တမာရွက်ဖျော်ရည်ကိုသောက်ပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-08-28

တမာရွက်ဖျော်ရည်ကိုနေ့စဉ်သောက်ပေးမယ်ဆိုရင် ဘက်တီးရီးယားပိုးများနှင့် ဖန်းဂတ်စ်နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ ဒါအပြင် ရောဂါကူးစက်မှုအန္တရာယ်ကို လျော့ချပေးနိုင်တဲ့အပြင် မှိုနဲ့ ဗိုင်းရပ်စ်များကို သေနိုင်ကာ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ တမာရွက်ပြုတ်ရေးနဲ့ ရေချိုးပေးခြင်းကလည်း ပြင်ပအနာတွေကိုလျင်မြန်စွာကျတ်စေနိုင်ပါတယ်။ ဒါကြောင့် တမာရွက်ဖျော်ရည်မှာ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။




၁။ အစာအိမ်ကိုသန့်ရှင်စေခြင်း

တမာရွက်ဖျော်ရည်ကိုနေ့စဉ်သောက်သုံးပေးခြင်းကြောင့် အူနှင့်အစာအိမ်ကိုသန့်ရှင်စေနိုင်ပါတယ်။ တမာရွက်ဖျော်ရည်က အစာအိမ်မှ ပိုးကောင်များကို ဖယ်ရှားပေးတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။




၂။ အရေပြားနဲ့ဆိုင်တဲ့ပြဿနာတွေကိုဖယ်ရှားပေးခြင်း

တမာရွက်ဖျော်ရည်သောက်ပေးခြင်းကြောင့် အရေပြားနဲ့ ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာမှာအရေးအကြောင်းတွေဖြစ်လာရင် တမာရိုးနဲ့ သနပ်ခါးကိုတွဲလိမ်းပေးပါက အသာအရေကိုကြည်လင်စေတဲ့အပြင် အရေးအကြောင်းတွေကိုလည်းသက်သာစေနိုင်ပါတယ်။




၃။ အမြင်အာရုံကို ကောင်းမွန်စေခြင်း

တမာရွက်ဖျော်ရည်ကိုသောက်ပေးခြင်းကြောင့် မျက်စိအတွင်းရှိကူးစက်မှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။တမာရွက်ဖျော်ရည်သည် မျက်စိမှာဖြစ်တတ်တဲ့ မျက်စိနာခြင်း၊ ယားယံခြင်းနှင့် နာကျင်မှုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။




၄။ ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေးခြင်း

တမာရွက်ဖျော်ရည်သည် ရောင်ရမ်းခြင်းနျင့် ဖန်းဂတ်စ်နှိမ်နင်းခြင်းဂုဏ်သတ္တိများပါဝင်နေပါတယ်။ ဒါကြောင့်ကိုယ်ခံစွမ်းအားကိုမြှင်တင်ပေးနိုင်ပြီး ပြင်ပကူးစက်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။




၅။ ခံတွင်းကျန်းမာရေးကို ကာကွယ်ပေးခြင်း

ခံတွင်းကျန်းမာရေးအတွက်ကတော့ တမာရိုးကပိုအဆင်ပြေပါတယ်။ တမာရိုးနဲ့ တိုက်ပေးခြင်းက သွားများကိုဖြူဖွေးစေတဲ့အပြင် ခံတွင်းနံ့ကိုလည်းကာကွယ်ပေးပါတယ်။ ခံတွင်းရှိး ကူးစက်မှုအန္တရာယ်ကိုလျှော့ချပေးတဲ့အပြင် တံတွေးထတြွင် အယ်ကာလိုင်းပမာဏတိုးပွားစေပါတယ်။


#တမာ
#ဖျော်ရည်
#ဂုဏ်သတ္တိ
#အစာအိမ်
#စွမ်းအား

Some text some message..