ဆီပူလောင်နာကို သက်သာစေသော နည်းလမ်းများ
popolay.com
|
2020-08-22

(၁) မန်သော် ပါဝင်သော သွားတိုက်ဆေး

မည်သို့သော မင်သော်ပါဝင်သည့် သွားတိုက်ဆေးမျိုးမဆို ထိရောက်စေသည်။ ယင်းက ပူလောင် ကျိန်းစပ်သော ဝေဒနာကို အေးမြစေပြီး အနာကျက်စေခြင်း၊ အနာရွတ် ကျန်ခြင်းကို ကာကွယ်ပေးခြင်းတို့ ဖြစ်စေသည်။


(၂) ဆားနှင့် ရေခဲ

အပူလောင်နာအပေါ် ဆားတင်ခြင်းသည် ရုတ်တရက် ဘာမှမဆိုင်သလို ထင်စေနိုင်သည်။သို့သော် ဆားကရောဂါပိုးမွှားကိုသေစေနိုင်ပြီး အပူလောင်ခြင်းမှ နောက်ဆက်တွဲဖြစ်တတ်သော အရေပြား ရောဂါကို ကာကွယ်ပေးသည်။ အနာပေါ်ကို ဆားအနည်းငယ်မျှသာဖြူးပြီး (၁၅)မိနစ်ခန့် ရေခဲတင်ပေးပါ။


(၃) ရှားစောင်းလက်ပတ်

အရေပြားတစ်သျှူးများကို စေ့သွားစေသည်။ အကယ်၍ ရှားစောင်းလက်ပတ် အိမ်တွင်စိုက်မထားပါက ယခုအခါတွင် ရှားစောင်းနှင့်လုပ်သော ခရင်၊ gel များ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်သည်။ အရေပြားအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သည်။


(၄) သခှါးသီး

သခွါးရည်ဖြင့် အပူလောင်နာကို သုတ်လိမ်းပေးပြီး သက်သာစေနိုင်သည်။


(၅) နနွင်း

အိန္ဒိယ ရိုးရာသုံးပစ္စည်းဖြစ်ပြီး နနွင်းနှစ်ကိုအုံပါက အနာရွတ်မကျန် ပဲရောင်ရမ်းခြင်းသက်သာစေသည်။


(၆) ပျားရည်နနွင်း

အပူလောင်နာကို အမြန်ကျက်စေခြင်း၊ နာကျင်မှုသက်သာစေခြင်း၊ အနာရွတ်မပေါ်စေခြင်းတို့ကို ပေးစွမ်းနိုင်သည်။


(၇) သံလွင်ဆီနှင့် လာဗင်ဒါဆီ

၄င်းသည်လည်း အပူလောင်နာကို အမြန်ကျက်စေပြီး အနာရွတ်ပေါ် ခြင်းကို လျော့နည်းစေသည်။ ရက်သတ္တပါတ် အနည်းငယ်ကျော်မှန်မှန်လိမ်းပေးပါ။ အမဲကွက်ဒဏ်ရာကို မကြာခဏ လိမ်းပေးခြင်းဖြင့် ဖြူစင်ချောမွတ်စေသည်။


(၈) ရှာလကာရှည်

ရှာလကာရည်ကို အဝတ်တွင်စွတ်၍ အပူလောင်နာ၏ ပတ်ဝန်း ကျင်နေရာတစ်ဝိုက်ရှိ ကြွက်သားများကို တို့လိမ်းပေးပါ။ အနာလုံးဝပျောက် သည်အထိ ထပ်ခါထပ်ခါလိမ်းပေးခြင်းဖြင့် ဝေဒနာကိုသက်သာစေသည်။

*** သတိပြုရန်

အနာကို ပတ်တီးမစည်းပါနှင့် အပူလောင်နာသည် ပတ်ဝန်းကျင် လေဖြင့်ပင်အနာကို သက်သာစေသည်။
Credit:


#အနာရွတ်
#နနွင်း
#အနာ
#သွားတိုက်ဆေး
#လက်ပတ်

Some text some message..