Trichotillomania ဆိုတာဘာလဲ? ဒီဆံပင်ဆွဲနုတ်ချင်တဲ့ရောဂါရဲ့ လက္ခဏာ (၉)ခု
lifestylemyanmar.com
|
2020-08-31



အတန်းထဲမှာ စာကျက်နေရင်း ကိုယ့်ဆံပင်ကိုယ် ဆွဲနုတ်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို မြင်ဖူးပါသလား? ဒါက စိတ်လှုံ့ဆော်မှုကြောင့်ဖြစ်ရတဲ့ ရောဂါတစ်ခုပါ။ များသောအားဖြင့် သူတို့အတွက်တော့ ဒါကစိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ trichotillomania လို့ခေါ်တဲ့ အမွေးဆွဲနုတ်ချင်တဲ့ရောဂါဟာ ဆံပင်၊ မျက်ခုံးနှင့် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပေါက်နေတဲ့ အမွှေးအမျှင်တွေကို ထပ်ခါထပ်ခါ ဆွဲနုတ်ချင်နေတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပြီး မကုသဘဲထားမယ်ဆိုရင် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါက စိတ်ဖိစီးမှု (သို့) စိုးရိမ်စိတ်ရဲ့ တုန့်ပြန်ချက်တစ်ခုဖြစ်ပြီး မိမိကိုယ်ကို သက်သာစေတဲ့ နည်းလမ်းအဖြစ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အချို့သော ဖြစ်ရပ်တွေမှာ trichotillomania ကအိပ်ပျော်နေချိန်မှာဖြစ်ပေါ်ပြီး ဒီလိုခံစားရသူတွေဟာ အိပ်ရာကနိုးလာတဲ့အခါ သူ့တို့ဆံပင်တွေ ဆွဲနုတ်မိတာကို ပြန်သတိမရတတ်ကြပါဘူး။




သုတေသီတွေက trichotillomania ရောဂါဟာ လူဦးရေရဲ့ ဝ.၅ မှ ၂ရာခိုင်နှုန်းအကြားသက်ရောက်ပြီး များသောအားဖြင့် မြီးကောင်ပေါက်အရွယ်မှ စတင်သော်လည်း တစ်ခါတစ်ရံ ကလေးဘဝ၊ လူကြီးဘဝမှ စဖြစ်လေ့ရှိကြပါတယ်။

မြီးကောင်ပေါက်အရွယ်မှာ trichotillomania ဟာ အမျိုးသားနဲ့ အမျိုးသမီးတွေအကြား တူညီစွာ ဖြစ်လာပေမယ့် အရွယ်ရောက်ပြီး အမျိုးသမီးတွေဟာ သက်တူရွယ်တူ အမျိုးသားတွေထက် ဒီအခြေအနေ ပိုရှိတယ်လို့ ဆိုပါတယ်။ ဒါက အမျိုးသမီးတွေ ကြီးပြင်းလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်နိုင်ပါတယ်၊ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေဟာ ရာသီလာခြင်း သံသရာစတင်ချိန်မှာ ဆံပင်ဆွဲနုတ်ဖို့ ပြင်းပြတဲ့ဆန္ဒပိုဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၃လေ့လာမှုမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် trichotillomania ရောဂါလက္ခဏာဟာ ကိုယ်ဝန်ဆောင်စဉ် ပိုဆိုးလာနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ လေ့လာမှုနှစ်ခုလုံးမှာ သုတေသီတွေက ဒီလိုဘာ့ကြောင့်ဖြစ်ရလဲဆိုတာ မဆုံးဖြတ်နိုင်ခဲ့ပါဘူး။

Trichotillomania ရဲ့လက္ခဏာများ

Trichotillomania နဲ့ရင်ဆိုင်နေရသူတွေဟာ အောက်ပါရောဂါလက္ခဏာအချို့ကို ပြသနိုင်ပါတယ်။

၁။ ဆံပင်ဆွဲနုတ်လိုက်ရမှ စိတ်ကျေနပ်သလို (သို့) အာသာပြေသလို၊ သက်သာရာရသလို ခံစားရပါတယ်။

၂။ ခေါင်းအုံးပေါ်မှာ ဆံပင်အလွန်အမင်းကျွတ်ခြင်း (သို့) အထွေးလိုက်ကျွတ်ခြင်းနဲ့ နိုးလာတတ်ပါတယ်။

၃။ ဆံပင်မဆွဲမိအောင် ခုခံတွန်းလှန်ဖို့ ကြိုးစားနေစဉ်မှာ တင်းကျပ်မှုတွေ၊ စိုးရိမ်စိတ်တွေ ခံစားရခြင်း

၄။ ဆံပင်ဆွဲနုတ်ခဲ့တဲ့ နေရာတွေမှာ ကွက်တိကွက်ကြားပြောင်နေတတ်ပါတယ်။

၅။ ဆံပင်ကို ဝါးခြင်း၊ ကစားခြင်း၊ ဆံပင်ကို အလွန်အမင်း လိမ်ခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။

၆။ ဆံပင်ဆွဲခြင်းကြောင့် လူမှုရေးဘဝ (သို့) အလုပ်၊ ကျောင်းမှာ ပြဿနာတွေ ကြုံရခြင်း(သို့) စိတ်ပင်ပန်းခြင်း၊ လူမှုရေးစိုးရိမ်မှု ပြဿနာတွေဖြစ်ခြင်း

၇။ ဆံပင်အတင်းဆွဲနုတ်မှုကြောင့် နုတ်တဲ့နေရာ (သို့) ဦးရေပြားယားယံခြင်း

၈။ ဆံပင် အဖျားတွေ ကွဲထွက်ခြင်း

၉။ ဆံပင်ပါးခြင်း

Trichotillomania ဖြစ်ပွားရတဲ့ အကြောင်းရင်းများ နှင့်အန္တရာယ်အချက်များ

Trichotillomania ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျမသိရသေးသော်လည်း သိပ္ပံပညာရှင်များ၊ စိတ်ရောဂါအထူးကုနဲ့ စိတ်ပညာရှင်တွေက ရောဂါအခြေအနေကို အထောက်အပြုတဲ့ မျိုးရိုးဗီဇနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို လေ့လာခဲ့ကြပါတယ်။

၁။ မိသားစုရာဇဝင်

trichotillomania ခံစားနေရတဲ့ အခြားသူတွေနဲ့ ဆွေမျိုးနီးစပ်ရှိသူတွေဟာ ရောဂါအခြေအနေကို ကြုံတွေ့ရနိုင်ချေများပါတယ်။ trichotillomania ဟာ စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေကို စီမံရာမှာ ပါဝင်တဲ့ ဧရိယာတွေကို ချိတ်ဆက်ထားသော ဦးနှောက်လမ်းကြောင်းတွေနဲ့ ဆက်နွယ်မှုရှိနိုင်တာကြောင့် ဒါက မျိုးရိုးလိုက်နိုင်ပါတယ်။

၂။ အခြားစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး မူမမှန်မှုများ

trichotillomaniaဟာ စိတ်ကျရောဂါနဲ့ တွဲဖက် ဖြစ်ပွားလေ့ရှိတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ သူတို့ရဲ့ သက်ရောက်မှုနဲ့ ကုသမှုက ကွဲပြားသော်လည်း OCD ဟာ trichotillomania နှင့် ဆက်စပ်နေတဲ့ အခြားအခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သော သုတေသနများအရ trichotillomania ဟာ OCD ရှိနေတဲ့ အိမ်ထောင်စုတစ်ခုမှာ မြှင့်တတ်လာနိုင်ချေရှိသော တုံ့ပြန်မှုဖြစ်ပါတယ်။




၃။ အသက်အရွယ်

ကလေးတွေဟာ နို့စို့အရွယ်မှာ ဆံပင်မွှေးဆွဲတဲ့အကျင့်ရှိပေမယ့် ဒါကို မြီးကောင်ပေါက်အရွယ်မှာ ဖွံ့ဖြိုးတဲ့ trichotillomania နဲ့ရောထွေးလို့မရပါဘူး။ များသောအားဖြင့် အသက် ၁၀နှစ်မှ ၁၃နှစ်အတွင်း အများဆုံးဖြစ်လေ့ရှိပြီး တသက်လုံးစွဲသွားတတ်ပါတယ်။




၄။ စိတ်ဖိစီးမှု

trichotillomania နဲ့ပတ်သတ်တဲ့ သုတေသနအားနီးပါးမှာ ဆံပင်ဆွဲခြင်းကို ယာယီစိတ်သက်သာစေဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းကြောင့် ဒီရောဂါဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုက အလုပ်မှ လူမှုဘဝအထိ၊ အိမ်တွင်းပြဿနာတွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။




trichotillomania ဟာ စိတ်မသက်မသာ ဖြစ်စေသော ရောဂါဖြစ်တာကြောင့် ဒီအလေ့အထကို ထိန်းချုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်ပြီး မအောင်မြင်မှ ဆရာဝန်ဖြင့် သွားပြသပါ။

Lifestyle_Myanmar
LM_Nandar


Source-yourtango




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#ဆံပင်
#ရောဂါ
#စိတ်ဖိစီးမှု
#လေ့လာမှု
#Lifestyle

Some text some message..