ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေး နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံကြီးသုံးရုံ၌ တပ်ဆင်ထားရှိ
mmtimes.com
|
2020-09-15



ကိုဗစ် သံသယလူနာအား စစ်ဆေးမှုပြုလုပ်နေစဉ်

ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေး နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံကြီးသုံးရုံ၌ တပ်ဆင်ထားရှိ

တနင်္သာရီတိုင်း အတွင်းရှိ ခရိုင် သုံးခုမှ ပြည်သူ့ဆေးရုံကြီးတို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိ၊ မရှိစစ် ဆေးနိုင်သည့် စက်သုံးလုံးကို တပ်ဆင်ထားကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် အဆိုပါစက်များကို မြိတ်၊ ထားဝယ်နှင့်ကော့သောင်း မြို့ နယ်ရှိ ပြည်သူ့ဆေးရုံတို့၌ တပ်ဆင် ထားခြင်း ဖြစ်သည်။

''အရင်တုန်းကဆိုရင် ဖျားနာတဲ့ လူနာဆေးရုံတက်လာရင် သမားတော် က ကိုဗစ်ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆို တာကို ဓာတ်မှန်နဲ့ပဲ ကြည့်ပြီးဆုံးဖြတ်ပြီးတော့ ကန့်သတ်စောင့်ကြည့်ဆောင်၊ သီးခြား လူနာဆောင်နဲ့ဆေးရုံလူနာ ဆောင်မှာထားမလား ဆုံးဖြတ်ရတယ်။ အဲဒီလိုမျိုး ဆုံးဖြတ်ရတာ နည်းနည်း အန္တရာယ်များတယ်။ အခုဆိုရင် သီး ခြားလူနာဆောင်မှာ ထားပြီး ဒီလူနာကို ဓာတ်ခွဲနမူနာ တစ်ခါတည်း စစ်မယ်။ ရှိရင် သီးခြားလူနာဆောင်မှာ ဆက်ထား မယ်။ မရှိရင် တစ်ခါတည်းဆေးရုံအ ဆောင်ထဲ ပို့လို့ရတယ်။ အဲဒီအတွက် ဆေးရုံတက်တဲ့ လူနာတွေအတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်'' ဟု မြိတ်ပြည်သူ့ဆေးရုံရောဂါဗေဒ အထူးကု ဆရာဝန်ကြီး ဒေါက်တာ လမင်းစိုးက ပြောသည်။

လက်ရှိတွင် မြိတ်ပြည်သူ့ဆေးရုံ ကြီးရှိ ဝန်ထမ်း ၁ဝ ဦးကို စတင်စမ်း သပ်စစ်ဆေးခဲ့ကာ ပြည်သူ့ဆေးရုံသို့ ဖျားနာလူနာများ ရောက်ရှိလာပါက ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိ၊မရှိ စစ် ဆေးဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

''ဖျားနာပြီး ရောက်လာတဲ့ လူနာ တွေကို စစ်ဖို့က အဓိကပါပဲ။ ဆေးရုံမှာ ဖျားပြီးလာပြတယ်။ အဲဒီလူနာကို ကိုဗစ်- ၁၉ သံသယရှိရင် နမူနာယူပြီး စစ်မယ်။ မြိတ်မြို့နယ်ပဲဖြစ်ဖြစ်၊ မြိတ်ခရိုင်ပဲ ဖြစ် ဖြစ် ဖျားပြီးလာတဲ့ လူနာတွေ အားလုံးကို စစ်ပေးဖို့ တာဝန်ရှိတယ်။ ကန့်သတ် စောင့်ကြည့်ရေးစခန်းမှ စောင့်ကြည့်သူ တွေကို ဓာတ်ခွဲနမူနာရယူပြီး မော်လမြိုင် ပို့ စစ်ရပါ့မယ်။ ဆေးရုံမှာက ဖျားနာ လူနာတွေရောက်လာရင် စစ်ဆေးရပါ မယ်''ဟု ဒေါက်တာလမင်းစိုးက ထပ် လောင်းပြောကြားသည်။

အဆိုပါ စက်မှာGene Xpert စက်ဖြစ်ပြီး ယင်းစက်နှင့်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြသည့် ဖျားနာလူနာများ သာစစ်ဆေးမည်ဖြစ်ပြီး စက်မှာ တစ်ခါ စစ်ဆေးပါက လူနှစ်ဦးသာ စစ်ဆေးနိုင် ကာ စစ်ဆေးချိန် တစ်နာရီကြာမည် ဖြစ်ပြီး တစ်နေ့လျှင် ၁ဝ ဦးအထိသာ စစ်ဆေးနိုင်မည်ဖြစ်သည်။


#လူနာ
#မြိတ်
#ဆေးရုံ
#ပြည်သူ့
#နမူနာ

Some text some message..