ဆေးဝါးတွေကို ကြိတ်ခြေသောက်ခြင်းရဲ့ အန္တရာယ် (၅)မျိုး
lifestylemyanmar.com
|
2020-09-03



ဆေးတွေကို ကြိတ်ခြင်းက ဆေးသောက်ရ ပိုလွယ်အောင်လုပ်တတ်တဲ့ အလေ့အကျင့်တစ်ခုပါ။ သို့သော် ဆေးဝါးရဲ့ အာနိသင်ကို ပြောင်းလဲစေတာကြောင့် ဆေးက ထိရောက်မှုနည်းသွားပါတယ်။ အကောင်းဆုံးကတော့ ဆေးတွေကို ပုံစံမပြောင်းဘဲ သောက်သင့်ပါတယ်။ ဆေးဝါးအများစုဟာ ဆေးပြား၊ ဆေးတောင့်၊ ဆေးလုံးတွေဖြစ်တာကြောင့် မျိုချဖို့ သိပ်ခက်လွန်းရင် အချို့လူတွေက ချိုးဖဲ့ပြီး(သို့) အမှုန့်ကြိတ်ပြီးသောက်တတ်ကြပါတယ်။ ဆေးဝါးတွေကို ကြိတ်ခွဲတာက ဘာ့ကြောင့် မကောင်းတာလဲ?

၁။ ဆေးအာနိသင် ဆုံးရှုံးပါတယ်

မျိုချဖို့ ခက်ခဲတာက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက် ပြဿနာတစ်ခုဖြစ်ပါတယ်။ တစ်ချို့က ဆေးပြားတွေကို အမှုန့်ကြိတ်ပြီးသောက်သလို တစ်ချို့က ဆေးတောင့်တွေကို ဖွင့်သောက်တတ်ကြပါတယ်၊ ဒါက ပါဝင်ပစ္စည်းတွေရဲ့ တည်ငြိမ်မှုကို သိသိသာသာ ပြောင်းလဲစေပါတယ်။ ဒါက ဆေးရဲ့ထိရောက်မှုကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။ ဒါ့အပြင် အရသာလည်းကောင်းမှာ မဟုတ်ပါဘူး။




၂။ ဆေးပမာဏ အမှားဖြစ်စေပါတယ်

ယေဘုယျစည်းမျဉ်းအရဆိုရင် ချိုးဖို့ အရာပေးထားတဲ့ ဆေးပြားတွေကိုသာ ခွဲနိုင်ပါတယ်။ သို့သော် သူတို့ရဲ့ ပုံသဏ္ဍန်၊ အရွယ်အစား(သို့) အပေါ်ယံလွှာကြောင့် ချိုးလိုက်တဲ့အခါ အမြဲတမ်းတော့ တိတိကျကျ ဖြစ်မှာ မဟုတ်ပါဘူး။ ဥပမာ- ဆေးတစ်ပြားကို ခြမ်းပြီး မနက်/ည နှစ်ခါခွဲသောက်မယ်ဆိုရင် active ingredient ရဲ့ဖြန့်ဖြူးမှုက ဆေးနှစ်ခြမ်းမှာ တူညီမယ်လို့ မသေချာပါဘူး။ တစ်ခြမ်းက သေးပြီး တစ်ခြမ်းက ကြီးနေတာမျိုးက လိုအပ်တဲ့ ဆေးပမာဏကို မရရှိစေဘဲ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆေးပြားတွေကို ညီမျှအောင် ဖြတ်တောက်ဖို့ လိုပါတယ်။




၃။ active ingredient ထုတ်လွှတ်မှုမှာ ပြောင်းလဲစေနိုင်ပါတယ်

ဆေးဝါးတွေကို ကြိတ်ခြေခြင်းက ဆေးပမာဏကို သိသိသာသာပြောင်းလဲစေနိုင်ပါတယ်။ ဒါက ဆေးရဲ့ active ပါဝင်ပစ္စည်း ထုတ်လွှတ်မှုနှင့် စုပ်ယူမှုဆိုင်ရာ ဝိသေသလက္ခဏာတွေကို သက်ရောက်စေနိုင်ပါတယ်။ ထို့အပြင် ဒါက ဘေးထွက်ဆိုးကျိုးတွေကို တိုးပွားစေနိုင်ပါတယ်။ (သို့) ဆေးဝါးရဲ့ အာနိသင်မှာ ပြဿနာတွေ ရှိနိုင်ပါတယ်။

ဆေးဝါးတွေမှာ သင့်ခန္ဓာကိုယ်က ဆေးတွေကို တချို့နည်းလမ်းတွေနဲ့ စုပ်ယူနိုင်အောင် special coating လုပ်ထားတာ ရှိပါတယ်။ ဒီဖုံးအုပ်မှုအမျိုးအစားက active ingredient ရဲ့ထုတ်လွှတ်မှုနှုန်းနဲ့ ဆေးဝါးရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။ ကြေမွပစ်လိုက်တဲ့အခါ active ingredient ထုတ်လွှတ်ပုံကို ပြောင်းလဲစေပါတယ်။




၄။ စုပ်ယူမှုရဲ့ ပြုပြင်မွမ်းမံခြင်း

အချို့သော ဆေးပြားတွေမှာ enteric လို့ခေါ်တဲ့ coating ရှိပါတယ်။ ဒါက ဆေးဟာ အစာအိမ်ကို နဂိုအတိုင်းဖြတ်သွားမှာကို သေချာစေပါတယ်။ ပြီးတော့ အူအတွင်းမှာ active ingredient ကိုထုတ်လွှတ်ပါတယ်။

ဒီနည်းလမ်းဖြင့် ၎င်းက အစာအိမ်နံရံ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနှင့် အစာအိမ်အက်ဆစ်ရဲ့ သက်ရောက်မှုကို ကာကွယ်ပေးပါတယ်။ အစာအိမ်အက်ဆစ်တွေက active substance တွေကို ဖျက်စီးပစ်နိုင်ပါတယ်။ ဆေးလုံးကို ကြိတ်လိုက်တဲ့အခါ enteric coating ကပြောင်းလဲသွားပြီး ၎င်းရဲ့ အလုပ်လုပ်ပုံကို ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ထို့အပြင် အစာအိမ်ကို နာကျင်စေပြီး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၅။ ကိုင်တွယ်တဲ့နေရာမှာ အန္တရာယ်ရှိပါတယ်

ကြိတ်ခြေထားတဲ့ ဆေးဝါးတွေရဲ့ အားနည်းချက်တစ်ခုက အမှုန်တွေ လေထဲမှာ ပျံ့နှံစေပြီး သူတို့ကို ကိုင်တွယ်သူမှ ရှုရှိုက်မိနိုင်ပါတယ်။ အချို့ဆေးဝါးတွေဟာ mucosa ကို အနှောက်အယှက်ဖြစ်စေနိုင်တာကြောင့် ကိုင်တွယ်တဲ့လူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်၊ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ဆောင်ဖို့ စီစဉ်နေရင် အချို့သောဆေးတွေက သန္ဓေသားမှာ ချွတ်ယွင်းချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-steptohealth



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#ဆေးဝါး
#ဆေးပြား
#အစာအိမ်
#ဆေးတောင့်
#Lifestyle

Some text some message..