သားအိမ် ကျန်းမာရေးကောင်းမွန်စေဖို့အတွက် စားပေးသင့်တဲ့ အစားအစာများ
myanmaplatform.com
|
2020-09-09



အမျိုးသမီးတစ်ယောက်အရွယ်ရောက်လာပြီဆိုရင် သားအိမ် ကျန်းမာရေးကိုလည်း မဖြစ်မနေ ဂရုစိုက်သင့်ပါတယ်။သားအိမ် ကျန်းမာရေး သာ မကောင်းဘူးဆိုရင် စိတ်ညစ်ရစရာ သိပ်ကိုကောင်းလွန်းလှပါတယ်။ဒါကြောင့် မို့ အမျိုးသမီးတွေအနေနှင့် သားအိမ် ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် စားပေးသင့်တဲ့ အစားအစာများ အကြောင်းကို ပြောပြပေးလိုက်ပါတယ်။ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်။

Green Tea




ဂရင်းတီးဟာ အန်တီအောက်စီးဒန့် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အရည်တစ်မျိုးပါ။ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတာကြောင့်လည်း ဂျပန်လူမျိုးတွေက တိုင်းရင်းဆေးအဖြစ် သောက်သုံးလေ့ရှိပါတယ်။သားအိမ်ရဲ့ လှုပ်ရှားမှုများကိုလည်း မှန်ကန်စေတာကြောင့် ဂရင်းတီးကို နေ့စဉ် ပုံမှန်သောက်သုံးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်များ




ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်များ ကလည်း သားအိမ်ကျန်းမာရေး အတွက် အထောက်အကူပြုတာကို တွေ့ရပါတယ်။ ဒီလိုအာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်က သားအိမ်တွင်း လုပ်ဆောင်ချက်များကို အားကောင်းစေပါတယ်။ ဟင်းသီးဟင်ရွက်တွေကို များများစားသုံးပေးခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်နိုင်ရုံတင်မကဘဲ ကျန်းမာသွက်လက်စေပါတယ်။

အသီးအနှံများ




သစ်သီးတော်တော်များများမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်နဲ့ Bioflavonoids က သားအိမ်ရဲ့ ဆဲလ်တစ်ရှူးများကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မ ဟော်မုန်း Level ကိုလည်း ပုံမှန်အတိုင်း ဖြစ်အောင် ထိန်းချုပ်ပေးနိုင် တာကြောင့် သားအိမ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သရေစာတွေကို စားသုံးမယ့်အစား သစ်သီးကိုအစားထိုးစားသုံးဖို့ အကြံပြုပါရစေ။

နို့နှင့် နို့ထွက်ပစ္စည်းများ




သားအိမ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ နောက်ထပ်အစားအစာကတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတာတွေပဲ ဖြစ်ပါတယ်။ ဒိန်ချဉ်က အမျိုးသမီးများ လစဉ်ဓမ္မတာလာချိန်အတွင်း နာကျင်ကိုက်ခဲမှုဝေဒနာကိုတောင် ပျောက်ကင်းသက်သာစေပါတယ်။ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးနိုင်ပြီး သားအိမ်ကို ဒုက္ခပေးမယ့် အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အတွက် အမျိုးသမီးတိုင်း စားသုံးသင့်တဲ့ အစားအစာတစ်မျိုးပါပဲ။


#သားအိမ်
#ကျန်းမာရေး
#ဟင်းသီးဟင်းရွက်
#အထောက်အကူ
#သစ်သီး

Some text some message..