
မင်းကွတ်သီးကို အာရှမှာ ''သစ်သီးတို့ရဲ့ မိဖုရား'' ၊ ပြင်သစ်မှာ ''ဘုရား သခင်ရဲ့ အာဟာရ'' စသဖြင့် ခေါ်ဆိုကြတယ် ဆိုတာ သင်သိပါရဲ့လား။ မင်းကွတ်သီးကို နာမကျန်းမှုတွေကို ကုသဖို့ သုံးနိုင်ပြီး ထူးကဲတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တာကြောင့် အရှေ့တောင် အာရှမှာ နှစ်ပေါင်း လေးရာကျော်လောက် ကတည်းက လက်ခံလာခဲ့ကြပါတယ်။ မင်းကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုး ပါဝင်တယ်လို့ သိပြီး နောက်ပိုင်းမှာ လူကြိုက် များလာခဲ့ပါတယ်။
(၁) မင်းကွတ်သီးရဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိကို လေ့လာ တွေ့ရှိပြီးတဲ့ နောက်မှာ ORAC လို့ အမည်ရတဲ့ ဓာတ်ခွဲခန်း လေ့လာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒီအခါမှာ တွေ့ရှိခဲ့ ရတာက မင်းကွတ်သီးမှာ ''မကောင်း တဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက် နိုင်တဲ့ အစွမ်းထက် အာနိသင်'' တွေရှိနေတယ် ဆိုတဲ့ အချက်ပါ။
(၂) မင်းကွတ်သီး ထဲမှာ ပါတဲ့ Xanthone ဟာ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယားနဲ့ အသည်း အဆိပ်သင့်စေတဲ့ အရာတွေကို ဆန့်ကျင်ပေးနိုင်တဲ့ အကောင်းဆုံး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။
(၃) မင်းကွတ်သီးရဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်တွေကြောင့် တင်ပါးရိုး အာရုံကြော နာကျင်မှုကို သက်သာစေ ပါတယ်။
(၄) မင်းကွတ်သီး အရည်ဟာ နှလုံးသွေးကြော မာကျော ကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာ အပါအဝင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ထိထိရောက်ရောက် ကုသမှုပေးနိုင်ပါတယ်။
(၅) နေ့စဉ် အသုံးဝင်ပုံ အနေနဲ့ မင်းကွတ်သီးကို မာလ်တီ ဗီတာမင်နဲ့ သတ္တုဓာတ် အားဆေးနဲ့ တွဲသောက်ရင် အကောင်းဆုံး အားဖြည့် ပေးနိုင်ပါတယ်။
(၆) မင်းကွတ်သီးမှာပါတဲ့ ဖိုင်တိုနျူးထရီးရန့်တွေက ခုခံအားစနစ် ကောင်းစေတဲ့အရာတွေ ဖြစ်ပါတယ်။
(၇) မင်းကွတ်သီးမှာ ကင်ဆာ ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Garcinone E လို့ ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းကွတ်သီး တစ်မျိုးထဲ မှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။
(၈) မင်းကွတ်သီးဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်စွမ်း ရှိတယ်လို့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ဆိုပါတယ်။ မင်းကွတ်သီးထဲမှာ ပါတဲ့ Xanthone ဟာ HIV ဗိုင်းရပ်စ်တွေ ပွားများနိုင်စွမ်း မရှိအောင် ဟန့်တား ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။
(၉) မင်းကွတ်သီးမှာ အစွမ်းထက် ကင်ဆာ ဆန့်ကျင်ပေးတဲ့ Polysaccharides နဲ့ ဘက်တီးရီးယား ဆန့်ကျင်ပေးတဲ့ အပင်ထွက် ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။
(၁ဝ) မင်းကွတ်သီးမှာ ပါတဲ့ ဘက်တီးရီးယား ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ဟစ်စတာမင်း တားဆီး နိုင်စွမ်းကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ သူတွေ အတွက် ကောင်းကျိုး ရှိပါတယ်။
(၁၁) မင်းကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက ၄ဝကျော် ပါဝင်ပါတယ်။ Xanthone မှာ အနာကျက်စွမ်းအင် ရှိတာကြောင့် လူ့ ခန္ဓာကိုယ်ထဲက အင်္ဂါ စနစ်တိုင်းကို ကျန်းမာစေ ပါတယ်။
(၁၂) မင်းကွတ်သီး ထဲက အစွမ်းထက် ဒြပ်တွေက အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းစေပြီး ခုခံအားစနစ်ကို သန်စွမ်းစေကာ အရိုးနုတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် အသက်ရှူ လမ်းကြောင်းစနစ်ကို ကျန်းမာစေ ပါတယ်။
(၁၃) မင်းကွတ်သီးမှာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှု အမျိုးမျိုးကို တွန်းလှန်နိုင်တဲ့ အာနိသင် ရှိတယ်လို့ အိန္ဒိယ လေ့လာသူတွေက ဆိုပါတယ်။ ရုတ်တရက် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုရော တာရှည် ဖြစ်တတ်တဲ့ ရောင်ရမ်းမှုကိုပါ လျော့ကျစေပါတယ်။
(၁၄) မင်းကွတ်သီးထဲက ကွီနုံးဟာ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးနိုင်စွမ်း ရှိပါတယ်။
(၁၅) မင်းကွတ်သီးတွင် အိုမင်းမှုကို တားဆီးပေးတဲ့ အစွမ်းရှိကာ အဆစ်ကို ပျော့ပျောင်း နိုင်စွမ်းရှိစေပြီး မူးဝေတာကို သက်သာစေပါတယ်။ ဝမ်းလျှောတာကနေ ကင်ဆာအထိ သက်သာစေတဲ့ အာနိသင် ရှိပါတယ်။
(၁၆) မင်းကွတ်သီးဟာ သွေးခဲတဲ့ ဖြစ်စဉ်ကို အဟန့်အတား မဖြစ်စေဘဲ အစာအိမ် အနာကို သက်သာစေပါတယ်။
(၁၇) မင်းကွတ်သီးမှာ အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန် ရောဂါတို့ကို ကာကွယ် ပေးနိုင်စွမ်းလည်း ရှိနေပါတယ်။
Credit: