါဘူး။ အချို့သော ဘက်တီးရီးယားအမျိုးအစားတွေက နေမကောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
၇။ ဗာဒံသီး
ဒီအစားအစာရှောင်ကြဉ်သင့်တဲ့ တိရိစ္ဆာန်များ -ကြောင်လေးတွေနဲ့ ခွေးလေးတွေ
အထူးသဖြင့် ကျွမ်းကျင်သူအများစုက ဗာဒံသီးကို တားမြစ်ထားတာ မဟုတ်ပေမယ့် သင်သိထားသင့်တဲ့ အန္တရာယ်အချို့ရှိပါတယ်။ ဗာဒံသီးတွေ ပုံမှန်ကျွေးခြင်းက အိမ်မွေးတိရိစ္ဆာန်တွေရဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။ ရောဂါလက္ခဏာတွေမှာ အန်ခြင်း၊ ဗိုက်ဖောင်းခြင်း၊ ဝမ်းလျှောခြင်းတို့ ပါဝင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။