အိမ်က ကြောင်လေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်လို့ လုံး၀ မကျွေးသင့်တဲ့ အရာများ
auntymay.com
|
2020-09-12

အရသာ (၆) ပါးထဲမှာ ကြောင်လေးတွေက အချိုအရသာကို ခံစားလို့မရပါဘူးတဲ့ ။ ဒါ့အပြင် တစ်ချို့အစားအစာတွေက သူတို့အတွက် အရသာခံစားမှုမရကြတဲ့အပြင် အန္တရာယ်ပါဖြစ်စေပါတယ် ။ ကြောင်ပိုင်ရှင်လေးတွေအနေနဲ့ ကိုယ့်ကြောင်လေးတွေ အသက်ရှည်ကျန်းမာအောင်စောင့်ရှောက်နိုင်ဖို့ သူတို့လေးတွေနဲ့ မတည့်တဲ့ အစားအစာလေးတွေကိုမှတ်ထားဖို့လည်းလိုပါတယ်နော်။ ကြောင်လေးတွေအတွက် အစာအဆိပ်အတောက်ဖြစ်စေလို့ လုံးဝမကျွေးသင့်တဲ့ အစားအစာတွေကတော့ …

(၁) နို့နဲ့ နို့ထွက်ပစ္စည်းများ

shutterstock By BeautifulPicture

ကြောင်လေးတွေက နွားနို့တွေ ၊နို့ထွက် ထုတ်ကုန်အစားအစာတွေကို သိပ်ကြိုက်ကြပေမယ့် သူတို့လေးတွေအတွက် အစာမကျေဖြစ်တာနဲ့ အန်တာတွေ ၊ ခေါင်းမူးစေတာတွေကိုဖြစ်စေလို့မကျွေးသင့်ပါဘူး။ ရေဆာရင် ရေပဲတိုက်ပေးပါနော်

(၂) ချောကလက် ၊ သကြားလုံးများ


ကြောင်လေးတွေ ချောကလက်စားမိရင် သူမှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ theobromine ဓာတ်တွေကြောင့် အဆိပ်ဖြစ်စေပြီး အသည်းကိုပါသိခိုက်နိုင်ပါတယ်။ သကြားလုံးတွေကိုလည်း လုံးဝမကျွေးသင့်ပါဘူးနော်

(၃) အသားစိမ်း ၊ ငါးစိမ်း

shutterstock By Natalia Sokko

အသားစိမ်းတွေမှာပါတဲ့ ဘက်တီးရီးယားတွေ ၊ ကပ်ပါးတွေကြောင့် ကြောင်လေးတွေ စားမိရင် ရောဂါအမျိုးမျိုးရနိုင်ပါတယ်။

(၄) ကြက်ဥအစိမ်း

shutterstock By Mercury Green

ကြက်ဥအစိမ်းလည်း လုံးဝမကျွေးသင့်ပါဘူး။ ဘက်တီးရီးယားတွေကြောင့် ကြောင်လေးတွေရဲ့ အူနံရံကို အန္တရာယ်ဖြစ်စေတဲ့အပြင် ကြက်ဥမှာပါတဲ့ ပရိုတင်း ဓာတ်ကြောင့် ဗီတာမင်ချို့တဲ့မှုတွေပါ ဖြစ်စေနိုင်လို့ပါ။ အစိမ်းအစား ပြုတ်ပြီးတော့ ထမင်းနဲ့နယ်ကျွေးနိုင်ပါတယ်။

(၅) စပျစ်သီး


ကြောင်လေးတွေ စပျစ်သီးစားမိရင် ကျောက်ကပ်ပျက်စီးနိုင်တာကြောင့် မကျွေးသင့်ပါဘူးနော်။

(၆) အစေ့အစံများ


အစေ့အစံတွေမှာ အဆီဓာတ်ပါဝင်တာများတဲ့အတွက် ကြောင်လေးတွေကို အဝလွန်စေနိုင်ပါတယ်

(၇) မှို


မှိုတွေကတော့ အခန့်မသင့်ရင် လူတွေတောင်မှ အစာအဆိပ်သင့်စေနိုင်လို့ ကြောင်လေးတွေကိုတော့ လုံးဝမကျွေးပါနဲ့နော်

(၈) ခရမ်းချဉ်သီး

shutterstock By Icatnews

ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဓာတ်တွေက ကြောင်လေးတွေကို အစားစားချင်စိတ်လျော့စေပြီး အန်တာ ၊ အစာမကျေတာနဲ့ တစ်ခြားရောဂါတွေပါဖြစ်စေပါတယ်။

Kay Khine


#အစိမ်း
#သကြားလုံး
#ကြက်ဥ
#အစာ
#စပျစ်သီး

Some text some message..