နှမ်း ( သို့ ) နှမ်းဆီကနေ ပေးစွမ်းတဲ့ အကျိုးကျေးဇူးများ
lifestylemyanmar.com
|
2020-08-24



နှမ်းဆီကပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေကြောင့် “နှမ်း” ကို “ဆီထွက်တဲ့အစေ့အဆံတွေထဲက ဘုရင်မ” လို့တင်စားခေါ်ဝေါ်ကြပါတယ်။ နှမ်းဆီထုတ်လုပ်တဲ့ “နှမ်း”ရဲ့ သိပ္ပံနာမည်ကတော့ Sesamum indicum ဖြစ်ပြီး သူ့ရဲ့ ခါးသက်သက်အရသာကြောင့် ဟင်းချက်ဖို့ထက် ဟင်းခတ်အမွှေးအကြိုင်လို သုံးကြတာများပါတယ်။ ဒီတော့ နှမ်းဆီကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်သလည်းဆိုတာသိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။




Antioxidants ကိုမြှင့်တင်ပေးပါတယ်

နှမ်းဆီတွင် ကျန်းမာရေးကိုအကျိုးသက်ရောက်မှုရှိစေတဲ့ antioxidants နှစ်ခုဖြစ်တဲ့ sesamol နှင့် sesaminol တို့ပါဝင်ပါတယ်။ ၎င်းသည် Antioxidants ကို မြှင့်တင်ပေးတာကြောင့် မူလအရင်းအမြစ်ဆဲလ်တွေရဲ့ ပျက်စီးမှုကိုလျော့ကျစေပြီး အဆစ်အမြစ်နာကျင်ရောင်ရမ်းခြင်းတို့ကို သက်သာစေပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

နှမ်းဆီတွင် ပြည့်ဝဆီပါဝင်မှုနည်းပါးပြီး monounsaturated နဲ့ polyunsaturated fat တွေ ပါဝင်ပါတယ်။ ၎င်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောပိတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။




သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း

နှမ်းဆီသည် ဆီးချိုရောဂါရှိသူများအတွက် အရေးကြီးတဲ့ သွေးတွင်းသကြားဓါတ်လွန်ကဲမှုမဖြစ်ပေါ်စေရန် ထိန်းချုပ်ပေးပါတယ်။ ဆီးချိုအဆင့် ၂ ရောဂါရှိတဲ့ လူ ၄၆ ယောက်ကို ရက် ၉၀ကြာ နှမ်းဆီစားသုံးစေပြီး လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ရာမှာ သွေးတွင်းသကြားဓါတ်များပြားမှု သိသိသာသာလျော့နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။

အရိုးအဆစ်ရောင်ရမ်းနာတွေကို သက်သာစေပါတယ်

နှမ်းဆီတွင် ကော့ပါး၊ ဇင့်၊ မဂ္ဂနီစီယမ်၊ သံဓါတ်နဲ့ ကယ်လ်စီယမ်ဓါတ်တို့ပါရှိပါတယ်။ ဇင့် နဲ့ ကော့ပါးတို့က သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့အတွက် အထောက်အကူပြုပေးပြီး သွေးလည်ပတ်မှုနဲ့ ဇီဝဖြစ်စဉ်တို့ကို ကောင်းမွန်စေပါတယ်။ ကော့ပါးကတော့ အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးပြီး အရောင်ကျစေတဲ့ အာနိသင်လည်းရှိတာကြောင့် အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တဲ့ပြဿနာတွေကို သက်သာစေပါတယ်။




မီးလောင်ဒဏ်ရာနဲ့ အနာတရတွေကို သက်သာစေခြင်း

နှမ်းဆီကို ပြင်ပဒဏ်ရာများနဲ့ လောင်ကျွမ်းဒဏ်ရာများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒဏ်ရာများနဲ့ လောင်ကျွမ်းဒဏ်ရာတွေကို သက်သာစေတာဟာ နှမ်းဆီမှာပါရှိတဲ့ antioxidant နဲ့ inflammatory anti-properties တို့ကြောင့်ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ အချို့သောသုတသနများအရ နှမ်းဆီသည် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးတာမျိုးမှလည်း ၃၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ခိုင်မာတဲ့သုတေသနများစွာက နှမ်းဆီသည် သဘာဝ SPF ပါရှိတာကြောင့် နေရောင်ခံကာကွယ်ဆေးအဖြစ်လည်း အသုံးချနိုင်တယ်လို့လည်း သိရပါတယ်။

နှမ်းဆီကို အသုံးပြုပြီး ခြေဖဝါးတွေကို နှိပ်နယ်ပေးတာဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်ပေါ်စေဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နှမ်းဆီနဲ့ ဗီတာမင်-အီး ကို ရောစပ်ပြီး ဆံကေသာနက်မှောင်သန်စွမ်းဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်ဆိုတဲ့အကြောင်း နောက်ဆုံးအချက်တခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- healthline




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#နှမ်းဆီ
#ဒဏ်ရာ
#နှလုံး
#သကြား
#အဆစ်

Some text some message..