သင့်မျက်လုံးအရောင်က ပြောပြမယ့် သင့်ကိုယ်ရည်ကိုယ်သွေးအကြောင်း
lifestylemyanmar.com
|
2020-09-15



မျက်လုံးတွေဟာ လူတစ်ဦးရဲ့ စိတ်ဝိညာဉ်ရဲ့ ပြတင်းပေါက်တစ်ခုဖြစ်ကြောင်းနှင့် လူတစ်ဦးရဲ့ ပင်ကိုယ်စရိုက်ထွက်ပေါက်တစ်ခုဖြစ်ကြောင်း လေ့လာမှုတစ်ချို့က ဆိုကြပါတယ်။ ဒီကနေ့မှာတော့ မျက်လုံးအရောင်ကို ကြည့်ပြီး ကိုယ်ရည်ကိုယ်သွေးတွေကို ထုတ်ဖော်နိုင်တဲ့အကြောင်းကို မျှဝေပေးပါ့မယ်။

၁။ Dark-brown မျက်လုံးများ




Dark-brown အရောင်နဲ့ မျက်လုံးပိုင်ရှင်တွေဟာ ပုံမှန်အားဖြင့် အနက်ရောင်လို့ထင်ရပေမယ့် အရှားပါးဆုံးအရောင်တွေထဲမှာ ပါဝင်ပါတယ်။ ဒီလိုလူတွေဟာ သဘာဝအားဖြင့် ခေါင်းဆောင်အဖြစ် မွေးဖွားလာကြတာဖြစ်ပြီး ယေဘုယျအားဖြင့်တော့ နှစ်လိုဖွယ်ရာမျက်လုံးပိုင်ရှင်တွေပါပဲ။

ဒါ့အပြင် ပိုမိုနက်မှောင်သော မျက်လုံးရှိသူတွေဟာ အားကစားမှာ ပိုမိုထူးချွန်ကြပါတယ်။ ဥပမာ – တင်းနစ်လိုမျိုး တစ်ခုခုကို အာရုံစိုက်ပစ်မှတ်ထားရတဲ့အရာမျိုးတွေမှာပေါ့။ melanin ဆိုတာ insulator နှင့် ဦးနှောက်ဆဲလ်တွေအကြား ဆက်သွယ်မှုအတွက် လုပ်ဆောင်ပါတယ်။ melanin များလေလေ ဦးနှောက်အလုပ်တာပိုမြန်လေလေဖြစ်ပါတယ်။

၂။ အညိုရောင်မျက်လုံးပိုင်ရှင်




ဒီမျက်လုံးအရောင်ဟာ တစ်ကမ္ဘာလုံးမှာ လူတွေအများဆုံးပိုင်ဆိုင်ထားကြတဲ့မျက်လုံးအရောင်ဖြစ်ပါတယ်။ Prague တက္ကသိုလ်ရဲ့ အဆိုအရ မျက်လုံးညိုသူတွေဟာ သစ္စာစောင့်သိသူ၊ ယုံကြည်စိတ်ချရသူ၊ နူးညံ့သိမ်မွေ့သူနှင့် လေးစားတတ်သူ သို့ပေမယ့် ကျိုးနွံနာခံတတ်တဲ့သဘောမှာတော့ မရှိဘူးလို့ ပြောခဲ့ကြပါတယ်။

၃။ အပြာရောင်မျက်လုံးပိုင်ရှင်




လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အညိုရောင်မျက်လုံးကနေ mutation ကြောင့် အပြာရောင်မျက်လုံးအရောင်တွေထွက်လာကြတယ်လို့ ဆိုကြပါတယ်။ ဒီလိုမျက်လုံးအရောင်ရှိသူတွေရဲ့ အကောင်းဆုံးစရိုက်တွေကတော့ အတွင်းပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားတွေဖြစ်ပါတယ်။ သို့ပေမယ့် လူတွေကတော့ မမြင်တတ်ကြပါဘူး။

လူ့အဖွဲ့အစည်းကတော့ မျက်လုံးပြာတွေကို ယုံကြည်စိတ်ချထိုက်သူ၊ ရှက်တတ်သူ (သို့) အားနည်းသူတွေလို့ ယူဆကြပါတယ်။ သုတေသီတွေကတော့ အပြာရောင်မျက်လုံးပိုင်ရှင်တွေကို ‘ယှဉ်ပြိုင်ခြင်း’ နှင့် ‘အတ္တဆန်သူ’ တွေအဖြစ် ပြောတတ်ကြပါသေးတယ်။

၄။ မီးခိုးရောင်မျက်လုံးများ




မီးခိုးရောင်မျက်လုံးတွေဟာလည်း dark-brown မျက်လုံးတွေလိုပဲ ရှားပါးမျက်လုံးအမျိုးအစားဖြစ်ပါတယ်။ သူတို့လိုအပ်တဲ့အရာတွေကို မူတည်ပြီး မတူကွဲပြားတဲ့အရာတွေဖြစ်နိုင်ပါတယ်။ မီးခိုးရောင်မျက်လုံးပိုင်ရှင်တွေဟာ သူတို့နေထိုင်လိုတဲ့ဘဝတစ်ခုကို ရရှိဖို့ အနည်းငယ်တော့ ခက်ခက်ခဲခဲအလုပ်လုပ်ဖို့ လိုပါလိမ့်မယ်။

၅။ Hazel အရောင်မျက်လုံးများ




ဒီလိုမျက်လုံးပိုင်ရှင်တွေဟာ အထူးအဆန်းကြီးတော့လည်း မဟုတ်ပါဘူး။ ဒီလိုမျက်လုံးပိုင်ရှင်တွေကို ငယ်စဉ်ကတည်းက ထူးခြားတယ်လို့ မကြာခဏပြောခံရလေ့ရှိကြပါတယ်။ Hazel မျက်လုံးပိုင်ရှင်တွေရဲ့ စိတ်ကို ဖတ်ဖို့၊ နားလည်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒီလိုမျက်လုံးအမျိုးအစားဟာ တစ်ယောက်နဲ့ တစ်ယောက်လည်း ကွဲပြားပြီး မျက်လုံးအတွင်းမှာ melanin ပမာဏလည်း အရမ်းအားနည်းပါတယ်။ ဒါ့ကြောင့်လည်း ကိုယ်ရည်ကိုယ်သွေးအမျိုးအစားတွေကို အကဲခတ်ဖို့ မလွယ်တာပါ။ သို့ပေမယ့် တူညီတဲ့အရာတစ်ခုက ၎င်းတို့မှာ မျှတသော ကိုယ်ရည်ကိုယ်သွေးရှိပြီး အစွန်းရောက်ခြင်းကို ဘယ်တော့မှ ပြုလုပ်မယ့်သူတွေမဟုတ်ပါ။

၆။ အစိမ်းရောင်မျက်လုံး




လူအများစုကတော့ ဒီလိုမျက်လုံးပိုင်ရှင်မျိုးကို လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြပါတယ်။ မျက်လုံးစိမ်းရောင်တွေဟာ MELANIN တွေညီမျှကြပါတယ်။ သူတို့ဟာ ကြိုတင်ခန့်မှန်းလို့မရသလို၊ ဖန်တီးခြင်းနှင့် ဖိအားတွေနောက်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်ခြင်းစတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref- fabiosa


#မျက်လုံး
#ပိုင်ရှင်
#အရောင်
#မီးခိုးရောင်
#အပြာရောင်

Some text some message..