ပိုးမရှိအဖြေထွက်ခဲ့ပေမယ့် self- quarantine လုပ်နေတဲ့ Go Ah Ra
မင်းသမီး Go Ah Ra ဟာသူမရိုက်ကူးနေတဲ့ “Do Sol Sol La La” ဒရာမာမှာ အတူသရုပ်ဆောင်နေတဲ့ Heo Dong Won မှာ COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် သူမလည်းဆေးစစ်မှုပြုလုပ်ခဲ့ရပါတယ်။
ဆေးစစ် ချက်ထွက်လာချိန်မှာပိုးမရှိအဖြေထွက်ခဲ့ပေမယ့် Go Ah Raကတော့ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ self quarantine လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Quarantine ကာလမှာတော့ သေချာအနားယူမှာဖြစ်ပြီး မကြာခင်မှာလုပ်လက်စ အလုပ်တွေ ပြန်လုပ်မှာဖြစ်တယ်လို့ အေဂျင်စီကပြောထားပါတယ်။
ရောဂါပိုးကိုထိန်းချုပ် ကာကွယ်ဖို့အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသေချာလိုက်နာနေတဲ့ Go Ah Raကိုပရိသတ်တွေကလည်း ချီးကျူးပြောဆိုနေကြပါတယ်။