ဆံပင်ညှပ်ဖို့လို၊ မလို
healthcare.com.mm
|
2020-08-21


ဆံပင်ခဏခဏညှပ်တယ် ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ကူးနဲ့ သက်ဆိုင်သလိုဆံသားအခြေအနေပေါ်လည်း မူတည်ပါ တယ်။ ဆံပင်ဟာ ပုံမှန်အားဖြင့်သီတင်းလေးပတ်မှာ လက်မဝက် ခန့်ရှည်ပြီး အနှေးအမြန်ကတော တစ်ယောက်နဲ့ တစ်ယောက်မတူ ပါဘူး။ ဆံပင်အတိုအရှည်အနေ အထားအလိုက် ဘယ်လိုအချိန်တွေမှာ ဆံပင်ညှပ်ပေးရသလဲဆိုတာ သိထားဖို့အတွက် ဖော်ပြပေး လိုက်ပါတယ်။ ဆံပင်ရှည်ရှည်ပိုင်ရှင်တွေ ဆံပင်အရှည်ဆက်ထားဖို့ စိတ်ကူးရင်တော့ ဆံသား ကျန်းကျန်းမာ မာနဲ့ ရှည်လျားနိုင်ဖို့အတွက် ဆံ ဖျားလေးတွေကို ရက်သတ္တပတ် ရှစ်ပတ် (ဒါမှမဟုတ်) ၁၂ ပတ်တစ်ခါပုံမှန်ညှပ်ပေးဖို့လိုပါတယ်။ ဆံပင်ရှည်ပြီး ဆံသား မကောင်းရင်တော့ ခြောက်ပတ် (ဒါမှမဟုတ်) ရှစ်ပတ်တစ်ခါညှပ်ဖို့လိုပါတယ်။ အရှည်ထားချင်လို့ လုံးဝမညှပ်ဘဲထားတဲ့အခါ ထိပ်ဖျားတွေ ပြတ်ထွက်တာမျိုး၊ ကျိုးကြေတာမျိုးတွေကြုံရနိုင်ပြီး ပုံမှန်ထက် ဆံပင်အရှည်နှေးတတ်ပါတယ်။ အနေတော်ဆံပင်အရှည်ရှိ သူတွေဆိုရင် ဆံသားကျန်းမာဖို့ အတွက် ခြောက်ပတ် (ဒါမှမဟုတ်) ၁၂ ပတ်တစ်ခါ ဆံပင်ညှပ်ပေး သင့်ပါတယ်။ ဆံပင်အတိုဆိုရင် တော့ အမြဲတမ်းလန်းဆန်းနေတဲ့ ပုံစံမျိုးရှိနေပြီး ဆံပင်အတိုခဏ ခဏညှပ်နေတဲ့အတွက် ဆံပင်အရှည်လည်း မြန်ပါတယ်။ ဆံပင်တိုဆိုရင် လေးပတ် (ဒါမှမဟုတ်) ရှစ် ပတ်တစ်ခါညှပ်ပေးနိုင်ပါတယ်။ ဓာတုဆိုးဆေးသုံးပြီး အရောင်ဖောက်၊ ဆံပင်ဖြောင့်၊ ကောက်လုပ်တဲ့သူတွေ ဆိုရင်တော့ ပုံမှန်ထက် ဆံပင်ပျက်စီးတတ်တာကြောင့် သန်စွမ်းပြီး ကျန်းမာတဲ့ ဆံပင်တွေထွက်လာဖို့ ကို ဆံပင်အဖျားတွေကို ခဏခဏတိပေးဖို့လိုပါတယ်။ ဒီလိုလုပ်ပေး ခြင်းအားဖြင့် ဆံသားနှစ်ခွဖြစ် တာ၊ ကြွပ်ဆတ်ကြမ်းတမ်းတာတွေ မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေလို့ပါ။ နောက်ပြီး ဆံပင်နည်းတဲ့သူ အများစုဟာ ဆံပင်ရှည်ချင်တာ ကြောင့် ဆံပင်လုံးဝမညှပ်ဘဲ ထားတာဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပြီး ဆံပင်ပုံမှန်လေးညှပ်ပေး မှ အရှည်မြန် လာတာမို့ ဆံပင် ရှည်ချင်လေ ဆံပင်ပုံမှန်တိပေးဖို့ လိုလေဆိုတာ သိထားဖို့ လိုပါ တယ်။Credit : womenshair.about.comသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#ဆံပင်
#အရှည်
#ဆံပင်ရှည်
#အတို
#စိတ်ကူး

Some text some message..